Monday 23 July 2012

၂၃၊၇၊၂၀၁၂ ညနေပိုင်းသတင်းတိုများစုစည်းမှု

ထိုင်းနိုင်ငံ၌ ကြောက်မက်ဖွယ်ဗိုင်းရပ်(စ်) ရောဂါတစ်မျိုးရှာဖွေတွေ့ရှိ

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လွန်ခဲ့သော သီတင်းပတ်အတွင်း သေဆုံးခဲ့ သည့်အသက်၂ နှစ်အရွယ် မိန်းကလေး တစ်ဦး၏လည်ချောင်း၌ ကြောက်မက်ဖွယ် Enterovirus 71 ဗိုင်းရပ်(စ်)ရောဂါ တစ်မျိုးအား ဆရာဝန်များက တွေ့ရှိခဲ့ ကြောင်းသိရသည်။
ဗန်ကောက်မြို့ရှိ နောပ်ပါရက်တ် ရာဂျာသနီဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာပါဆတ်ခွန် ချိုင်ဝါနိခ်ျ၏ ပြောကြားချက်အရ အဆိုပါရောဂါပိုး ကူးစက်ခံရမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ ကလေးများ သေဆုံးခဲ့ရ ခြင်းဖြစ်ပြီးအဆိုပါ Enterovirus 71 ဗိုင်းရပ်(စ်)ပိုးသည် ရောဂါကူးစက်ခံရသူ၏ အဆုတ်၊ ဦးနှောက်နှင့်နှလုံးများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ Enterovirus 71 ဗိုင်းရပ်(စ်)ပိုးသည် ပဏာမစစ်ဆေးရာတွင်မတွေ့ရှိရဘဲ နောက်ပိုင်းတွင် ရောဂါခံစားရသူ ၏အဆုတ်၊ နှလုံးနှင့်ဦးနှောက်အတွင်း သို့ဝင်ရောက်၍ ၄ နှစ် (သို့မဟုတ်) ၅ နှစ်အကြာတွင်သေဆုံးခြင်းဖြစ်ကြောင်း ဒေါက်တာချိုင်ဝါနိခ်ျက ပြောကြားခဲ့သည်။Ref:မြ၀တီ

By News of Myanmar











ယနေ့ နံနက်ပိုင်းအချိန်က နိုင်ငံတော်သမ္မတရုံး အဆင့်မြင့်အရာရှိတစ်ဦး၏ စာမျက်နှာတွင်ရေးသားထားသည့် စာသား

နာက်ဆုံးတိုက်ပွဲကြီး ဖြစ်နိုင်ဖွယ်ရာရှိသော ပွဲ ဖြစ်သဖြင့် -

(၁) ဒီပွဲ ကြမ်းပါလိမ့်မည်၊
(၂) ဘက်စုံတိုက်ပွဲအသွင် တွေ့မြင်ရပါလိမ့်မည်၊
(၃) ဒီပွဲသည် နွှဲခဲ့ဘူးသော အပွဲပွဲတို့ထက် ပိုမို ခက်ခဲနိုင်ပါလိမ့်မည်။
(၄) ထင်မှတ်မထားသော တိုက်ကွက်များကို မြင်တွေ့နိုင်ပါလိမ့်မည်။
(၅) ရေရှည်တိုက်ပွဲအသွင်လည်း သက်ဆိုးရှည်နိုင်ပါလိမ့်မည်။

ဤသည်ကို ကျွန်တော်တို့ မျှော်လင့်ထားရပါလိမ့်မည်။

အသင့်ပြင်ဆင်နိုင်ရန် ဘက်စုံ မျှော်တွေးထားရန် လိုပါလိမ့်မည်။

By News of Myanmar











ဇူလိုင်လ ၂၃ ရက် တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နေ့စဉ် ပြည်သူများ ဖြစ်ပျက်တွေ့ကြုံ ခံစားနေရသည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ မီဒီယာများမှ တဆင့် ဖော်ပြချက်များသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရာတွင် အထောက်အကူပြုပါကြောင်းနှင့် ယင်းသတင်းများအပေါ် စောင့်ကြည့်လေ့လာစိစစ်ပြီး အရေးယူ ဆောင်ရွက်ပေးနေသည့် အဖွဲ့ စနစ်တကျ ဖွဲ့စည်းထားရှိခြင်း ရှိမရှိ နှင့် ရှိပါက မည်ကဲ့သို့ ဖွဲ့စည်းသည်၊ အရေးယူဆောင်ရွက်နေသည် ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း နှင့် မြေယာ အငြင်းပွားမှုများအတွက် ပြည်ထောင်စု အဆင့် စိစစ်ရေးကော်မတီ ဖွဲ့စည်း၍ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိနှင့် အကြောင်းအမျိုးမျိုးကြောင့် သိမ်းယူထားသော မြေယာများအတွက် လျော်ကြေးပေးရေး ဥပဒေပြဌာန်းရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများအပါအ၀င် မေးခွန်း (၅)ခုနှင့် အဆို (၁)ခု တို့ ကို တင်သွင်းမေးမြန်းကြမည် ဖြစ်ကြောင်း သိရသည်။
By Eleven Media Group











ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်တို့ တွေ့ဆုံလျက်ရှိနေပြီး အဆိုပါ တွေ့ဆုံမှု အပြီးတွင်

(၁) မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂) မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ကို

နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများ လက်မှတ် ရေးထိုးကြမည်ဟု သိရပါသည်။

ထို့နောက် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများက လက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါ သတင်းယူနေသော Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ သတင်း ပေးပို့မှုအရ သိရှိရပါသည်။
By Eleven Media Group









မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာရမှု ဖြစ်ပွား

ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။

"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။ နှစ်ယောက်တစ်တွဲ တန်းစီသွားတာ ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။
By Eleven Media Group













ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယဥက္ကဋ္ဌ ပန်မလာကောက်စ်သည် ကမ္ဘာ့ဘဏ်ရုံးခွဲကို ဖွင့်လှစ်ရန် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ လာရောက်မည်ဖြစ်ကြောင်း၊ ထိုသို့ လာရောက်စဉ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဘ၀များ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
By Eleven Media Group











ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီခန့်က နစ်မြုပ်သွားခဲ့သော ဗန်မော်- ကသာသွား မြမင်းအောင်ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၃ရက်နေ့အထိ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရာ သေဆုံးသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဇူလိုင်လ ၂၃ရက်နေ့ နံနက် ၇ နာရီခန့်မှစတင်ကာ စပိဘုတ်များ၊ စက်လှေများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နံနက် ၁၁နာရီ ၀န်းကျင်ခန့်၌ သေဆုံးသူ ကျားတစ်ဦး၊ မတစ်ဦးကိုတွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေခဲ့ရာ ထပ်မံ၍ သံဃာတော်တစ်ပါးနှင့် ကျားတစ်ဦး၏ ရုပ်အလာင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
“ဇူလိုင်လ ၂၂ရက်နေ့က ကယ်ဆယ်ရှာဖွေရေးလုပ်ရာမှာ သေးဆုံးသူ ကျား လေးဦးနဲ့ မတစ်ဦးတွေရှိခဲ့တယ်။ ‘ဒီနေ့ ဇူလိုင်လ ၂၃ရက်နေ့မှာ စပိဘုတ်တွေ၊ စက်လှေတွေနဲ့ ဆက်လက်ပြီးရှာဖွေရေးတွေလုပ်တော့သေဆုံးသူ ကျောင်းသားနှစ်ဦး၊ သံဃာတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးထပ်တွေ့ရတယ်။ စုစုပေါင်း ၉ဦးရှိသွားပြီ။ သံဃာတစ်ပါးကိုတော့ ဆင်ခန်းမှာပဲ မီးသဂြိုလ်လိုက်တယ်။ နစ်မြုပ်သွားတဲ့ရှပ်ပြေးနောက်မှီးပိုင်းပေါ်လာတာတွေ့လို့ တစ်ခြားရှပ်ပြေးနှစ်စင်းနဲ့ကြိုးတပ်ပြီးဆွဲတာ ဘယ်လိုမှဆွဲလို့မရဘူး။ အခုလိုရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ ရှပ်ပြေးယာဉ်ဆယ်ယူနိုင်တဲ့အထိ လုပ်ဆောင်သွားမှာပါဟု ကူညီကယ်ဆယ်ရေးများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
By Eleven Media Group











ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာတော်များ ဦးဆောင်၍ ရွှေဝါရောင်ဖောင်ဒေးရှင်း တည်ထောင်

ရန်ကုန်၊ဇူလိုင်-၂၃

၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် များ ဦးဆောင်၍ ရွှေဝါရောင် ဖောင်ဒေးရှင်းကို ယနေ့ နံနက် (၈)နာရီတွင် တည်ထောင်လိုက်ကြောင်း ကြေညာခဲ့သည်။ အဆို ပါ ဖောင်ဒေးရှင်းတွင် ဦးဆောင်ဆရာတော်များအဖြစ် မဟာဗော ဓိ(ရန်ကင်း)ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ၊ အင်းစိန်ရွာမ ဆရာတော် ဘဒ္ဒန္တတိလောကာဘိ ၀ံသနှင့် ပါဠိကာရီဆရာတော် ဘဒ္ဒန္တတင်္ဂိတို့က ဆောင်ရွက်ပြီး ဦး စီးဆရာတော်များအဖြစ် ပြည် ကျော်ကျောင်း(ရွှေတောင်ကျောင်းတိုက်) ဆရာတော်၊ မဂ္ဂင်ဆရာတော်၊ ရွှေသိမ်ဓမ္မသိင်္ဂကျောင်း ဆရာတော်နှင့် အခြားဆရာတော် (၅)ပါး ပါဝင်သည်။
အဆိုပါ ဖောင်ဒေးရှင်းက လက်ရှိဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၏ အားနည်းချက်များကို ပြုပြင်ပြီး တိုးတက်ကောင်းမွန်သော နည်းစနစ်များဖြင့်
အကောင်အထည်ဖော်နိုင်ရန် တည်ထောင်ခြင်းဖြစ်ကြောင်း တာဝန်ခံဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသက ပြောကြားသည်။
By 7Day News Journal













ထိုင်းစီးပွားရေး ကုမ္ပဏီကြီး သုံးခု မြန်မာအစိုးရနှင့် လာရောက်တွေ့ဆုံ

ဘန်ကောက်၊ ဇူလိုင် ၂၃

ထိုင်းနိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ်ရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန် တည်းခိုရာ မဒရင်းအိုရီယန့်တယ် ဟိုတယ်သို့ ယနေ့မွန်းလွှဲပိုင်း ( ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်း ) က စီပီ ကုမ္ပဏီ အပါအဝင် ထိုင်းပီတီတီ၊ ပီတီတီ အီးပီ တို့လာရောက် တွေ့ဆုံခဲ့ကြကြောင်း The Voice Weekly အယ်ဒီတာ တစ်ဦးက သတင်းပေးပို့သည်။

မြန်မာနှင့် ထိုင်းနိုင်ငံကြား ယနေ့ နံနက်တွင် ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာများသည် ယေဘုယျ သဘောဆန်ပြီး တိတိကျကျ အချက်အလက် မပါဝင်ကြောင်း ထိုင်းပီတီတီ ကုမ္ပဏီ၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice Weekly သို့ သုံးသပ်ပြောဆိုခဲ့သည်။
By The Voice Weekly











ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး လေဖြတ်ဝေဒနာ သက်သာ

ဘန်ကောက်၊ ဇူလိုင် ၂၃

လွန်ခဲ့သော ရက်ပိုင်းအတွင်းက စင်ကာပူနိုင်ငံ၌ လေဖြတ်ဝေဒနာ ကြောင့် ကျန်းမာရေးကုသမှု ခံယူနေရသော ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးမှာ လေဖြတ်ဝေဒနာ သက်သာလာပြီး စက်အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မြန်မာအစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌနှင့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ အနားယူခဲ့သော ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ဇူလိုင်လ ၈ရက်နေ့ ညပိုင်းက ရုတ်တရက် ကျန်းမာရေး ချို့ ယွင်းလာသဖြင့် တပ်မတော် စစ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ပြီး စင်ကာပူ နိုင်ငံသို့ ဆေးကုသမှုခံယူခဲ့သည်။

စင်ကာပူနိုင်ငံရှိ ဆေးရုံတွင် လေဖြတ်ဝေဒနာ အတွက် ကုသမှု ခံယူနေရသူ ဦးမောင်အေးသည် ပြန်လည် သက်သာလာပြီ ဆိုသော်လည်း လမ်းမလျှောက်နိုင်သေးကြောင်း မြန်မာအစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက်ထံမှ သိရသည်။
By THe Voice Weekly











သမ္မတကြီး ဦးသိန်းစိန် ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်မည်ဟု ထိုင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား

ဘန်ကောက်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း သမ္မတကြီး ဦးသိန်းစိန်သည် ထိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ အစိုးရအိမ်တော်တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတကြီးက မြန်မာဘာသာစကားဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ထားဝယ် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံ ကြားနယ်စပ် ဖြတ်ကျော် ဆက်သွယ်ရေးကို ကူညီမည်ဟု ကတိပြုခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ထိုင်းအစိုးရက ကူညီမည်ဟု ကတိပြုခဲ့ကြောင်း သမ္မတကြီးက ပြောကြားခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်သည် ယနေ့ ညနေ တွင် ထိုင်းဝန်ကြီးချုပ်က တည်ခင်းသည့် ညစာ စားပွဲကို တက်ရောက်ရန်ရှိကြောင်း အဆိုပါ ထိုင်းနိုင်ငံသို့ သတင်းလိုက်ပါ ရယူသော The Voice Weekly သတင်းအယ်ဒီတာ က သတင်းပေးပို့သည်။
By The Voice Weekly











မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံကြားစာချွန်လွှာ ၃ခု လက်မှတ်ရေးထိုး

ဘန်ကောက် ဇူလိုင် ၂၃

ထိုင်းနိုင်ငံသို့ သမ္မတ ခရီးစဉ်အဖြစ် ပထမဆုံးရောက်ရှိလာသော မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့သည် ဘန်ကောက်မြို့ရှိ အစိုးဧည့်အိမ်တော်တွင် တွေ့ဆုံမှူအပြီး မိနစ်ပိုင်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံကြား နာမည်ကျော် ထားဝယ်အထူးစီးပွားရေးဇုံနှင့်သက်ဆိုင်သော စီမံကိန်း ကိုလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာအပါဝင် စာချွန်လွှာ ၃ ခု ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။

အခြား စာချွန်လွှာ ၂ခုမှာမြန်မာ - ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပြီး ထားဝယ် ရေနက်စီမံကိန်းသည် ယခင် အီတာလျံထိုင်းနှင့် ကိစ္စမှာ ပျက်ပျယ်သွားပြီ ဟုယူဆရပြီး မြန်မာ - ထိုင်းနှစ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူ များ လာရောက်ရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည်ဟု ယူဆရသည်။

ထိုင်းတို့က ပတ္တရား ကမ်းခြေအနီးရှိ လန်ချာဘန် ဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ ထားဝယ်တို့ကို ချိတ်ဆတ်မည့် ကိစ္စများအား အထူးအလေးပေး ဆွေးနွေးခဲ့သည်။
By The Voice Weekly











ဒိုင်ဝ အုပ်စု က မြန်မာ နိုင်ငံ မှာ ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြုပ်နှံမည်

ဂျပန် အခြေစိုက် ဒိုင်ဝ ငွေကြေး နှင့် အရင်းအနှီး စီမံ ခန့် ခွဲ မှု အုပ်စု မှာ မြန်မာ နိုင်ငံ ၏
သတင်း ဆက် သွယ် ရေး နည်း ပညာ လုပ် ငန်း တွင် ဒေါ်လာ သန်း ၃၈၀ ကျော် ဖိုး ရင်းနှီး
မြုပ် နှံ မည် ဟု ယနေ့  သတင်း ထုတ် ပြန် လိုက်သည်။ မြန်မာ အစိုးရ နှင့် ယခင် ကတည်း
က စီးပွား ရေး ဆက်ဆံ မှု ရှိ ခဲ့ သည့် ဂျပန် ဒိုင်ဝ အုပ်
စု သည် ယခု ရင်းနှီး ပြု နှံ မှု ဉ် ဂျပန် အီလက် ထရောနစ် ကုမ္ပဏီ များ ဖြစ်သည့် တိုရှီဘာ၊
ပန်နာ ဆိုးနစ် ၊ NEC ၊ ဟစ်တာ ချီ ကုမ္ပဏီ များ ပါ ပါ ၀င် မည် ဟု ဒိုင်ဝ သုတေသန
အင်စတီ ကျူ မှ တာကာ ရှိ ဖူး ကိုင် က က The Economist Times သတင်း ကို ပြောသည်။

ဂျပန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက် မှု ဧဂျင်စီ ၏ အကူအညီ ဖြင့် ဂျပန် ကုမ္ပဏီများ
ဖြစ်သည့် Fujitsu နှင့် NTT တို့ သည် မြန်မာ့ ဘဏ်လုပ် ငန်း ကို အီလက် ထရောနစ် အဆင့်
မြင့် ပေး နိုင်ရန် လေ့လာ နေ ကြ ပြီး ဒိုင်ဝ က တို ကျို စတော့ အိပ်ချိန်း နှင့် ပူးပေါင်း
ကာ မြန်မာ စတော့ ဈေးကွက် ကို လေ့လာ ခဲ့ ကြ သည်။

ဒိုင်ဝ ၏ မြန်မာ နိုင်ငံ တွင် ရင်းနှီး မြုပ် နှံ ရန် အစီအစဉ် သည် ဂျပန် ယန်းငွေ ဘီလျှံ ၃၀ ကျော်
ဖိုး ဖြစ်သည်။ ဒိုင်ဝ သည် နိုင်ငံ တကာ သို့  ဖြန့် ကျက် လုပ် ကိုင် နေသည့် ဂျပန် အရင်းအနှီးစီ
မံ ခန့် ခွဲ မှု ကုမ္ပဏီ ဖြစ်သည်။

By Freedom Media Group

No comments:

Post a Comment