Sunday 14 October 2012

ရန်ကုန်မြို့ရှိ လိုင်းကားပြဿနာ မပြေလည်ပဲ ပိုမိုဆိုးရွားလာ

ရန်ကုန်မြို့ရှိ လိုင်းကားများ တွင် ခရီးသည်အပြည့်တင်ဆောင် ခြင်း၊ဆင်ခြေဖုံးမြို့နယ်များတွင်
လိုင်းကားရှားပါးခြင်း၊လိုင်းကား ပေါ်တွင် စပယ်ယာများ
ဗိုလ်ကျ ခြင်းစသောလိုင်းကားနှင့်ပတ်သက် သည့်ပြဿနာများ ယခုချိန်ထိ ဖြစ်နေသည်ကိုရန်ကုန်တိုင်းဒေသ ကြီးအတွင်းနေထိုင်သူများက စိတ်ပျက်ညည်းညူစွာပြောဆိုနေ ကြသည်။ထိုကိစ္စနှင့်ပတ်သက်၍ ဒဂုံ တက္ကသိုလ် သင်္ချာတတိယ နှစ် ကျောင်းသားက““ရန်ကုန်မှာ လိုင်းကားကျပ်တာ အထူးဆန်း မဟုတ်ပါဘူး။ဒါပေမဲ့ တစ်နှစ် ထက်တစ်နှစ်ရန်ကုန်မှာ လူဦးရေ တိုးလာတော့နောက်ပိုင်း ကာလတွေမှာ လိုင်းကားကျပ် တာ ဒီ ထက်ပိုဆိုးလာမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ””ဟုပြော သည်။
လိုင်းကား အစီး(၃၀၀၀) ကျော် ပြည်ပမှ တင်သွင်းမည်ဟု စာစောင်များတွင် ဖတ်ရှုခဲ့ရသော် လည်း လက်တွေ့တွင် လိုင်းကား ကျပ်သည့်ပြဿနာမှာ ယခင် အတိုင်းရှိနေကြောင်း၊အထူးယာဉ် လိုင်းအသစ်များ ပြေးဆွဲသော် လည်း အစပထမတွင်သာ အထူး လိုင်းကားဖြစ်ပြီးနောက်ပိုင်းတွင် မထူးတော့ပဲ ပုံမှန်လိုင်းကားဖြစ် သွားကြောင်း၊ယခုနှစ်နောက်ပိုင်း တွင် ပြေးဆွဲသော ယာဉ်လိုင်း အသစ်ဖြစ်သည့် (သီ
းသန့်)လိုင်း ကားများမှာလည်း လူပြည့်တင် ဆောင်နေမှုများရှိနေကြောင်း၊ လိုင်းကားပေါ်တွင် လူကျပ်သည် ကိုသည်းခံနိုင်သော်လည်း စနစ်တကျ မောင်းနှင်ခြင်းမရှိသော ကြောင့် သွားလိုသောနေရာကို အချိန်မီမရောက်ပဲရှိနေပြီး အချိန် နှင့်တစ်ပြေးညီလုပ်ဆောင်နေရ သော သူများအနေဖြင့် ရန်ကုန် မြို့တွင်းသွားလာရသည်မှာ လုံးဝ အဆင်မပြေကြောင်းကိုပြည်တွင်း မီဒီယာတစ်ခုမှသတင်းထောက် တစ်ဦးက ရှင်းပြသည်။
““သတင်းထောက်တွေဆိုတာ များသောအားဖြင့် နားနေချိန်မရှိ ကြဘူး။အမြဲတမ်းနေရာစုံအောင် လျှောက်သွားနေရတာ၊သတင်းဖြစ်ပြီဆိုတာနဲ့ဖြစ်တဲ့နေရာကိုမ
 ရောက်အောင်သွားရတာ၊လိုင်းကားကျပ် တာက သည်းခံနိုင်တယ်၊ကားကျပ် ပြီးအချိန်တွေကြာတာသည်းမခံ နိုင်တာပါ၊အဲဒီတော့ သတင်းလိုက်ရတာ လုံးဝအဆင်မပြေဘူး။သတင်း ဖြစ်မယ့်နေရာကို ကြိုသိလို့ အဲဒီ နေရာကို ကြိုသွားရင်တောင်မှ မမီလိုက်တာတွေရှိတယ်””ဟု အဆိုပါသတင်းထောက်က ပြော သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသွားလာရ မလွယ်ကူသည်မှာ သတင်းထောက် အလုပ်လုပ်ကိုင်သူများပင် မဟုတ်ဘဲ တခြားလုပ်ငန်းလုပ်ကိုင်သူ များမှာလည်း ထိုနည်းတူစွာဖြစ် နေကြောင်း သိရသည်။
ယင်းကဲ့သို့ လိုင်းကားကျပ် ခြင်းနှင့်ရန်ကုန်မြို့အတွင်း ယာဉ် ကြောပိတ်ဆို့မှုနည်းပါးအောင် အချိန်မီမလုပ်ဆောင်ပါက နောင် လာမည့်နှစ်များတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သော ပြည်သူလူထုများ ကြုံတွေ့နေရ သည့် လိုင်းကားပြဿနာမှာ ပိုမို ဆိုးရွားလာနိုင်ကြောင်း လိုင်းကား အသုံးပြုသွားလာနေသူများက ပြောဆိုနေကြသည်။ayechanmon.fil14

မျိုးမြင့်၊တူးတူး

By Hot News Weekly

No comments:

Post a Comment