Thursday 4 October 2012

တောင်ကိုရီးယားတွင် နျူဓာတ်ပေါင်းဖိုနှစ်လုံး ပိတ်သိမ်း


တောင်ကိုရီးယားနိုင်ငံတွင် နျူကလီးယားစက်ရုံနှစ်ခုမှ ၁၀၀၀ မီဂ္ဂါဝပ်ရှိသော နျူဓာတ်ပေါင်းဖိုနှစ်လုံးအား အောက်တိုဘာလ ၂ ရက်နေ့က သက်ဆိုင်ရာမှ ပိတ်ပစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ယခုပိတ်ခဲ့ရသည့် အရှေ့တောင်ကမ်းခြေဒေသရှိ Shingori နှင့် အနောက်တောင်ကမ်းခြေဒေသရှိ Yeonggwang အမည်ရှိ နျူဓာတ်ပေါင်းဖို နှစ်ခုစလုံးတွင် ဓာတ်ရောင်ခြည်စိမ့်ထွက်သည့် လက္ခဏာမရှိကြောင်း ကိုရီးယားဟိုက်ဒရိုနှင့် နျူစွမ်းအင်(Korea Hydro and Nuclear Power (KHNP)) မှ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဘူဆန်မြို့အနီးရှိ Shingori နျူဓာတ်ပေါင်းဖိုသည် ယမန်နှစ် ဖေဖော်ဝါရီလက စတင်လည်ပတ်ခဲ့ပြီး ယခုကဲ့သို့ ပိတ်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

တောင်ကိုရီးယားတွင် နျူကလီးယားစက်ရုံ ၂၃ ရုံရှိပြီး နိုင်ငံလျှပ်စစ်စွမ်းအင် လိုအပ်ချက်၏ ၃၅ ရာ ခိုင်နှုန်းအား ထောက်ပံ့ပေးနေသည်။

Ref:AFP

By Eleven Media Group

No comments:

Post a Comment