တာမွေဗလီမှ (၁၀၇) အပြာကားကို ကျွန်တော်စီးခဲ့သည်။ ရွှေတိဂုံတိုင်မှတ်တိုင် ရောက်မီ မီးနီမိလေ၏။
“ဆင်းမယ့်လူတွေ ဒီကပဲဆင်းနော်။ မှတ်တိုင်မှာ မရပ်တော့ဘူး” ဟု စပယ်ယာ ကပြောသည် သည်တော့ ကျွန်တော် ကားပေါ်မှ ဆင်းလိုက်ရ၏။ ကားလမ်း
တစ်ဖက်ကိုကူးရန် လူကူးမျဉ်းကျားကို ရှာကြည့်သည်။ ရွှေဂုံတိုင်မီးပွိုင့်လမ်းဆုံ နှင့် အနီးအနားတွင် လူကူးမျဉ်းကျားမရှိ ချေ။ လူကူးမျဉ်းကျားကို ရှာရခြင်းမှာ မတော်တဆကားတိုက်ခံရလျှင် ကျွန်တော့် ဘက်မှ အမှားမရှိစေရန်ကတစ်ကြောင်း ကျွန်တော်ကိုယ်တိုင်က ဥပဒေနှင့် အသက် မွေးသော အလုပ်အကိုင်ကို လုပ်ကိုင်နေ ၍လည်းတစ်ကြောင်းဖြစ်သည်။
လူကူးမျဉ်းကျားမရှိသဖြင့် သည်အတိုင်း ပင် လမ်းဖြတ်ကူးလိုက်သည်။ လက်မောင်း တွင် တာဝန်ဆိုသော အနီရောင်ပိတ်စ ပတ်ထားသော အဖိုးကြီးတစ်ဦးရောက် လာသည်။ ကားတွေကြားထဲက မကူးရ ဘူးဟုပြောပြီး ကျွန်တော်နဲ့ဘေးမှ ကပ် လိုက်လာသည်။ အနည်းငယ်လျှောက် လိုက်လာပြီးနောက်ထက်အဖိုးကြီးတစ်ဦး ထံ ကျွန်တော့်ကိုအပ်ပေးသည်။ “ဗိုလ်မှူး ဆီပို့ပေးလိုက်” ဟုပြော၏။ ကျွန်တော့် စိတ်ထဲ တပ်ကဗိုလ်မှူးများလားဟုတွေး မိ၏။ တပ်ကဗိုလ်မှူးနှင့် သည်ကိစ်္စဘာ မှမပတ်သက်ပါ။
အဖိုးကြီးတွေ တစ်ယောက်ပြီးတစ် ယောက် ကျွန်တော်ကို လက်ပြောင်းခေါ် ခဲ့ကြသည်။ တစ်နေရာတွင်ရပ်ထားသော စည်းကမ်းထိန်းသိမ်းရေးကားကိုတွေ့ရ သည်။ ဗိုလ်မှူးဟုအခေါ်ခံရသူမှာကား ပေါ်တွင် စာအုပ်တစ်အုပ်နှင့် ထိုင်နေပြီး ရင်ဘတ်တွင် မြို့တော်စည်ပင်တံဆိပ် ကပ်ထားသော အသက် (၇၀) အရွယ်ခန့် အဖိုးကြီးတစ်ဦးဖြစ်၏။
“အဘက ဘယ်ကဗိုလ်မှူးလဲ”
“စစ်တပ်ကပေါ့ကွ”
ထိုသို့ပြောပြီး ကျွန်တော့်အမည်၊ အသက်၊ အဘအမည်၊ နေရပ်လိပ်စာတို့ ကိုမေးသည်။ ကြည့်ရသည်မှာ ထိုအဖိုး ကြီးသည် တပ်ကဗိုလ်မှူးဖြင့် ပင်စင်ယူခဲ့သည် ဖြစ်မည်။ ယခုအချိန်တွင် သူ့မှာ ထိုရာထူး နှင့် လုံးလုံးမပတ်သက်တော့ပါ။ သို့သော် သူ့ကိုယ်သူဗိုလ်မှူးဟုပြောသည်။ ကျွန်တော့်ကို ခေါ်ဆောင်လာခဲ့သော အဖိုးကြီးများကလည်း (သူတို့လည်းတပ် မှပင်စင်ယူလားသူများဖြစ်သည်ဆို၏။) ထိုအဖိုးကြီးကို ဗိုလ်ချုပ်ဟုပဲခေါ်သည်။ သာမန်အရပ်သားတစ်ယောက်ဆိုလျှင် ၀န်ထမ်းယောင်ဆောင်မှုဖြင့် အရေးယူ မခံရပေဘူးလား။ သို့သော် စစ်မှုထမ်း ဟောင်းအများစုမှာ ထိုသို့ပင်လူတွင် ကျယ်လုပ်လေ့ရှိသည်မို့ ကျွန်တော်ဘာ မှမပြောတော့ပါ။
“အဘတို့ ကျွန်တော့်ကိုဘာလို့ဖမ်း လာကြတာလဲ”
“လူကူးမျဉ်းကျားကမကူးလို့ပေါ့”
“ဒီအနီးအနားမှာ လူကူးမျဉ်းကျားမှ မရှိဘဲဗျ။ ဘယ်မလဲ လူကူးမျဉ်းကျား” ထိုမေးခွန်းကိုမေးတော့ ဗိုလ်မှူးဆိုသော အဖိုးကြီးက ယာဉ်ထိန်းရဲမေဘက်ကို လက်ညှိုးညွှန်ပြသည်။ သူ့ကိုမေးပါဆို သော သဘော သို့နှင့်ပင် သူမကို ကျွန်တော်ထပ်မေးရပြန်ပါသည်။
“ညီမတို့ ဒီနေရာမှာ လူကူးမျဉ်းကျား မှမရှိဘဲ”
“ဟုတ်ကဲ့ ကျွန်မအထက်ကို တင်ပြ ပေးပါ့မယ်”
“ဟ လူကူးမျဉ်းကျားမရှိတဲ့နေရာမှာ လူကူးမျဉ်းကျားက မကူးလို့ဆိုပြီးတော့ လည်း ဖမ်းသေးတယ်။ ခုမှ အထက်ကို တင်ပြပေးပါ့မယ်ဆိုော့ ဘယ်လိုကြီးလဲ”
ရဲမေလှည့်ထွက်သွား၏။ ဤနေရာ ၌ ကျွန်တော်သာတိုက်ပုံအနက်ဝတ်မထား လျှင် အဟောက်အဟမ်းခံရနိုင်ပါသည်။ လက်မှနာရီကိုကြည့်မိ၏။ ရုံးချိန်နောက်ကျ ပေရော့မည်။ မတတ်နိုင်။ ဖြစ်ခဲ့ပြီးပြီ။ (မီးပွိုင့်တွင် ကျွန်တော့်အား အတင်းဆင်း ခိုင်းခဲ့သောကားကိုလည်း အရေးယူမှုမရှိ ခဲ့ပါ။) စကားကြောမရှည်တော့ဘဲ တိတ် တိတ်နေလိုက်၏။ ကားပေါ်တွင် လူမပြည့် သေးသဖြင့် စောင့်နေရသေးသည်။ လူ (၂၅) ယောက်ပြည့်မှ ကားထွက်လေ၏။ လူကူးမျဉ်းကျားမရှိသည့်နေရာတွင် လူကူး မျဉ်းကျားမှ မကူးသဖြင့် အဖမ်းခံရသူများ ထဲတွင် ကျေနပ်သူတစ်ဦးတစ်လေမျှပင် မရှိပါ။
ကျွန်တော်ကဲ့သို့ အဖမ်းခံရရှာသော အသက် (၇၀) ကျော်အဖိုးကြီးတစ်ဦးနှင့် စည်ပင်ဝတ်စုံနှင့် (ပင်စင်လွန်)အဖိုးကြီး တို့ ခွန်းကြီး၊ ခွန်းငယ်စကားများကြသည်။ ငါတို့က တစ်သက်လုံးမင်းတို့ဆီဓားပြ အတိုက်ခံနေရတာ ဆိုသောသဘောမျိုး ပြောသဖြင့် ဗိုလ်မှူးဆိုသော အဖိုးကြီးက ခင်ဗျားတစ်မှုက နှစ်မှုဖြစ်သွားမယ်နော်။ ပါးစပ်ကိုပိတ်ထားဟုပြန်ပြော၏။
“မင်းတို့က ဟိန်းဟောက်လို့မရရင် ခြိမ်းခြောက်မှာပဲ”
“ဒီမိုကရေစီခေတ်ဗျ။ ခင်ဗျားမကျေနပ် ရင် တိုင်လို့ရတယ်”
“ဒါလားကွ ဒီမိုကရေစီ ယူနီဖောင်း ၀တ်တဲ့လူက မ၀တ်တဲ့လူကို၊ လုပ်ပိုင်ခွင့် ရှိတဲ့လူက လုပ်ပိုင်ခွင့်မရှိတဲ့လူကို အနိုင် ကျင့်တာ ဒီမိုကရေစီလား”
ထိုသို့စကားများရန်ဖြစ်ရင်း လှည်းတန်း ရှိ ယာဉ်ထိန်းရုံးသို့ ရောက်ရှိလာသည်။ ဥပဒေနှင့် အလုပ်လုပ်ပါသည်ဆိုသူများ က မျဉ်းကျားမရှိသောနေရာတွင် မျဉ်းကျား မှ မကူးသဖြင့် ကျွန်တော်တို့ကို ဖမ်းဆီး ခြင်းမှာ ဥပဒေကိုချိုးဖောက်ခြင်းမဟုတ် ပါလော။ လမ်းသွားလမ်းလာများကို ထောင်ချောက်ဆင်ဖမ်းဆီးခြင်းမဟုတ်ပါ လော။ လက်ထဲမှနာရီကို ငုံ့ကြည့်မိသည်။ လတ်တလောတွင် အဖိုးတန်သော ကျွန်တော့်၏အချိန်များ ဓားပြအတိုက်ခံ လိုက်ရပြီဖြစ်သည်။ မတရားဖမ်းဆီးခံရ သဖြင့် လူ့အခွင့်အရေးလည်း ချိုးဖောက် ခံလိုက်ရလေပြီ။
ရုံးကိုရောက်တော့ ပင်စင်လွန်အဘိုး ကြီးတစ်ဦးမှ တစ်ယောက်ချင်း၏အမည် အသက်၊ အဘအမည်တို့ကို မေးပြီး စာရွက်ကိုလေးတွင် ရေးသားက ရုံးအပေါ် ထပ်သို့တက်စေလေသည်။ ယာဉ်ထိန်းရဲ မေတစ်ဦးက မျဉ်းကျားမကူးဟုဆိုကာ ဒဏ်ငွေ ၂၀၀၀ တပ်ရိုက်သည်။ ထောင် ချောက်ဆင်အဖမ်းခံခဲ့ရသော ကျွန်တော် တို့လူစု အေးဓားပြအတိုက်ခံရပြီဖြစ်၏။ (သည်နေရာ၌ အမှန်တကယ် လူကူးမျဉ်း ကျားရှိပြီး၊ မျဉ်းကျားမှမကူးမိ၍ အဖမ်းခံ ရသည်ဆိုလျှင် ကျွန်တော်လက်ခံပါသည်။) ယာဉ်ထိန်းရဲမေဆီဒဏ်ငွေဆောင်ပြီး နောက်တရားသူကြီးရှေ့ကိုရောက်ရပြန် သည်။ အခန်းထဲဝင်ပြီး တရားသူကြီးကို ကျွန်တော်ဦးညွတ်လိုက်၏။
“ဟာ ရှေ့နေကြီးလည်း အဖမ်းခံရတဲ့ အထဲပါလာတာလား”
“ဟုတ်ပါတယ်ဆရာမ။ ဒါပေမဲ့ ကျွန်တော်က ရွှေဂုံတိုင်မီးပွိုင့်မှာအဖမ်းခံ ရတာပါ။ အဲဒီမှာလူကူးမျဉ်းကျားမှမရှိဘဲ”
“ဆရာ အဲဒီကိစ်္စကလေ စည်ပင်ကို ပြောရမှာ။ ကျွန်မနဲ့ မဆိုင်ဘူး” ဟု ပြော ၏။ ဒဏ်ငွေ ၂၀၀ ထပ်ဆောင်ရပြန်ပါ သည်။ စည်ပင်ဗိုလ်မှူးဆိုသည့်လူ)ကို ပြောစဉ်က ယာဉ်ထိန်းရဲကိုပြောပါဆို၏။ ယာဉ်ထိန်းရဲမှ တရားသူကြီးထံတင်ပြပါ ဟု ညွှန်လေသည် ယခုတရားသူကြီးက စည်ပင်ကိုလက်ညှိုးထိုးပြန်ပါ၏။ သေချာ သည်မှာကားကျွန်တော်တို့လူ (၂၅) ယောက် စလုံး ၂၈.၉.၂၀၁၂ ရက်နေ့ နေ့လည် ၁၁း၃၀ အချိန်တွင် (ဟိုခေတ်တုန်းက အတိုင်း) ထောင်ချောက်ဆင်ခံရပြီး အေး ဓားပြအတိုင်ခံရလေသည်။ ငွေသာမက ကျွန်တော်တို့၏အချိန်များကိုလည်း ဓား ပြတိုက်ခံရခြင်းဖြစ်၏။ မတရားဖမ်းဆီးခံ ရသဖြင့် လူ့အခွင့်အရေးလည်း ချိုးဖောက် ခံရလေသည်။ ထိုနစ်နာမှုအတွက်အဘယ် သူတွင် တာဝန်ရှိလေသနည်း။
ကြည်တင့်
By Hot News Weekly
တရားသူကြီးဆိုတာ အမှားအမှန် ဆုံးဖြတ်ရမယ့်သူပါ။ အစိုးရကခိုင်းသလို လိုက်လုပ်ရတဲ့သူမှ မဟုတ်တာ။ မှားနေကြောင်းသိရင်ပြန်လွှတ်ပေးရဲ ရမှာပေါ့။ အခုတော့ခိုင်းဖတ်လိုပဲ စည်ပင်ကခိုင်းရင်လည်းလုပ်ပေးရ ယာဉ်ထိမ်းလောက်အဆင့်ကခိုင်းရင်လည်း လုပ်ပေးရနဲ့ တရားသူကြီးတွေ အဆင့်ကို မရှိတော့ဘူး အမှန်အတိုင်း မဆုံးဖြတ်ရဲရင်တရားသူကြီးအဖြစ် ဘာလို့ဝင်လုပ်သေးလဲ ။
ReplyDelete