Friday 17 August 2012

ရတနာပုံဒိုင်းမွန်း ပလာဇာ ဖွင့်လှစ်


မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ MGW ဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောက်လုပ် ခဲ့သည့် ရတနာပုံ စူပါစင်တာနှင့်ဒိုင်းမွန်း ပလာဇာဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာဇံ မြို့နယ်၊ ၇၈ လမ်း၊ ၃၃-၃၄ လမ်းကြားမှာ ကျင်းပခဲ့ ပါတယ်။


အဆိုပါ ပလာဇာ ဖွင့်လှစ်မှုကို မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက စက်ခလုတ်နှိပ်
ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ရတနာပုံ ဒိုင်းမွန်း ပလာဟာ နိုင်ငံတကာ အဆင့်မီ ပလာဇာ ဖြစ်သည် နှင့်အညီ စိတ်အေးချမ်း သက်သာစွာဖြင့် ခေတ်မီ အသုံးအဆောင် ပစ္စည်းမျိုးစုံ ၀ယ်ယူနိုင်ခြင်း၊ မိသားစု နှင့်အတူ အပန်းဖြေ အနားယူ နိုင်ခြင်းနှင့် ဧည့်ခံ ဖျော်ဖြေပွဲများ၊ အခမ်းအနားများ၊ ကုန်စည်ပြပွဲများ ပြုလုပ် ကျင်းပ နိုင်အောင် စီစဉ်ထား တယ်လို့ သိရပါတယ်။

 အဲ့ဒီ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးစိုင်းမောင်လှ၊ တိုင်းဒေသကြီး စာရင်း စစ်ချုပ် ဦးကျော်ဝင်း၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမြင့်သိန်း၊ MGW ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ရတနာပုံဈေး အကျိုးတော်ဆောင် အတွင်းရေးမှူး ဦးမြင့်နိုင် တို့က တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။
 
MRTV 4

ရွှေမြန်မာ

No comments:

Post a Comment