
ပခုက္ကူမြို့မှ ပဲကုန်သည် တစ်ဦးသည် ကြိုပွိုင့်စနစ် (လေပတ်ကား စနစ်) ဖြင့် အရောင်းအဝယ်ပြုလုပ် ရာ ကျပ်သိန်းပေါင်း ၃,ဝ၀ဝ ကျော် တန်ဖိုးရှိပဲတင်းပေါင်းတစ်သောင်း ခွဲကျော် အရှုံးပေါ်၍ အောက်တိုဘာ
တတိယပတ်အတွင်းက ထွက် ပြေးခဲ့ကြောင်း မုံရွာမြို့နှင့် ပခုက္ကူ မြို့ရှိ ပဲကုန်သည်များ ပြောပြချက် အရ သိရသည်။
"ကြိုပွိုင့်စနစ်နဲ့ ပဲကုန်သည် တွေက အလိမ်ခံရတာ ဒီအကြိမ်က သုံးကြိမ်၊ လေးကြိမ်မြောက် ကြုံ တွေ့ခဲ့ရတာပါ။ ပဲဈေးတက်တုန်း ကြိုပွိုင့်စနစ်နဲ့ အရောင်းအဝယ်လုပ်တာ ပဲဈေးကျတော့ အရှုံးနဲ့ ရင်ဆိုင်ရမှာစိုးပြီး ထွက်ပြေးတာ ဖြစ်တယ်။၂၀ဝ၆-၂၀ဝ၇ဘဏ္ဍာရေး နှစ်မှာ တစ်ကြိမ်၊ ၂၀ဝ၈-၂၀ဝ၉ ဘဏ္ဍာရေးနှစ်မှာ တစ်ကြိမ်၊ အခုတစ်ကြိမ် ပဲကုန်သည်တွေ အရှုံးနဲ့ရင်ဆိုင်ပြီး ထွက်ပြေးတာ ကြုံခဲ့ရတယ်" ဟု ပခုက္ကူမြို့ ဒေသခံပဲ ကုန်သည်တစ်ဦး က ပြောသည်။ "ပဲကြိုပွိုင့်စနစ်နဲ့ အရောင်း အဝယ်မလုပ်ဖို့ ကုန်စည်ဒိုင်က ကြေညာချက် ထုတ်ထားတာ ကြာ ပါပြီ။ ပဲကုန်သည်တွေ ကြိုပွိုင့် စနစ်နဲ့ ပတ်သက်လို့ ကုန်စည်ဒိုင် မှာ တိုင်ကြားလို့ မရဘူး။ ကုန် စည်ဒိုင်အနေနဲ့လည်း ဖြေရှင်းပေး မှာ မဟုတ်ဘူး။ အခုလိမ်သွားတဲ့ ပဲကုန်သည်က လွန်ခဲ့ တဲ့ လေးငါးနှစ်လောက်တုန်းက မုံရွာဘက်မှာ ပဲလိမ်လည်မှုဖြစ်ပြီး ပခုက္ကူ ဘက်ပြောင်းလာတာပါ" ဟု ပခုက္ကူ မြို့ ဒေသခံ ပဲကုန်သည်တစ်ဦးက ဆိုသည်။
"မုံရွာက အလိမ်ခံရတာ တစ်ဦးတည်းလို့ ကြားတယ်။ ပဲအိတ်ပေါင်း ၁၂၀ဝ ကျော်ပါတယ် လို့ကြားတယ်။ အခု ပဲလိမ်သွား တဲ့သူက အရင်လေး ငါးနှစ်လောက်တုန်းက မုံရွာမှာ ပဲကုန်သည်တွေ လိမ်ခဲ့ဖူးတယ်။ ဒီလူက အခုဒုတိယအကြိမ် ကြိုပွိုင့်စနစ်နဲ့ လိမ်တာပါ" မုံရွာမြို့ဒေသခံ ပဲကုန်သည် တစ်ဦးက ပြောသည်။ ပခုက္ကူမြို့ ဒေသခံ ပဲကုန် သည်တစ်ဦးက ရန်ကုန်မြို့၊ မုံရွာ မြို့နယ်နှင့် ပခုက္ကူမြို့မှ ပဲကုန် သည်များထံမှ ကြိုပွိုင့်စနစ်ဖြင့် ပဲ အရောင်းအဝယ် ပြုလုပ်ရာတွင် ပဲတစ်တင်းခွဲအိတ်ပေါင်း တစ် သောင်းကျော် (ပဲတင်းပေါင်းတစ် သောင်းခွဲကျော်) လိမ်လည်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်း ပခုက္ကူမြို့ဒေ သခံ ပဲကုန်သည်တစ်ဦး လိမ်လည် သော ပဲများမှာ ပဲစင်းငုံ အများဆုံး ဖြစ်ပြီး ဘီတူး(ကုလားပဲလုံးကြီး) အနည်းငယ် ပါဝင်ကြောင်း ပဲကုန် သည်များက ပြောသည်။
ရန်နိုင်ကျော်
အေးချမ်းမွန်မှ THE PUBLIC IMAGE တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
By Aye Chan Mon
Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)
No comments:
Post a Comment