Monday 23 July 2012

ထိုင်းနိုင်ငံသား ၉၂ ဦးအား မြန်မာတရားရုံး၌ စစ်ဆေးမည်

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့်ကပ်လျက် မြန်မာနိုင်ငံ ကော့သောင်း ခရိုင်၌ တရားမ၀င် ၀င်ရောက်မှု ကြောင့် ဇူလိုင် ၄ ရက်က ဖမ်းဆီး ထားသော ထိုင်းနိုင်ငံသား ၉၂ ဦး အား ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီကပြောကြားသည်။

အဆိုပါ ထိုင်းနိုင်ငံသားများအား တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမ၀င်ကိုင်ဆောင်မှုများဖြင့် စွဲချက်တင်ထားသည်ဟု မစ္စတာသာနီက ပြောသည်။ တရားခံများကိုအကူ အညီပေးရန် ဒေသခံ ထိုင်း-မြန်မာနယ်စပ်ကော်မတီသို့တာဝန်ပေးထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်က ၎င်းတို့အတွက် တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်တိုဗီချာချိုင်ကူးလ်ကလည်း ယင်းထိုင်းနိုင်ငံသားများကိစ္စကို ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း ယင်းကိစ္စကို မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အသိပေးပြောကြားခဲ့သည်ဟု မစ္စတာသာနီကပြောသည်။ တရားခံများအား ရုံးထုတ်သည့်နေ့မှာပင် မြန်မာတရားရုံးက စီရင်ချက်ချမှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှုလုပ်ငန်းစဉ်တွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

/Bangkok Post/



By 7Day News Journal

No comments:

Post a Comment