Monday 23 July 2012

လယ်ယာမြေသိမ်းဆည်းမှုများ စုံစမ်းဖော်ထုတ်၍ တရားမျှတစွာဖြေရှင်းရန်အရေး လွှတ်တော်အတွင်း ဆွေးနွေးသူများ

နေပြည်တော်၊ဇူလိုင်-၂၃
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့တွင် ဇလွန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် တင်သွင်းခဲ့သည့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှုမရှိ
စေရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် အဆိုအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးက ဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားရာ ပြီးခဲ့သည့် ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စား
လှယ် ငါး ဦးဆွေးနွေးခဲ့ပြီး ယနေ့(ဇူလိုင် ၂၃ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မနက်ဖြန်(ဇူလိုင် ၂၄ ရက်)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း ကိုယ်စားလှယ် ၁၀ ဦးမှ ထပ်မံဆွေးနွေးမည်ဖြစ်သည်။ဇူလိုင် ၂၄ ရက် တွင်ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်တွင် JICA မှ ချေးငွေများနှင့် ပတ်သက်၍လည်း ပြည်
ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးမှ ဖတ်ကြားရှင်းလင်းတင်ပြမည့် အစီအစဉ်ပါဝင်သည်။
ဦးတင်ထွဋ်၏ အဆိုအား ဆွေးနွေးမည့် ကိုယ်စားလှယ် ၄၅ ဦးရှိသဖြင့် ယခုတစ်ပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်များတွင် ယင်းအဆိုအား ဆွေးနွေးမည့် အစီအစဉ်များသာ အဓိကပါဝင်နိုင်ဖွယ်ရှိကြောင်း ကိုယ်စားလှယ်များ
ကခန့်မှန်းသည်။
လစ်လပ်သွားသည့် ဒုတိယသမ္မတနှင့် ပတ်သက်သည့် အစီအစဉ်မှာ ယခုတစ်ပတ်အတွင်း ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်များတွင် ပါဝင်နိုင်ဖွယ် မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။ဒုတိယ သမ္မတနေရာ
ယခင်က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သားကိုယ်စားလှယ်များက အမည်စာရင်းတင်သွင်းထားသည်ဟု သိရသော်လည်း နောက်ပိုင်းတွင် တပ်မတော်အတွင်းမှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး သို့မဟုတ် ဗိုလ်ချုပ်ကြီး
တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပြန်သည်။



By 7Day News Journal

No comments:

Post a Comment