Thursday 4 October 2012

နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုများနေချိန် ပုဂံဒေသခံများ အကျိုးဖြစ်ထွန်းမှုနည်းပါးနေ


ရှေးဟောင်းပုဂံညောင်ဦးဒေသသို့ ယခုနှစ်တွင် နိုင်ငံခြားခရီးသွား
စံချိန်တင်မြင့်တက်လာသော် လည်း မြန်မာနိုင်ငံ၌ နိုင်ငံတကာသုံး
(Credit Card)များ အသုံးပြု၍မရသေးသောကြောင့့်် ဒေသတွင်းအကျိုးစီးပွား

ဖြစ်မှုနည်းပါးလျှက်ရှိကြောင်း ပုဂံမြို့မှခရီးသွားစကားပြန်များထံက သိရှိရသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များမှာ ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများနှင့်ဆက်သွယ်ခြင်းမရှိပဲ ကိုယ့်အစီ အစဉ်ဖြင့်သာ လာရောက်မှုများရှိနေခြင်း၊ နိုင်ငံခြားသားများတွင်ပိုက်ဆံမလုံလောက်ခြင်း
ကြောင့် အစား အစာများကို ချွေတာစားခြင်း၊ လည်ပတ်ရာတွင် လမ်းလျှောက်သွားခြင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ များအတွက် အကျိုးစီးပွားမရှိပဲဖြစ်နေကြောင်း မြို့ခံတို့က ဆိုသည်။

“ဧည့်သည်တွေကတော့ အများကြီးလာတယ်။ ပိုက်ဆံလည်း အလုံအလောက်မပါဘူး၊ ဖြစ်သလိုနေဖြစ် သလိုစားနေတာ။ လမ်းဘေးမှာတောင် ကားသမားတွေအိပ်သလို ပိုက်ခွေကြိုးတန်းပြီးတော့ အိပ်တာ။ လမ်းဘေးမှာအိပ်တော့အသက်အန္တရယ် စိုးရိမ်ရတယ်လေ။သူတို့တစ်ခုခုဖြစ်ရင် နောက်ပုဂံရဲ့ပုံရိပ်ပါ ကျဆင်းသွားနိုင်တယ်”ဟု ပုဂံပွင့်လင်းလူ့အဖွဲ့အစည်းက ကိုအောင်ရွှေကပြောသည်။

အချို့နိုင်ငံခြားသားခရီးသွားများမှာ ပုဂံရှိ ဟိုတယ်များ၊တည်းခိုခန်းများတွင် တည်းခိုခြင်းမရှိပဲ လမ်းဘေးနေရာ များတွင် ပိုက်ပုခတ်များဖြင့် အိပ်စက်ခြင်းများပြုလုပ်နေခြင်းကြောင့် ၄င်းတို့၏ အသက်အန္တရယ်
ထိခိုက်မှုရှိပါက ပုဂံမြို့ပုံရိပ်များကျဆင်းသွားနိုင်သည့်အတွက် ထိန်းချုပ်ရန် လိုအပ်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

“ နိုင်ငံခြားသားတွေ အဲဒီလို စည်းကမ်းမဲ့နေထိုင်တာတွေ ခွင့်ပြုလိုက်ရင်
နောက်လူတွေလည်း လိုက်လုပ်မှာ ကြောက်ရတယ် ၊မြန်မာကလည်း
ဘူတန်နိုင်ငံလိုဖြစ်အောင် လုပ်ရမယ်” ဟု ကိုအောင်ရွှေက ဆက်ပြောသည်။

ယခင်နှစ် ၂၀၁၁ခုနှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား(၈)သိန်း ၀င်ရောက်ခဲ့သော်လည်း ပုဂံဒေသသို့ (၃)သိန်းသာ လာရောက်
ခဲ့ကြောင်းကိုလည်း သိရှိရသည်။

ယခုနှစ် အစိုးရသစ်လက်ထက်ပြုပြင်ပြောင်းလဲလာသော နိုင်ငံရေး
အပြောင်းအလဲများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလတွင်ပင်
ပုဂံဒေသသို့ ခရီးသွား(၄)သိန်း ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကမ္ဘာလှည့်ခရီးသွား အများအပြားဝင်ရောက်လာသော်လည်း
ဒေသခံများအတွက် အကျိုးစီးပွားခံစားခွင့်မှာ အလွန်နည်းပါး
လျှက်ရှိကြောင်းကိုလည်း ဒေသခံများက ဆိုသည်။

“ဧည့်သည်တွေ အများကြီးလာပြီးတော့ ဈေးဝယ်တာလည်း မတွေ့ဘူး။ ဈေးလည်း အများကြီးတင်မရောင်း ရဲဘူး” ဟု ဘုရားဈေးတွင် ရေဆေးပန်းချီကားရောင်းသူကိုဝင်းလိုင်ထွန်းကပြောသည်။

ယခုကဲ့သို့နိုင်ငံခြားသားဝင်ရောက်မှုများသော်လည်း ဒေသတွင်း အကျိုးဖြစ်ထွန်းမှုနည်းပါးပါက ရေရှည်တွင် ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်ထားသည့် ရင်းနှီးမြှပ်နှံသူများအတွက် ဆုံးရှုံးမှုကြီးမား နိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက ဆိုသည်။

ယခုနှစ်ခရီးသွားရာသီအတွက် ပုဂံညောင်ဦးတွင် ဘော်ဘူး(BOB)စီးခြင်း၊ ဧရာဝတီမြစ်အလှအား ခံစားလိုသူ များအတွက် Road to Mandalay သင်္ဘော ၊RV ပေါက်ကံ(၁)(၂)၊ အိတ်ဇော သုဂေါ၊ အမရာ၊
ပုဂံမင်းသမီးစသည့် သင်္ဘောများ ပြင်ဆင်ထားသလို၊ ပုဂံအလှ
ရှုခင်းများကြည့်ရှုလိုသူများအနေဖြင့် ပုဂံမြင်းလှည်း(ရထားလုံး)များ စီးနိုင်သည်။

ပုဂံညောင်ဦးဒေသသို့ ပြင်သစ်၊ဂျာမနီ၊အင်္ဂလန်၊စပိန်၊အီတလ်ီစသည့် ဥရောပနိုင်ငံများက ခရီးသွားများ ဧည့်သည်များ အများဆုံးဝင်ရောက်မှုရှိပြီး အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများကလည်း ၀င်ရောက် လျက်ရှိသည်။

By MyitMakha Media Group

Photo - Myanmar Online News

No comments:

Post a Comment