Monday 23 July 2012

ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနား ကျင်းပ


ပဲခူးမြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက် ကြီး(၇)ရှိ ‘က္ခိဏသာခါရာမ ကျောင်းတိုက်အတွင်း၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။
ယင်းဖွင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ တက်ရောက်ချီးမြှင့်ပေးခဲ့ကာ သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)အား ဦးကျော်သူနှင့် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ဒေါက်တာနီနီအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ဦးကျော်သူမှနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး ပဲခူးမြို့၊ ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာနီနီအေး၊ ဒေါ်ရွှေဇီးကွက်နှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)၏ ဥက္ကဋ္ဌဦးသူရိန်ဝင်းတို့မှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=14674:2012-07-22-19-38-21&catid=45:2009-11-10-07-45-41&Itemid=113

No comments:

Post a Comment