Sunday 14 October 2012

ပြစ်မှုနှင့် ပြစ်ဒဏ်မျှတစေလို

ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်ရာဇသတ်ကြီး ခေါ် ပြစ်မှုဥပဒေအပြင်၊ ပြစ်ဒဏ် ပေးနိုင်ရန် ပြဋ္ဌာန်းသော အထူး
ဥပဒေများပါဝင်ကြပါသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသော ပြစ်မှုဥပဒေများကို မည်သူမဆို ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေပါ ပုဒ်မတို့အရ အရေးယူ ကြရပါသည်။
ပြည်သူ့ရဲ၏ အဓိကတာဝန် မှာ မှုခင်းကို ကြိုတင်ကာကွယ်ရ မည်ဖြစ်ပြီး၊ ပြစ်မှုကျူးလွန်ပါက ကျူးလွန်သူကို သက်ဆိုင်ရာ ပုဒ်မတို့ဖြင့် အရေးယူဆောင်ရွက် ကြရန်ဖြစ်ပါသည်။
ပြစ်မှုဆိုင်ရာ တရားရုံးများ ၏ တာဝန်မှာ ပြည်သူ့ရဲမှ ဥပဒေ အရာရှိမှ တစ်ဆင့် ပို့လာသော ပြစ်မှုများကို မှန်မှန်နှင့်မြန်မြန် စစ်ဆေးပြီး ဥပဒေနှင့်အညီ စီရင် ရပေမည်။ အပြစ်မရှိပါက လွတ် ရန်ဖြစ်ပြီး အပြစ်တွေရှိလျှင် ပြစ် ဒဏ်ပေးရသည်။ ပြဋ္ဌာန်းထား သော ပြစ်ဒဏ်ထက် ပိုမိုကြံ့ခံ စေခြင်းမပြုရပါ။ ပြစ်မှုနှင့်ပြစ် ဒဏ်ကို မျှတစေရန် ပြဋ္ဌာန်းထား ပါသည်။ ဟန့်တားလောက်သော ပြစ်ဒဏ်ပေးသင့်သည့် ပြစ်မှုအမျိုး အစားကို ဟန့်တားလောက်သော ပြစ်ဒဏ်များပေးရပေသည်။ တရား ရုံးချုပ်မှ ညွှန်ကြားလွှာများထုတ် ထားပေသည်။ သို့သော် မူအရ ““ကြီးသောအမှုကိုငယ်စေ ငယ် သောအမှုကို ပပျောက်စေ”” ဆို သည်မှာ မြန်မာတို့ဆိုရိုးစကားပင် ဖြစ်ပါသည်။
ခေတ်တစ်ခေတ်တွင် နှိပ် ကွပ်လိုသူများအား ပြစ်မှုဥပဒေ အရ ပြဋ္ဌာန်းထားသောပြစ်မှုဒဏ် မျှဖြင့် အားရတင်းတိမ်ခြင်းမရှိ သည့်အခါ ရနိုင်သမျှ ပုဒ်မ အစီ အရီတို့ဖြင့် ပြစ်မှုများကို ပေါင်း စည်းပြီး တရားစွဲတင်ပို့၍ အနှစ် တစ်ရာကျော်ဖြင့် အပြစ်ပေးခဲ့ခြင်း ဖြင့် တရားစီရင်ရေးဘောင်ကို ချဲ့ ထွင်လာခဲ့ကြဖူးပါသည်။ အခြား နိုင်ငံများတွင်ပင်လျှင် မကြားရ ဘူးသော ရှည်လျားသောထောင် ဒဏ်များချမှတ်ခဲ့ဖူးပါသည်။
ယခုအခါ ခေတ်ပြောင်းစနစ် ပြောင်းကာ အတွေးအခေါ်များ ပြောင်းလဲလာခဲ့ကြပါသည်။ တစ် ကြိမ်က အပြတ်ဖိနှိပ်ခံခဲ့ရသူများ ကိုပင်လျှင် လက်ဆွဲနှုတ်ဆက် မိတ်ဆွေဖွဲ့နေကြပါသည်။ မိုးလုံး ပြည့်မုသာဝါဒဟူသော အဆို အမိန့်များပင် ကွယ်ပျောက်၍ မီဒီယာများနှင့်ပင် ရင်းနှီးစွာ ဆက် ဆံလာကြပါသည်။ ““တိုင်းပြည် ကောင်းဖို့ ၀ိုင်းလုပ်စို့””ဟုပင် ဆို ကြရပေတော့မည်။
မိမိတို့ဦးဆောင်သော နို်င်ငံ တော်သမ္မတကြီးပင်လျှင် ကိုယ် ရောစိတ်ပါ ပြောင်းလဲကျင့်ကြံ အားထုတ်နိုင်သည်ကို စံနမူနာယူ ၍ အောက်ခြေ၀န်ထမ်းများအထိ အတွေးအခေါ် အယူအဆအမူ အကျင့်များ လိုက်လံပြောင်းလဲ ကြရပေမည်။ အထက်မှ မေတ္တာဖြင့် ပြုံးရွှင်စွာ ဆက်ဆံ၍ အောက် ခြေက ဆက်လက်ဖိနှိပ်နေလျှင် မသင့်လျော်ပါ။
ပြည်ထောင်စု လွှတ်တော် သည် ပြည်သူတို့၏ လွှတ်တော် ဖြစ်ပါသည်။ ပြည်သူ့ဆန္ဒကို ဖော် ဆောင်နေကြပါသည်။ ဥပဒေ တစ်ခုကို အတည်ပြု ထုတ်ပြန် ကြေညာပြီးလျှင် တည်ဆဲဥပဒေ ဖြစ်၍ ထိုအတိုင်းလိုက်နာဆောင် ရွက်အကောင်အထည်ဖော်ရန်လို ပါသည်။ လွှတ်တော်က ပြစ်မှုနှင့် ပြစ်ဒဏ်ကို ချိန်ဆပြဋ္ဌာန်းပေးခဲ့ ပြီးဖြစ်ပါသည်။ သူတစ်ဦးက အခြားသူတစ်ဦးကို ဓားဖြင့်(၁၀) ချက်ထိုးလျှင် ရရှိသော ဒဏ်ရာ ဒဏ်ချက်အပေါ် မူတည်၍ သာ မန်နာကျင်စေမှုလော ကြီးကျယ် သော အနာတရဖြစ်စေမှုလော စသည်အားဖြင့် သက်ဆိုင်ရာ ပြစ်မှုဥပဒေပုဒ်မ (၃၂၃)သို့မဟုတ် (၃၂၆)တို့အရ အရေးယူလေ့ရှိကြ ပါသည်။ ဓားဖြင့် (၁၀)ချက်ထိုး၍ (၃၂၆)ဖြင့် (၁၀)မှုမဖွင့်ကြပါ။ ထို ဒဏ်ရာ (၁၀)ချက်ကြောင့် သေ လျှင် လူသတ်မှုဖြင့်သာ အမှုဖွင့် ကြပါသည်။
ဥပဒေပညာတတ်ကျွမ်းသူ များသရှိပြီးဖြစ်ကြပါသည်။ စွဲ ချက်များကို ပေါင်းစည်းခြင်း၊ ပြစ် ဒဏ်များကို ပေါင်းစည်းခြင်း စသည်မှာ ဥပဒေနှင့်အညီဆောင် ရွက်နေရသော ပြည်သူ့ရဲများ၊ ဥပဒေ၀န်ထမ်းများ၊ ရှေ့နေရှေ့ရပ် များနှင့် တရားသူကြီးများအသိ ပင်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ဥပဒေ၏ ရည်ရွယ်ချက်ကို မျက် ခြေမပြတ်သင့်ပါ။ ပြည်သူတို့၏ လွှတ်တော်က သူ့အိုးနှင်သူ့ဆန် တန်ရုံပြစ်ဒဏ်ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါသည်။
၂၀၁၁ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၅၊ အဖြစ် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့က ပြဋ္ဌာန်းခဲ့သော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)တွင် မည်သူ မဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်း စွာ စုဝေးခြင်း သို့မဟုတ် ငြိမ်း ချမ်းစွာ စီတန်းလှည့်လည်ခြင်းပြု ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရပါသည်။ လေ့လာကြည့်ရသ၍ဆိုလျှင် စု ဝေးခြင်းရှိရပါမည်။ မည်သို့စုဝေး ခြင်းမျိုးလဲဟုဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်းဖြစ်ရပါမည်။ ထိုငြိမ်း ချမ်းစွာ စုဝေးခြင်းသည် ခွင့်ပြု ချက်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေး ခြင်းဖြစ်ရန်လိုအပ်သည်ဟု နား လည်သဘောပေါက်မိပါသည်။
နောက်တစ်မျိုးမှ စီတန်း လှည့်လည် ရပါမည်။ ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ရပါမည်။ ခွင့်ပြုချက်မရရှိဘဲ စီတန်းလှည့် လည်ခြင်းဖြစ်ရန် လိုပါသည်။
““Continuous ACT တစ် ဆက်တည်းကျူးလွန်သည့်ပြစ်မှု အမျိုးအစားဖြစ်ကြောင်း သတိ ချပ်ရန်လိုအပ်လှပါသည်။
ယခုအခါ ဂျာနယ်များတွင် ဖက်ရှုရသည်မှာ ပြည်သူ့ရဲက တစ်မြို့နယ်တွင် တစ်မှုဖွင့်မည်ဟု ဆိုသောကြောင့် ဥပဒေပြဿနာ ဖြစ်ပေါ်လာ၍ စဉ်းစားရန် ပေါ် ပေါက်ခဲ့ရပါသည်။ မည်သို့မျှ ကြို တင်နမိတ်မပြလိုပါ။ သို့သော် စာ ရေးသူကောင်းစွာ မမီလိုက်သော ဗြိတိသျှအစိုးရလက်ထက်တွင် ရေနံမြေသပိတ်ကြီးပေါ်ပေါက်ခဲ့ ဖူးပါသည်။ တိုင်းတစ်ပါးကိုလိုနီ အစိုးရအုပ်ချုပ်ခဲ့စဉ်က သခင် ဖိုး လှကြီးနှင့်အဖွဲ့ကို တစ်မြို့နယ် ချင်းဖြတ်သန်းသွား၍ မြို့နယ်အ လိုက် အမှုတစ်မှုခြင်း အမှုဖွင့် မဖွင့်အမှုဥပဒေသုတေသီများ သု တေသနလုပ်ရန် ချန်လှပ်ထားခဲ့ ပါရစေ။ ဥပဒေကို ဘောင်မချဲ့ မိဖို့ သတိပြုကြပါမည်။ ဥပဒေ အတိုင်းဆောင်ရွက်သည်ဆိုရာ၌ မှန်ကန်မျှတရန်လည်း လိုပါသည်။ လုပ်ပိုင်ခွင့်ကို အစွန်းရောက်သည် အထိ မသုံးစွဲမိဖို့လည်း လိုပါ သည်။ ပြစ်ဒဏ်ကို ချမှတ်ရာ၌ လျော့လွန်းလျှင်လည်း အရာ မရောက်၊ ပြင်းထန်လွန်းလျှင် လည်း ပြည်သူလက်မခံပါ။ မလျော့မတင်း စောင်းကြိုးညှင်း ဆိုသကဲ့သို့ ပြစ်မှုနှင့် ပြစ်ဒဏ်မျှ တစေရန် လိုပါသည်။ ဥပဒေ သမားများသည် ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည်ဟု မြင် စေလိုပါသည်။ ထိုသို့ ဆောင် ရွက်ရာ၌ တရားမျှတစွာ ဆောင် ရွက်သည်ဟုပါ မြင်စေလိုပါ သည်။ayechanmon.fil14



ဦးမြသိန်း

By Hot News Weekly

No comments:

Post a Comment