Thursday 4 October 2012

ရန်ကုန်တွင် တရားမ၀င် ကန်ထရိုက်တိုက် ဆောက်လုပ်မှု ပိုများလာ


Photoရန်ကုန်မြို့အတွင်း ဆောက်လုပ်ခွင့်လိုင်စင်မဲ့ ကန်ထရိုက်ဆောက်လုပ်မှုသည် ပြီးခဲ့သည့်နှစ်များထက် ယခုနှစ်တွင် အများဆုံးဖြစ်ပြီး လက်ရှိ တရားစွဲဆို အရေးယူထားသော
ကန်ထရိုက်အလုံးရေ ၂၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံအင်ဂျင်နီယာဌာနမှ ဌာနမှူးဦးမောင်မောင်ဇော်ကပြောသည်။

လိုင်စင်မဲ့ ကန်ထရိုက်အဆောက်အအုံ ၂၀၀ ကျော်အား စည်ပင်သာယာရေးကော်မတီ ဥပဒေပုဒ်မ-၂၈ ဖြင့် တရားစွဲဆို ဒဏ်ကြေးပေးဆောင်စေကာ မြို့နယ်စည်ပင်သာယာမှ အသိပေးစာများ ကပ်သော်လည်း လိုက်နာမှုမရှိ၍ ဥပဒေပုဒ်မ-၂၉ အရ ဒဏ်ကြေးငွေ တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းအထိ ခွင့်ပြုရက် ကာလမတိုင်ခင်အထိ ပေးဆောင်ရမည်ဟု ဆိုသည်။

“ဒီနှစ်မှများတာ။ အရင်နှစ်က ဒီလောက်ထိမများဘူး။ ဘာလို့ များလာတာလဲဆိုတော့ ကန်ထရိုက်တွေက စည်းကမ်းမလိုက်နာကြလို့။ ကော်မတီအနေနဲ့ ဆောက်လုပ်ခွင့်ချပေးတာ နှစ်လတောင်မကြာပါဘူး”ဟု ဌာနမှူးဦးမောင်မောင်ဇော်က ပြောသည်။

ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ အရေးယူထားသော ကန်ထရိုက်များအနက် သင်္ဃန်းကျွန်းမြို့နယ်၌ လိုင်စင်မဲ့ ကန်ထရိုက်တိုက်များကို အများဆုံးအရေးယူရပြီး ဆ/ကရပ်ကွက်အတွင်း၌ပင် အရေးယူခံရသော ကန်ထရိုက်တိုက် ၁၃၀ ကျော်အား အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

By 7Day News Journal

No comments:

Post a Comment