Friday 26 October 2012

ရခိုင်များကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှု ALP အပြင်းအထန်ကန့်ကွက်


ဘင်္ဂါလီမှုဆလင်များ၏ အကြမ်းဖက်သောင်းကျန်းနေမှုများကို လက်ရှိအစိုးရအနေဖြင့် နိုင်နှင်းစွာကိုင်တွယ်ဆောင်ရွက်ရမည့်အစား မိမိတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်နက်နယ်မြေကို အသက်ပေးကာကွယ်နေသည့် ရခိုင်တို့အား မြန်မာစစ်တပ်မှ မတရားပစ်ခတ်
သတ်ဖြတ်နိုမ်နှင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည်မှုနှင့် လုံးဝလွဲချော်နေပြီး “သူးခိုးဓါးရိုးကမ်း“ သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောင်ရေးပါတီ ALP မှ ပြင်းထန်စွာကန့်ကွက်လိုက်သည်။

ထုတ်ပြန်ချက် မှုရင်းအတိုင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန

လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်ပြည်တွင်း ခိုးဝင်သူ ဘင်္ဂါလီများ၏ အကြမ်းဖက်သောင်းကျန်းမှုများနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ သဘောထားထုတ်ပြန်ချက်

ယခုလက်ရှိဖြစ်ပေါ်နေသည့် ခိုးဝင်သူ ဘင်္ဂါလီများ၏ အကြမ်းဖက်သောင်းကျန်းနေမှုများသည် မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလေးရေး ကာလတွင် လူမျိုးသစ်တစ်ခု အဖြစ် အသိအမှတ်ပြုရေးအတွက် ကြိုတင်စီစဉ် အကွက်ချ လုပ်ဆောင်နေသည့် တစ်ဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီမူဆလင်များနှင့် ၄င်းတို့ကို အားပေးအားမြှောက်ပြုနေသည့် နိုင်ငံများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။

၂။ ရခိုင်လူမျိုးများအား တမြေတည်းနေတရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ်သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေသည့် ရခိုင်တို့၏ လုပ်ရပ်အား မြန်မာအုပ်ချုပ်သူ အစိုးရနှင့် မြန်မာပြည်သူ တစ်ရပ်လုံးအနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်းပါဝင်သင့်သည်။

၃။ ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမှုဆလင်များ၏ အကြမ်းဖက်သောင်းကျန်းနေမှုများကို လက်ရှိအစိုးရအနေဖြင့် နိုင်နှင်းစွာကိုင်တွယ်ဆောင်ရွက်ရမည့်အစား မိမိတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်နက်နယ်မြေကို အသက်ပေးကာကွယ်နေသည့် ရခိုင်တို့အား မြန်မာစစ်တပ်မှ မတရားပစ်ခတ် သတ်ဖြတ်နိုမ်နှင်းနေခြင်းများသည် မြန်မာအစိုးရမှ ကြွေးကြော်နေသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း ရိုင်းပင်းကူညီရေးဆိုသည်မှုနှင့် လုံးဝလွဲချော်နေပြီး “သူးခိုးဓါးရိုးကမ်း“ သည့် လုပ်ရပ်ဖြစ်၍ ရခိုင်ပြည်လွတ်မြောင်ရေးပါတီ ALP မှ ပြင်းထန်စွာကန့်ကွက်သည်။

၎။ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အမြန်ဆုံး ဖြေရှင်းနိုင်ရန်အတွက် ရသေ့တောင်ညီလာခံကြီးမှ ရခိုင်တို့၏ တောင်းဆိုချက်များအား မြန်မာအစိုးရအနေဖြင့် အမြန်ဆုံး တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ သဘောထားကို ထုတ်ပြန်အပ်ပါသည်။


စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

ဗဟိုဌာနချုပ်၊ ရခိုင်ပြည်။

ဆက်သွယ်ရန် - ၉၁ ၉၆၁၂၈၆၉၄၃၄

ရက်စွဲ ။ ။ ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၂၅ရက်

By Rakhine Citizen Journalists

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

1 comment:

  1. ဒေစာကိုဖတ်ရလို့ စိတ်ဓါတ်တိပိုတက်ကြွလာပါရေ

    နောက်ထပ်လည်း ALP ကစကားသံကို မျှော်လင့်နိန်ပါရေ

    ReplyDelete