
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်
ချက်တွင် အချက် ၆ ချက်ပါဝင်ပြီးအဆိုပါအချက်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် မေလနှင့်ဇွန်လတို့တွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများကို အကြောင်းပြု၍ လူအုပ်စုအချင်းချင်း ဒေါသအလျောက် အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၄ ရက်နေ့အထိ
သေဆုံးသူ ၅၀ ဦး၊ ဒဏ်ရာရရှိသူ ၅၄ ဦးရှိခဲ့၍ လူနေအိမ် ၂၂၃၀ အိမ်နှင့် ဘာသာရေးအဆောက်အအုံ ၁၄ ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၆၁၄၆၂ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်စခန်းများသို့ ရောက်ခဲ့
ကြကြောင်း ဖော်ပြပါရှိသည်။
အဆိုပါပဋိပက္ခ ဖြစ်ပွားနေခြင်းများနှင့် ပတ်သက်၍ အလျင်အမြန် အေးငြိမ်း
သွားစေရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမြို့နယ်အချို့တွင် ပြစ်မှုဆိုင်ရာ
ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
နှင့် တပ်မတော်အပါအ၀င် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဥပဒေစိုးမိုးရေး
နှင့်ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် အချိန်တိုအတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခဲ့ကြောင်း၊ အရေးပေါ်
အခြေအနေ ထုတ်ပြန်ဆောင်ရွက်မှုကိုလည်း ဥပဒေနှင့်အညီ ပြည်ထောင်စု
လွှတ်တော်၏ အတည်ပြုချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်
မှုတွင်ပါရှိခဲ့သည်။
ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာအဖွဲ့အစည်းအချို့တို့မှ မြန်မာနိုင်ငံအား လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ပုံဖော်ပြီး ပြစ်တင်ဝေဖန်မှုများ ပြုလုပ်
ခဲ့သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသို့ပင် တင်ပြခဲ့သည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် အဆိုပါပြစ်တင်ဝေဖန်မှုများကို နည်းလမ်း
မျိုးစုံဖြင့် ကြိုးပမ်းချေဖျက်ခဲ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် ဒုက္ခသည်များ
အတွက် ယာယီနေရာချထားရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ကျန်းမာရေး
စောင့်ရှောက်မှု ပြည့်စုံရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် လူသားချင်း စာနာထောက်ထားသည့် ထောက်ပံ့ကူညီမှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်ဟုလည်း ဖော်ပြပါရှိသည်။ယခုအခါ ရခိုင်
ပြည်နယ် ကျောက်ဖြူမြို့နယ်၊မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့် မြောက်ဦးမြို့
နယ်တို့တွင် မမျှော်လင့်ဘဲ ဆူပူအကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၅၀ ဦးရှိပြီး၊ လူနေအိမ် ၁၉၄၈ လုံး၊ဘာသာရေး အဆောက်အအုံ ၈ ခု မီးလောင်ပျက်စီးဆုံးရှုံးကာ လူအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟူ၍ ပါရှိသည်။
လက်ရှိအခြေအနေသည်ဒီမိုကရေစီဖော်ဆောင်သော ပြုပြင်ပြောင်းလဲမှု
များကို အချိန်တိုအတွင်း ညင်သာစွာအသွင် ကူးပြောင်းနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ အသိအမှတ်ပြု
ထောက်ခံလျက်ရှိသကဲ့သို့၊ ဆက်လက်တိုးတက် ဖြစ်ပေါ်လာမည့် အခြေ
အနေများကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည့် အချိန်ကာလလည်း
ဖြစ်ပါကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကဲ့သို့သော အခြေအနေတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတော်၊ နိုင်ငံသားတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေနိုင်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်
နှင့် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ
တည်ငြိမ် အေးချမ်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်
လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရ
သဖြင့် ၎င်းတို့ကိုဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်
ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။
By Eleven Media Group
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
နည်းနည်း လေးတော့ လွှဲနေပြီ , ဒီစကားက လွှတ်တော်က မှုဆလင်အမျိုးယုတ်တို့ ဆီကလာတဲ့စကားလား
ReplyDelete