Friday 17 August 2012

အားဖြည့်အချိုရည်နှင့် အရက် တွဲဖက် သောက်သုံးခြင်းကြောင့် ကျန်းမာရေးထိခိုက်နိုင်


အားဖြည့် အချိုရည်များကို အရက်ဖြင့် တွဲဖက်
သောက်သုံးခြင်းသည် ကျန်းမာရေးအတွက်
ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။


အချို့သော လူငယ်များသည် အားဖြည့်အချိုရည်ကို အရက်ထဲ
 ရောနှော ထည့်သွင်း သောက်

လေ့ရှိရာ ယင်းသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသလို နှစ်ခြိုက်စွာ
အိပ်မပျော်ဘဲ ရှိစေတတ်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။



ကဖိန်းဓာတ် မြင့်မြင့်မားမား ပါဝင်သော အားဖြည့် အချိုရည်များသည် အရက်နှင့် တွဲဖက်မိပါက နှလုံးတုန်မှုကို သာမန်ထက် (၆)ဆထိ မင့်တက်လာစေတတ်ကြောင်း သုတေသန ရလဒ်တစ်ခုက ဖော်ပြခဲ့သည်။ အရက်ကို သာမန် အချိုရည် တစ်မျိုးမျိုးဖြင့် တွဲဖက်သောက်သုံးခြင်းနှင့် နှိုင်းယှဉ်လျှင် အားဖြည့် အချိုရည်များက သက်ရောက်မှု အလွန်များကြောင်း ပညာရှင်များက ဆိုသည်။

ထို့အပြင် အရက်ကို အားဖြည့်အချိုရည်နှင့် ရောနှော သောက်သုံးပါက အိပ်စက်ရ ခက်ခဲမှုကို (၄)ဆမျှ မြင့်မားစေနိုင်ကြောင်းလည်း ဖော်ထုတ်နိုင်ခဲ့သည်။



Red Bullကဲ့သို့ အချိုရည်များသည် ဈေးကွက်အတွင်း အခိုင်အမာ နေရာရနေပြီး ၎င်းတို့သည် ပျမ်းမျှအားဖြင့် တစ်ဘူးလျှင် ကဖိန်းဓာတ် (၈၀)မီလီဂရမ်မျှ ပါဝင်လေ့ရှိသည်။ တက်စ်မေးနီးယား တက္ကသိုလ်မှ ဒေါက်တာ အန်ဒရီရာကားရ်က "အရက်နဲ့ အားဖြည့်အချိုရည်တွေကို တွဲပြီး သောက်တာဟာ သတိထားရမယ့် အခြေအနေ တစ်ခုပါ။

ကဖိန်းရဲ့ အာနိသင်က အဲီးအချိန်မှာ ပိုပြင်းပြလာပြီး လိုတာထက်ပိုတဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်"ဟု ပြောကြားသွားသည်။

သုတေသီများသည် ယခုတွေ့ရှိချက်အတွက် အသက်(၁၈)နှစ်နှင့် (၃၅)နှစ်ကြား အမျိုးသား၊ အမျိုးသမီး (၄၀၃)ဦးကို လေ့လာခဲ့ကြောင်းလည်း သိရသည်။ သုတေသန ရလဒ်များက အားဖြည့် အချိုရည်များသည် အရက်၏ ထိုင်းမှိုင်းစေတတ်သော အာနိသင် အချို့ကို ပယ်ဖျက်ပစ်လိုက်ပြီး အိပ်ပျော်ရန် ခက်ခဲစေတတ်ကြောင်းလည်း ညွှန်ပြလျှက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Source: DailyMail

ရွှေမြန်မာ

No comments:

Post a Comment