Sunday 14 October 2012

ပြည်ပခရီးသည်များ မြန်မာယဉ်ကျေးမှုကို လေးစားလိုက်နာသင့်

ဒီပုံကိုကတော့ facebook စာမျက်နှာက ရတာပါ....ရွှေတိဂုံဘုရား ရင်ပြင်မှာလို့ တင်ထားတဲ့သူကပြောပါတယ်...
မြန်မာနိုင်ငံဟာ ယဉ်ကျေးတဲ့ နိုင်ငံတစ်နိုင်ငံပါ...မြန်မလူမျိုးများသည်လည်း ယဉ်ကျေးကြတယ်(တခြားနိုင်ငံတကာနဲ့ယဉ်ရင်)ရွှေတိဂုံဘုရား ဆိုရင်လည်း နိုင်ငံရဲ့ ပြယုဒ်တစ်ခု..မြန်မာနိုင်ငံ လို့ပြောလိုက်တာနဲ့ ရွှေတိဂုံဘုရားကို တင်းမြင်ကြမှာပါ...ဒီတော့ မြန်မာလူမျိုးများအားလုံးသည်လည်း ရွှေတိဂုံဘုရားကို ကြည်ညိုကြတယ်..ရွှေတိဂုံဘုရားသည်ကား မြန်မာလူမျိုးများရဲ့ အသက်သွေးကြောလို့ တင်စားလို့ရနိုင်ပါတယ်....ဒီလို မြန်မာလူမျိုးတွေ ရိုးရာမပျက်..ကြည်ညိုလေးစားကိုးကွယ်လာခဲ့တဲ့ ရွှေတိဂုံဘုရားရဲ့ ရင်ပြင်ပေါ်မှာ တစ်ချို့ သမီးရည်းစားများ အမြင်မတော်တာလုပ်ကြတယ်...ဒါဟာ ဘုရားဖူး ပြည်သူတွေကို မလေးစားရာကျတာမဟုတ်ဘူး...ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို စော်ကားရာကျတယ်လို့ ကြမ်းပိုးလေး မြင်မိတယ်....အခု အထက်ပါပုံဟာလည်း ဘုရားရင်ပြင်ပေါ်မှာ ဘယ်လိုမှ မသင့်တော်ပါ....ပြည်ပမှ နိုင်ငံခြားသားများသည် မြန်မာပြည်ထဲကိုလာကြသည်..သူတို့လာတာ
မြန်မာပြည်က သံယံဇာတကွယ်ဝမှု..သဘာဝ ဘေးပတ်ဝန်းကျင်ကို လာပြီးလေ့လာကြတာ..
ဒီအထဲမှာ မြန်မာပြည်တွင်းက အထင်ကရ ဘုရားတွေကို သွားရောက်လေ့လာကြတယ်..သူတိ့ ဘုရားရင်ပြင်ပေါ်တက်ပြီး ဘုရားပေါ်လာတာ သူတို့ဗုဒ္ဓဘာသာ ကိုယုံကြည်လို့မဟုတ်ပါဘူး...မြန်မာနိုင်ငံမှာ နာမည်ကြီးတယ်..မြန်မာပြည်သူတွေ ယုံကြည်တဲ့ ဘုရားစေတီတွေကို သူတို့က လာရောက်ကြည့်ရှုရုံသက်သက်ပဲလို့ မြင်မိတယ်...ဘယ်လိုပဲ လာလာ..မြန်မာ့ယဉ်ကျေးမှု ကိုတော့ လေးစားလိုက်နာသင့်တယ်....မြန်မာလူမျိုးများ အမြင်မတော်ဖြစ်စရာတွေကို ရှောင်ရှားသင့်တယ်..သူတို့တွေ လိုက်နာအောင်လည်း ဘုရားပေါ်မှာတာဝန်ရှိတဲ့ ဂေါပက အဖွဲ့တွေက ပြောပြသင့်တယ်...ပြည်ပခရီးသည်တွေ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းလေးတွေကို ဆိုင်းဘုတ်လေးထောင်ပြီး မြင်သာသောနေရာမှာ ရေးပြထားသင့်တယ်...
ပြီးခဲ့တဲ့လ အနည်းငယ်ကလည်း ပုဂံက ရှေ့ဟောင်းစေတီတော်အတွင်းမှာ နိုင်ငံခြားသူတစ်ယောက် မစင်စွန့်တယ်လို့ သတင်းဂျာနယ်တွေမှာဖက်လိုက်ရပါသေးတယ်....ဒါဟာ မြန်မာလူမျိုးတွေ ကိုးကွယ်တဲ့ ဘာသာရေးကို စော်ကား တာနဲ့တူနေတယ်လို့မြင်မိရင်း..မြန်မာပြည်တွင်းမှာ ပြင်သင့်တာပြင်နေချိန်မှာ ပြည်ပ၀င်ရောက်လာတဲ့ ဧည့်သည်တွေလည်း မြန်မာလူမျိုးများ ကိုးကွယ်တဲ့ ဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုကို လေးစားလိုက်နာသင့်တယ်လို့မြင်မိသလို နိုင်ငံတော်မှ တာဝန်ရှိတဲ့ သူတွေလည်း ပြည်ပခရီးသည်နှင့် မြန်မာ့ယဉ်ကျေးမှုကြား ပြဌာန်းသင့်တဲ့ ဥပဒေ(သို့မဟုတ်)ရှောင်ကြည်လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းတွေကို တင်းကျပ်သင့်တယ်လို့မြင်မိရင်း........

ကြမ်းပိုးလေး (အိမ်မက်နန်းတော်)

သတင်း-- Chit Coco မှ ပြန်လည်ကူးယူဖော်ပြသည်ဒ
 
By Aye Chan Mon

1 comment:

  1. ရှေ့ကလူတွေလုပ်လို့နောက်ကလူတွေလိုက်တာ စည်းကမ်းမရှိလို့ ကိုယ့်အိမ်မှာသွားအိပ်ပါလား အလကားကောင်တွေ....း(

    ReplyDelete