Friday 26 October 2012

ဦးသိန်းစိန်ဟာ ကမ္ဘာ့ရေပန်းအစားဆုံး လူတစ်ယောက်လား


ကမ္ဘာကြီးနှင့်နှစ်ပေါင်း ၅၀ ကျော် ပုန်းရှောင်နေပြီးမှ ပြန်ပေါ်လာသည့်
မြန်မာနိုင်ငံသည် လူတစ်ကာရုတ်တရက် အာရုံကျစရာ ရှားရှားပါးပါး
ကျောက်ရိုင်းတုံးကလေးနှင့် အလားသဏ္ဍန်တူနေသည်။သို့သော်
ထိုကျောက်ရိုင်းတုံးကို ထိတွေ့ခွင့်ရဖို့အတွက် ယင်း၏ပိုင်ရှင်အကြောင်း သိထားဖို့လိုလိမ့်မည်။ လောလောဆယ် ထိုပုဂ္ဂိုလ်မှာ သမ္မတ ဦးသိန်းစိန်ပင်
ဖြစ်သည်။

ပြီးခဲ့သော နှစ်နှစ်အတွင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်
တန်နှင့်သမ္မတဦးသိန်းစိန်တို့အကြား ၃ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြရာ
နောက်ဆုံးအကြိမ်မှာ နယူးယောက်မြို့တွင် ဦးသိန်းစိန် ကုလသမဂ္ဂညီလာခံ တက်ရောက်စဉ်က ဖြစ်သည်။ထိုင်းဝန်ကြီးချုပ်ယင်လပ်ရှင်နာဝပ်ထရာထံတွင်
အများပြောစရာဖြစ်လောက်အောင် ဂရုစိုက်ရသောပုဂ္ဂိုလ်များစာရင်းရှိသည်။
သူမအကို သက်ဆင်မှသည် သူမခင်ပွန်းနှင့် သားအထိပါအဝင်သော ထိုစာရင်းတွင် ဦးသိန်းစိန်နောက်ဆုံး ပါဝင်လာပုံရသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘန်ကောက်
ခရီးစဉ်တွင် ဦးသိန်းစိန်အပေါ် လောင်းရိပ်မိုးသွားခြင်းကို တားဆီးရန် ပျက်ကွက်ခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်ယင်လပ်
က ဒေါသထွက်ခဲ့သည်ဟု ကြားသိရသည်။ အမှန်စင်စစ်မေလက ကမ္ဘာ့
စီးပွားရေးဖိုရမ်တွင် ထိုင်းခေါင်းဆောင် ယင်လပ်အပါအဝင် လူတစ်ကာထက်
ဒေါ်အောင်ဆန်းစုကြည်က ပိုမိုထင်ပေါ် ကျော်ကြားခဲ့သည်။ ထို့ကြောင့်ပင်
နောက်ဆုံး မိနစ်ပိုင်းတွင် ဦးသိန်းစိန် စိတ်ပြောင်းကာ ခရီးစဉ်ဖျက်သိမ်း
ခဲ့ခြင်းကိုအံ့သြစရာ မရှိပါ။ နောက်တစ်ကြိမ်ရက် သတ်မှတ်ရန် တစ်လခန့်
အချိန်ကြာခဲ့ပြီး ထိုရက်ကိုလည်း ထပ်မံရွှေ့ဆိုင်းခဲ့သည်။စိတ်ပျက်လက်ပျက်
ဖြစ်သွားသောယင်လပ်က ဘန်ကောက်သို့ ဦးသိန်းစိန်မရောက်နိုင်အောင် တားဆီးနေသောအရာများကို ဖယ်ရှားရှင်းလင်း ပစ်ခဲ့သည်ဟုသတင်းများက
ဆိုသည်။ နောက်ဆုံး၌မူ ဇူလိုင်လတွင် ဦးသိန်းစိန်ရောက်ရှိလာခဲ့ရာ၊ ဦးနုပြီးလျှင်ဒုတိယမြောက်ထိုင်းနိုင်ငံရောက် မြန်မာခေါင်းဆောင်ဖြစ်လာခဲ့
သည်။

ထို့နောက်တွင် ယင်လပ်သည် ကုလညီလာခံအဝန်းအဝိုင်းတွင်ဦးသိန်းစိန်နှင့်
ဒုတိယအကြိမ်ဆွေးနွေးရန် စီစဉ်မှုအောင်မြင်ခဲ့သည်။ ထို့ကြောင့် နောက်လ
တွင် မြန်မာနိုင်ငံ၌ ဦးသိန်းစိန်နှင့် ထပ်မံတွေ့ဆုံရန်လမ်းပွင့်သွားသည်။
မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေးခွင်တွင် အဓိကနေရာမှပါဝင်ရန် ထိုင်းတို့၏မျှော်လင့်မှုကို နှစ်နိုင်ငံကြား ပဋိပက္ခဟောင်းများက ရိုက်ချိုး
နိုင်မည်မရှိဟု ပြောရန်လိုမည်မထင်ပါ။

ထိုင်းတို့သည် မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၀ ဘီလျံခန့်ရင်းနှီးမြှုပ်နှံထားပြီး
ဖြစ်ကာ ဒေါ်လာဘီလျံ ၈၀ တန် ထားဝယ်စီမံကိန်းနှင့်အတူ ထပ်မံရင်းနှီး
မြှုပ်နှံမည်ဟု မျှော်လင့်ရသည်။ ဦးသိန်းစိန်သည် အာဏာရလာပြီး
နောက်ပိုင်း စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို မောင်းနှင်ခဲ့သည်ဟု အများစုကသတ်မှတ်ကြသည်။ စက်တင်ဘာကုလညီလာခံကို ၎င်းက
ဖွင့်လှစ်မည်ဟု ကြားသိရသည့်အချိန်တွင် ဥရောပခေါင်းဆောင်များ တုန်လှုပ်သွားကြသည်ကို နားလည်နိုင်ပါ လိမ့်မည်။ စင်မြင့်ဆီသို့ ဦးသိန်းစိန် လျှောက်လာသည့်အခါ အားလုံးမှင်တက်မိနေကြသည်။ ၎င်းက ဖဲကြိုးဖြတ်ပြီး လက်ဝှေ့ယမ်းပြချိန်တွင် မည်သူကမျှ စောဒကမတတ်ကြပါ။ ကျန်းမာရေးကောင်းသားပဲဟုသာ သတ်မှတ်ခဲ့ကြသည်။

ဦးသိန်းစိန်သည် ပြည်တွင်း၌လည်း စီးပွားရေးသမားများ၏ သဘောကျနှစ်
သက်ခြင်းခံရသူ ဖြစ်သည်.။ယခင်အပတ်က ဘန်ကောက်ဘဏ်၏ မြန်မာ
နိုင်ငံဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်ဟောပြောခဲ့သူ SPA(Myanmar)
ကုမ္ပဏီဥက္ကဋ္ဌ ဆာ့ဂ်ျပန်းက ဗိုလ်ချုပ်ဟောာင်းသမ္မတကို ချီးကျူးပြောဆို ခဲ့သည်။ “ဦးသိန်းစိန်ဟာ အထူးစပယ်ရှယ် သီးသန့်ပုဂ္ဂိုလ် တစ်ဦးပါ။
ဖြောင့်မတ်၊မှန်ကန်တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးပါ။ တပ်မတော်အစိုးရလက်ထက်
တုန်းက စီးပွားရေးသမားတစ်စုက ဦးသိန်းစိန်နဲ့အစည်းအဝေးအပြီးမှာ စားပွဲပေါ်ကိုအထုပ်တစ်ခု ထားခဲ့ကြပါတယ်။ ဦးသိန်းစိန်က သူတို့ကိုပြန်ယူ
သွားပါ။ ကျွန်တော် စားဖို့ လုံလောက်ပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ဆာ့ဂ်ျပန်းက ဆိုသည်။ဦးသိန်းစိန်သည် တပ်မတော်သား(စစ်သား)အဖြစ်
အမှုထမ်းစဉ်က အမိန့်နာခံသူဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာနှင့်မညီသော အရာများကိုပါခိုင်းပါက အမြဲငြင်းဆန်လေ့ရှိသည်ဟု ဆာ့ဂ်ျပန်းက ပြောကြား
သည်။

ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတွင်အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင် ဆာ့ဂ်ျပန်းက ၂၀၁၅ ရွေးကောက်ပွဲတွင်ဦးသိန်းစိန် ဖြစ်စေ၊ ဒေါ်အောင်ဆန်း
စုကြည် ဖြစ်စေ တစ်ဦးဦးအနိုင်ရပါက ပျော်ရွှင်မည်ဟုဆိုသည်။“ခေါင်းဆောင်
နှစ်ဦးလုံးဟာ မှတ်ကျောက်တင်ခံနိုင်တဲ့ ကိုယ်ကျင့်သိက္ခာတွေကို ပိုင်ဆိုင်
ထားကြပါတယ်။ ဒါကြောင့် သူတို့လက်တွဲလို့ ရတာပါ။ ဒေါ်အောင်ဆန်း
စုကြည်ဟာ ဦးသိန်းစိန်ကိုယုံကြည်လို့ရ၊ မရအကဲဖြတ်ဖို့ ၆ လလောက် အချိန်ယူခဲ့ရပါတယ်။ ပြီးတော့ သူ့ကိုထောက်ခံခဲ့ပါတယ်”ဟု ဆာ့ဂ်ျပန်းက
ပြောသည်။ ဦးသိန်းစိန်သည် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ အဖြစ် ယခင်အပတ်က ပြန်လည်အရွေးခံရသည်။ သူသည် စစ်တပ်မှအနားယူကာ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ ဝင်ရန်အတွက် ၂၀၁၀ ဧပြီလတွင် ပြည်ခိုင်ဖြိုး
အဖွဲ့ကို ပါတီဖွဲ့စည်းကာဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ ရွေးကောက်ပွဲအပြီး
အောက် လွှတ်တော်အမတ်ဖြစ်လာကာ ၅ နှစ်သက်တမ်းအတွက် သမ္မတ
အဖြစ် ရွေးချယ်ခြင်းခံရသည်။ဦးသိန်းစိန်သည် ပြီးခဲ့သော စက်တင်ဘာလ
နိုင်ငံတကာခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူအားလုံးကို သဘောကျအောင် ဆက်ဆံခဲ့သည်။ အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိနေစဉ် Asia Society အဖွဲ့ဝင်များ၊ ဥရောပကောင်စီ၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းတို့မှ ခေါင်းဆောင်များနှင့်လည်း ဦးသိန်းစိန်က တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်က “မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ နယ်ပယ်အသီးသီး လှုပ်ရှားမှုများတွင် ပိုမိုပါဝင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့အသိုင်းအဝိုင်းတွင် တာဝန် ယူတတ်သော၊ လေးစားခံထိုက်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း၊ ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို မလျှော့သောဇွဲဖြင့် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်သစ်တစ်ခုကို အစပျိုးနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့ကလည်း မြန်မာ့စီးပွားရေး
ဖွံ့ဖြိုးမှုတွင် အဓိကအတားအဆီးဖြစ်နေသော မြန်မာထွက်ကုန်တင်သွင်းမှု ပိတ်ပင်ချက်ကို ရုတ်သိမ်းကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်
ကြေညာခဲ့ကြသည်။မြန်မာနိုင်ငံအတွက် အချိန်ကာလသည် မြန်မြန်
ဆန်ဆန် ရွေ့လျားဖြတ်သန်းနေသည်။ Google တွင် Thein Sein ဟုရိုက်နှိပ်
ရှာဖွေပါက ရလဒ်ပေါင်း ၃၅၇,၀၀၀ ခန့်ရရှိပါလိမ့်မည်။ Suukyi အတွက် ရလဒ်ပေါင်း ၁၅.၉ သန်းနှင့် Barack Obama အတွက်ရလဒ်ပေါင်း ၂၂၆
သန်းတို့ကိုမူ ယှဉ်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်သိပ်မဆိုးလှဟုဆိုရမည်။

မြန်မာဟူသော ကျောက်ရိုင်းတုံးကလေးကို ယခုအခါပြပွဲတင်ရုံသာ ရှိပါ
သေးသည်။ သူ့ကိုအုပ်ထိန်းနေသူ နောက်တစ်ကြိမ်ပြန်အရွေးခံရမလား ဆိုသည်ကို စောင့်ကြည့်ကြရမည်ဖြစ်ပါတယ်။

Transparency

By Myanmar Online News

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment