Friday 26 October 2012

OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြဿနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို


ဇော်မိုး (မြစ်မခ)
by Myit Makha Mediagroup on 26 Oct, 2012

OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် ဘင်္ဂါလီတို့မှ မကျေနပ်သည့် တုန့်ပြန်မှု ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က
မင်းပြားမြို့ရှိ ကျေးရွာများတွင် ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

အဆိုပါနေ့ညနေပိုင်းတွင် ပိတ်သေရွာရှိကျေးရွာသား တဦးထမင်းစားနေသည်ကိုဘင်္ဂါလီတစ်ဦးကမြှား နှင့်ပစ်ရာမှ ၄င်းဘေးရှိအိမ်တိုင်ကို လာရောက်ထိမှန်သည်မှ အစပြုပြီးး ရွာသားများမှ သံချောင်း ခေါက်စဉ် စုရုံးလာသော ဒေသခံ ရခိုင်လူမျိုးများနှင့် တဖက်နှင့် တဖက် ရန်ပြုရာမှ ကျေးရွာ(၇)ခန့် မီးရှို့သည် အထိ ဖြစ်ခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

မင်းပြားမြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့များအတွင်း ဖြစ်ပွားခဲ့ပြီးသော ဘင်္ဂါလီများ နေထိုင်ရာ ကျေးရွာ မီးလောင်မှုများ သည် OIC ကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို တုန့်ပြန်သည့်အနေ ဖြင့်ကြိုတင်ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင် လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။

ဘဂီါလီများ နေထိုင်ရာ ကျေးရွာများ OICကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများး မီးလောင်မှု များကို လက်မခံသည့် ဆန္ဒဖော်ထုတ်ပွဲများ ကို တုန့်ပြန်သည့်အနေဖြင့် ကြိုတင် ကြံစည်မှုများကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု မင်းပြားမြို့ ဒေသခံရခိုင်လူမျိုးများ၏ ပြောပြချက်များအရ သိရသည်။

မင်းပြားမြို့တွင် ဘင်္ဂါလီများ နေထိုင်ရာ ပိတ်သေရွာမှလူနည်းစု ရခိုင်လူမျိုးများကို ရန်ပြုရာမှ စတင်ဖြစ်ပွားခဲ့ရပြီး တစ်ဖက်နှင့် တစ်ဖတ် ခိုက်ရန်ပြုရာမှ ရခိုင်လူမျိုးများ စုရုံးခဲ့ခြင်းကြောင့်သရက်အုပ်၊ အောက်တိုင်၊ ပုတ်ဖြတ်၊ စမ္ဘလေ၊ ပိတ်သေ၊ ကာဒါ၊ ကန်ထိုး တန်း၊ နဂါးယက်-ပေါက်တော စသည့်ကျေးရွာများမှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု သိရသည်။

“ရခိုင်ပြည်နယ်တစ်ခုလုံးမှာဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီးခြုံငုံပြောချင်ပါတယ်၊ရာဇ၀တ်မှုတွေ ထူပြော လာရတာနဲ့ပတ်သက်ပြီး၊တရားဥပဒေယုံကြည်စိတ်ချမှုရှိလာအောင် ပြည်သူတွေကြားမှာ စေ့ဆော်ဆောင်ရွက် ဖို့လိုပါတယ်၊ အပိုင်း(၂) ပိုင်းနဲ့ပြောရရင် တစ်ပိုင်းက တရားဥပဒေ စိုးမိုးမှု ရှိရပါမယ်၊ ကျန်တစ်ပိုင်းက အခုဖြစ် နေတဲ့ ဘာသာကြီးနှစ်ခုကြားမှာ ချစ်ကြည့်မှုတွေရှိလာအောင် တာဝန်ရှိသူတွေ က ဆောင်ရွက်ပေးနိုင်မယ်ဆို ရင် ပိုကောင်းပါမယ် ”ဟု အစ္စလာမ်ကောင်စီ ဥက္ကဋ္ဌ ဦးဝဏ္ဏရွှေက ပြောသည်။

ဘဂီါလီများအနေဖြင့် က ပုဒ်မ(၁၄၄) အား မသိသလိုနေ၍ ညဘက်တွင် သွားလာလှုပ်ရှားမှုများ ရှိနေပြီး ကားလမ်းပေါ်တွင် အများဆုံး သွားလာကာ နွား၊ဆိတ်များကိုကားလမ်းပေါ်တွင်လွှတ် ကျောင်းမှုများရှိခဲ့ပြီး ကားလာလျှင် နွားကို ခဲဖြင့် ပေါက်သလိုနှင့် ကားကို ပစ်ပေါက်မှုများရှိခဲ့သည်ဟု ဒေသခံ အချို့က ဆိုသည်။

“ည (၇) နာရီကနေ မနက် (၆) နာရီအထိ မထွက်ရဟု ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ဘက်က ဥပ ဒေကို လိုက်နာလို့ မထွက်ရဲဘူး သူတို့မီးလာရှို့ရင်လည်း ခံရဦးမယ်။ အိမ်ပေါ်က ဆင်းပြန်ရန်လည်း ညမထွက်ရဆိုပြီး သေနတ်နဲ့ အပစ်ခံရဦးမယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အောက်တိုဘာလ (၂၅) ရက်နေ့က မင်းပြားမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် မင်းပြားမြို့ တပ်နယ်မှူး ဒုတိယ ဗိုလ်မှုးကြီး ခင်မောင်ညွန့်က ဦးစီးပြီး မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးအောင်ကျော်နှင့် မြို့နယ် ပြည် ခိုင်ဖြိုးအဖွဲ့ဝင် များ မြို့နယ်ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ မင်းပြားမြို့တည်ငြိမ် အေးချမ်းရေးအစည်းအဝေးပြုလုပ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှုး ကိုအောင်စိုးသန်းမှ ပြောသည်။

“ကျွန်တော်တို့ မြို့မိမြို့ဖတွေကလည်း မင်းပြားမြို့က ဆရာတော်တွေရဲ့ သြ၀ါဒခံယူပြီး ဒေသခံတွေကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ကြဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံမင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်သွားရန် ပြည်ထောင်စု သမ္မတမြန်မာနိုင် ငံတော်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ ပူးပေါင်းဆောင်ရွက် မှုစာချွန်လွှာ (MOU)ကို စက်တင်ဘာ လ(၁၁)ရက်နေ့က နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ၀န်ကြီးရုံး၌ လက်မှတ်ရေးထိုးခဲ့ သော် လည်း မြန်မာနိုင်ငံ၌ (OIC)ရုံးဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်ခွင့်ပြုမည်မဟုတ် ကြောင်း အောက်တိုဘာ(၁၅)ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

By Shwe MyitMakha Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment