Thursday 4 October 2012

မိခင်က အရက်ဝယ်မပေးသဖြင့် သားဖြစ်သူက နေအိမ်ကိုမီးရှို့


မင်းကင်းမြို့နယ် အင်းတောင်းကျေး ရွာ၌ စက်တင်ဘာ ၂၈ ရက် နံနက် ၁ဝ နာရီက သားဖြစ်သူမှ မိခင်ကို အရက် ဝယ်ခိုင်းရာ မဝယ်ပေးသဖြင့် နေအိမ်အား မီးနှင့်ရှို့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လှမျိုးဝင်း ၂၃ နှစ်(ဘ) ဦးပေါလှိုင်သည် မိခင်ဖြစ်သူက မိမိ အတွက် အရက်ဝယ်မပေးသည့်ကိစ္စ နှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ပြီး နေအိမ်အား မီးရှို့ခဲ့ရာ ရပ်ကွက်နေ ပြည်သူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွား ခဲ့သည်။ မီးလောင်မှုကြောင့် သက်ငယ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်၏ ခေါင်မိုးသက်ငယ်များ ဆုံးရှုံးခဲ့သဖြင့် မင်းကင်းမြို့ရဲစခန်းမှ လှမျိုးဝင်းအား (ပ)အမှတ် ၆၉/၂ဝ၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၄၃၆အရအမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။

By မြ၀တီ

No comments:

Post a Comment