Friday 17 August 2012

ဘင်္ဂါလီလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လုံးဝမဟုတ်ကြောင်း ပါကစ္စတန်နိုင်ငံ ဘလော့ဂါ Faraz Ahmed ကပြောပြီ


“အင်တာနက်စာမျက်နှာပေါ်မှာ ဘင်္ဂါလီလူမျိုးနဲ့ပတ်သက်ပြီး မြန်မာကို စွတ်စွဲ ရှုံးချတဲ့ ဓာတ်ပုံတွေက လုပ်ကြံဖန်တီးထားပါတယ်၊ လုံးဝကို လိင်လည်ထားတာကို တွေ့ရပါတယ်။”



သိပ်ရယ်စရာကောင်းတာတော့ တူရကီ နိုင်ငံခြားရေးဝန်ကြီး နှင့် အကျဉ်းထောင်ကျနေတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင် ပြောတာနဲ့တော့ လုံးဝတခြားစီဖြစ်နေတာပါပဲ။

စာနာထောက်ထားတက်ပြီး ပညာတတ် မွတ်ဆလင်တွေကတော့ သူတို့လို မြန်မာကို ဆန့်ကျင်တဲ့
ပညာမဲ့ ထုတ်ပြန်ချက်မျိုးကို ဘယ်တော့မှ ထုတ်ပြန်ခြင်းမရှိကြပါဘူး။

တူရကီ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်မရောက်ခင်မှာ မြန်မာမှာ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုရှိတယ်လို့ ပြောခဲ့တယ်၊ ဒါဟာ လုံးဝကို မှားပါတယ်။ အင်ဒိုနီးရှားမှာ အကျဉ်းထောင်ကျနေတဲ့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်က လေထဲကနေ မြန်မာသမ္မတ ဦးသိန်းစိန်ကို ခြိမ်းခြောက်လိုက်ပါတယ်၊

ဒါဟာ အလွန့်လွန် မိုက်မဲပြီး အကြောင်းအကျိုး မဆင်ခြင်တတ်တဲ့ လုပ်ရက်ပါပဲ။

ပါကစ္စတန်ဘလော့ဂါက ဆက်ပြောပါတယ် အဲဒီ အကျဉ်းကျနေတဲ့သူရဲ့ ခြိမ်းခြောက်တဲ့ စကားကိုလဲ လုံးဝမယုံကြည်ပါဘူးတဲ့။ သူတို့တတွေဟာ လိမ်လည်ပြီး ဒုက္ခရောက်နေတဲ့ ပုံပြင်တွေတွေကို များစွာ ဖန်တီးနေကြပါတယ်။

 မြန်မာနိုင်ငံကဲ့သို့ အလွန်ထိလွယ် ရှလွယ်တဲ့ အာဏာရှင်များ အုပ်ချုပ်တဲ့ နိုင်ငံမှာ အနောက်ဘက် နယ်စပ်ကနေ တရားမ၀င် ကျုးကျော်ဖြတ်လာတဲ့ ဘင်္ဂါလီတွေအတွက် ဘာများထိခိုက်စေခဲ့လဲ?

ဥပဒေမဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေဟာ ထိမ်းသိမ်းရတာ ခက်ခဲပါတယ်၊ သူတို့ကို အိန္ဒိယနိုင်ငံကလဲ အလိုမရှိပါဘူး၊ ကျွန်ုပ်ဆိုလိုတာက တခြားနိုင်ငံမှ အလွန်များပြားတဲ့ မဆင်ခြင် ကျူးကျော်ဝင်ရောက်လာသူတွေဟာ ပြဿနာများစွာ ရင်ဆိုင်နေရတဲ့ နိုင်ငံအတွက် ကြီးစွာသော ၀န်ထုပ်ဝန်ပိုးကြီးဖြစ်ပါတယ်။

 ဘင်္ဂလားဒေ့ရှိကလဲ သူတို့ (ဘင်္ဂါလီ)တွေ ပြန်လာမှာကို မလိုလားပါဘူး။ မြန်မာရဲ့ နောက်တစ်ခု ပြဿနာက စစ်တပ်အောက်မှာ အနှစ် ၅၀ ချွတ်ခြုံကျခဲ့ရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ရုန်းကန်နေရခြင်းပင် ဖြစ်နေတယ်။ ဒီလိုမျက်ကန်းကလေးသဖွယ် စမ်းတ၀ါးဝါးနဲ့ လမ်းကြောင်းပေါ်မှာ ရုန်းကန်နေဆဲမှာ ဘင်္ဂလားဒေ့ရှ်မှ ကျူးကျော်ဝင်ရောက်လာတဲ့ ၈သိန်းသော ဘင်္ဂါလီတွေကို အားလုံး ပြင်ဆင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဥပဒေအရ ပြောရမယ်ဆိုရင် တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းမှာ နေထိုင်သူ မည်သူမဆို တရားမ၀င် ကျုးကျော်ဝင်ရောက်လာသူဟု ဆိုပါသည်။ ဘာ့ကြောင့် မြန်မာပြည်သူတွေက အဲဒီလိုလူတွေအားလုံးကို လက်ခံရမှာလဲ? အကယ်၍ မြန်မာပြည်က အဲဒီလူအားလုံး လက်ခံလိုက်ရင် ဘင်္ဂလားဒေးရှ်ကတော့ အပူလုံးကြီး ငြိမ်းသွားမှာ အမှန်ပင်ဖြစ်သည်။

ဒါပေမဲ့ ပြဿနာက နိုင်ငံရေးရော စီးပွားရေးပါ ဘေးရန် နှစ်ခုလုံး ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလုံးပေါ်မှာ ကျရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးတွေဟာ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေအပေါ် အကြမ်းဖတ်မှုတွေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာ့လူထုက အနောက်ဖတ် မလုံခြုံတဲ့ခြံစည်းရိုးကနေ ၀င်ရောက်လာမှုအပေါ် ခြိမ်းခြောက်မှုတွေ လုံးဝရပ်ဖို့ တောင်းဆိုထားပါတယ်။


မူရင်း

http://ireport.cnn.com/docs/DOC-829004?fb_action_ids=511469188879735&fb_action_types=og.recommends&fb_source=other_multiline&action_object_map=%7B%22511469188879735%22%3A10151093657692048%7D&action_type_map=%7B%22511469188879735%22%3A%22og.recommends%22%7D&action_ref_map

ရွှေမြန်မာ

No comments:

Post a Comment