Friday 26 October 2012

အမျိုးသမီး၏ ကာအိနြေ္ဒပျက်စီးစေရန် လက်ရောက်စေခဲ့သူအား ဖမ်းဆီးမိ


၂၀၁၂ ခုနှစ်အတွင်း ညဥ့်အချိန် ပုန်း
လျှိုးဝင်ရောက်ကာ အိနြေ္ဒပျက်စီးစေရန်
လက်ရောက်စေမှုဖြင့် အမှုဖွင့် ထားသော
အမှု တစ်ခုသာရှိကြောင်း ကျောက်မဲမြို့
နယ် ရဲစခန်းမှ သိရှိရသည်။


အိပ်ပျော်နေသော အမျိုးသမီးတစ်ဦး၏ ခုတင်ပေါ်သို့တက်ရောက်၍ စောင်ကို
လှန်ကာ လက်ဖြင့် စမ်းသပ်ခဲ့ သူအား အောက်တိုဘာလ(၂၃) ရက်နေ့က
ကျောက်မဲရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ( ၄) ရက်နေ့၌ ကျောက်မဲမြို့အမှတ်(၂)ရပ်ကွက်၊ ရန်ကင်း
ရပ်နေအသက် (၂၂ )နှစ် အရွယ် အိပ်ပျော်နေသူ အိမ်ထောင်သည်အမျိုးသမီးငယ်
၏ ခုတင်အောက်တွင် အမျိုးသားတစ်ဦးမှ ပုန်းခိုကာ ညဥ့်အချိန်တွင် ခုတင်ပေါ်သို့တက်ရောက်၍ စောင်ကိုလှန်၍ လက်ဖြင့် စမ်းသပ်ပြီး ထွက်ပြေးပုန်း ရှောင်သွား ခြင်းဖြစ်သည်။

ကာယကံရှင်အမျိုးသမီးမှ မသင်္ကာ၍` ဘယ်သူလဲ´ဟုအော်လိုက်ရာ ၄င်းမှာ
ထွက်ပြေးသွားခဲ့ပြီး(၂)လခ န့် ရှောင် တိမ်းပုန်းခိုနေရာ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

အသက်(၂၂) နှစ်ရှိ ကာယကံရှင်အမျိုးသမီးမှ ၄င်း၏ နေအိမ်နှင့် ပေ(၂၀၀) အကွာရှိ
အိမ်ခန်းတစ်ခုတွင် အမျိုး သားကို ပြန် လည်တွေ့မြင် သဖြင့် ကျောက်မဲ ရဲစခန်းသို့
တိုင်ကြားခဲ့ရာမှ တိုင်ကြားပြီး (၂)နာရီအကြာတွင် ဖမ်း ဆီးမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ကာယကံရှင်အမျိုးသမီးမှ ကျောက်မဲမြို့နယ်တရားရုံးတွင်
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၄၅၆/၃၅၄) ( ညဥ့်အချိန်ပုန်းလျှိုးဝင်ရောက်ကာ အိနြေ္ဒပျက်စီးစေရန်လက်ရောက်စေမှု) ဖြင့် အမှုဖွင့်ထားပြီး တရားခံဟု ယူဆရသူ
အသက် (၂၇)နှစ်ရှိ အမျိုးသားကိုမူ ကျောက်မဲရဲစခန်းတွင် ထိန်းသိမ်း
ထားကြောင်း သိရ သည်။

By Shwe MyitMakha Media Group

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment