Monday 23 July 2012

ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားသော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ဧရာဝတီမြစ်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့က နစ်မြုပ်သွားခဲ့သော ဗန်းမော်-ကသာသွား မြမင်းအောင် ရှပ်ပြေးရေယာဉ်အား ဇူလိုင်လ ၂၂ ရက်နေ့အထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 
ဗန်းမော်မြို့၊ မြို့မရပ်ကွက် ဆိပ်ကမ်းမှနံနက် ၉ နာရီခန့်က စတင်ထွက်လာသောမြမင်းအောင်အမည်ရှိ အဆိုပါရေယာဉ်သည် ဆိပ်ကမ်းမှထွက်ခွာပြီးနောက် ဂီယာညှပ်ပြီး ဦးလည်ကာ အခြားရေယာဉ်တစ်စီးနှင့် တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ အခင်းဖြစ် ရေယာဉ် တွင်ဒေသခံများနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာတွင် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်း ၈ နာရီခန့်အချိန်ထိ ကျား ၅၀ ဦး၊ မ ၂၀ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၃၀ အထက် သေဆုံးသူ ကျားလေးဦးကိုလည်း ဆယ်ယူရရှိထားကြောင်း သိရသည်။
ထပ်မံရရှိသောသတင်းများအရ ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်အလောင်းတစ်လောင်း ဆယ်ယူရရှိခဲ့ကြောင်း၊ နစ်မြုပ်ရှပ်ပြေးရေယာဉ်အား ဆယ်ယူရရှိနိုင်ရေးအတွက် ဇူလိုင်လ ၂၂ရက်နေ့တွင် ကသာမြို့မှ သင်္ဘောဆယ်ယူရေးအဖွဲ့ဖြင့် ရှာဖွေသွားရန်ရှိကြောင်း သိရသည်။
''ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေကိုတော့ စဖြစ်တဲ့နေ့ကနေ ဒီနေ့အချိန်ထိ အားချင်း လုပ်နေရတယ်။ အသက်ရှင်လျက် ကယ်ဆယ်ခံရသူတွေ အများစုကတော့ ကိုယ့်အရပ်ဒေသကို ပြန်ကုန်ကြပြီ။ တချို့ကိုတော့ ဆေးရုံပို့ပေးရတယ်''ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဗန်းမော်မီးသတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ 
ဖြစ်စဉ်နှင့်ပက်သက်၍ ရေယာဉ်မောင်း ချစ်သဲ(ခ)ကျော်သီဟ (၂၉)နှစ်၊ (ဘ) ဦးကြည်သန်းအား ဗန်းမော်ရဲစခန်းမှ (ပ) ၂၂၁/၂၀၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၀/ ၂၈၂/ ၃၀၄-က တို့ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


http://www.weeklyeleven.com/index.php?option=com_content&view=article&id=14675:2012-07-22-19-41-55&catid=45:2009-11-10-07-45-41&Itemid=113

No comments:

Post a Comment