Thursday 4 October 2012

အိုဘားမားနဲ့ ကန်နမ်စတိုင်


ယူကျုကို နောက်ဆုံး ရောက်လာတဲ့ထဲ အထင်ကရ ဖြစ်နေတာကတော့ အိုဘားမားရဲ့ ကန်နမ်စတိုင် ဆိုတာပါပဲ။
လူတကာ ကန်နမ်နေကြချိန်မို့ လတ်တလော  ဆောင်ရွက်သင့်တာကတော့  ဗီဒီယိုကင်မရာ + ကိုယ်နဲ့
ဝါသနာတူသူတို့ရဲ့ အခုန်အပေါက် + ကန်နမ်စတိုင် တီးလုံး/သီချင်း တို့ကို ပေါင်းစပ်ပြီး အွန်လိုင်းတင်လိုက်ဖို့ ဖြစ်ပါလိမ့်မယ်။

၂၀၁၂ မှာ အဖမ်းစားနိုင်ဆုံးအရာတခုဖြစ်တဲ့ ကန်နမ်စတိုင်က ရှေ့နှစ်ထဲအထိ ပေါက်အုံးမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် လာမယ့် မြန်မာပြည်သင်္ကြန်မှာ သေချာပေါက် ပေါက်မယ့်သီချင်းပါ။

မြန်မာတွေထဲက ကန်နမ်စတိုင်ကို မိတ်ဆက်ပေးကြတဲ့ထဲ အကောင်းဆုံးတခုကတော့ ရှင်ထွေးအိမ်ရဲ့ တကိုယ်တော်ရိုက်ချက် ဖြစ်ပါတယ်။
လိပ်စာက http://www.youtube.com/watch?v=q6MSlzmxliw
သဘောကျကြမှာပါ။ ကန်နမ်စတိုင်ဆိုတာ ဘာများလဲ၊ ဖြစ်နိုင်ချေရှိတဲ့ မြန်မာမှုပြုချက် ၂ ခုကိုလည်း ရှင်ထွေးအိမ်က လက်တွေ့ ရှင်းပြထားလေရဲ့။

(ယူကျုရုပ်သံတွေက မြန်နှုန်းသိပ်နိမ့်နေရင်တော့ ကြည့်ရ အဆင်ပြေမယ်မဟုတ်ပါဘူး။)

အခုလောက်ဆိုရင် ဦးဟိုဒင်းတို့၊ ဗိုလ်ချုပ်ဟောင်းxxxxx တို့ ပါဝင်တဲ့ မြန်မာ ကန်နမ်စတိုင်တွေ ဖန်တီးနေကြပြီလို့ ယူဆရရပါတယ်။



၂၀၁၂ ကိုရီးယားမယ်ပြိုင်ပွဲဝင်မယ့်သူတွေ ပါဝင်သရုပ်ဆောင်ထားတယ် ဆိုတဲ့ ကန်နမ်စတိုင်ရုပ်သံ


မြောက်ကိုရီးယားကို သရော်ထားတဲ့ ကန်နမ်စတိုင်





By Irrawaddy

No comments:

Post a Comment