Thursday 4 October 2012

အာကာသယာဉ် အပျက်အစီးများနှင့် ဝင်တိုက်မှုရှောင်ရှားရန် နိုင်ငံတကာ အာကာသစခန်းကို ရွှေ့ပြောင်းမည်


အာကာသအတွင်း လွင့်စင်နေ သည့် အာကာသယာဉ် အပျက် အစီးအပိုင်းအစများနှင့် ဝင်တိုက် မှုကိုရှောင်ရှားနိုင်ရန်အတွက် နိုင်ငံတကာအာကာသစခန်းကို အခြားဂြိုဟ် ပတ်လမ်းတစ်ခုအတွင်းသို့
ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ရုရှားအာကာသထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ရွှေ့ပြောင်းမည့်အစီအစဉ် ကို အောက်တိုဘာ ၄ ရက် နံနက် ၇ နာရီ ၂၂ မိနစ်တွင် အဆင့်မြှင့် ဒုံးပျံများကို အသုံးပြု၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာကာသ ထိန်းချုပ်ရေးစခန်းမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး နာယက်ဒါ ဇက်ယာလိုဗာက ပြောကြားခဲ့သည်။

အရွယ်ပမာဏအားဖြင့် ၁ဝ စင်တီမီတာ ထက်ကြီးသော အာကာသယာဉ် အပျက်အစီး အပိုင်းအစ ၂၁ဝဝဝ ကျော်သည် ကမ္ဘာပတ်လမ်းကြောင်းတွင် လွင့်စင်လျက်ရှိကြောင်း နာဆာအာကာသ အေဂျင်စီက ခန့်မှန်းပြောကြားခဲ့ပြီး အဆိုပါ အပိုင်းအစများသည် နိုင်ငံ တကာအာကာ သစခန်းအတွက် ကြီးမားသော ပြဿနာများ ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် အာကာသ ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက စိုးရိမ်ပူပန်လျက် ရှိသည်ဟု သိရသည်။
အဆိုပါ အာကာသစခန်းတွင် ရုရှားနိုင်ငံမှ အာကာသယာဉ်မှူးသုံးဦး၊ အမေရိကန်မှ နှစ်ဦးနှင့် ဂျပန်နိုင်ငံမှ အာကာသယာဉ်မှူး တစ်ဦးတို့သည် စမ်းသပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

By မြ၀တီ

No comments:

Post a Comment