Sunday 14 October 2012

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုတော့မည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်ဥက္ကဋ္ဌရာထူးနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်တော့မည် ဖြစ်ကြောင်း ယနေ့ကျင်းပလျက်ရှိသော ပထမအကြိမ်ပါတီညီလာခံမှ
သိရှိရသည်။
နေပြည်တော်တွင် ယနေ့စတင်ကျင်းပလျက်ရှိသော ပထမအကြိမ် ပါတီညီလာခံတွင် တစ်နိုင်ငံလုံးရှိ ပြည်ခိုင်ဖြိုး ပါတီဝင၊် တိုင်းရင်းသားပါတီဝင်ပေါင်း အားလုံးစုစုပေါင်း (၉၁၃) ဦး တက်ရောက်ခဲ့ကြသည်။ 

ပြည်ထောင်စုသမ္မတနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုကြံ့ခို င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော ပထမအကြိမ်ပါတီညီလာခံသို့ တက်ရောက်လာကြသော ပါတီကိုယ်စားလှယ်များအား ယနေ့ နံနက် ၈း၃အချိန်တွင် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။  

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌမှာ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌမှာ ဦးသူရရွှေမန်း၊ အထွေထွေအတွင်းရေးမှူးမှာ ဦးဋ္ဌေးဦးတို့ ဖြစ်ကြောင်း၊ ဦးသိန်းစိန်မှာ နိုင်ငံတော် သမ္မတတာဝန်ကို ထမ်းဆောင်လျက်ရှိသောကြောင့်ပါတီ ကိစ္စများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ သူရဦးရွှေမန်းမှ (၉း၄၅)ခန့်တွင် အဖွင့်အမှာစကားပြောကြားသည်။

တကယ်တော့ ပါတီညီလာခံမှာ အဖွင့်မှာစကားကို ပါတီဥက္ကဌဖြစ်သူ ကပြောရမှာဖြစ်ပေမယ့်ပါတီဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟာနိုင်ငံတော်သမ္မတ တာဝန်ကို ထမ်းဆောင်နေရတာမို့  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ ရထူးသက်တမ်းကာလအတွင်း  ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဆိုသော ပြဌာန်းချက်ပါရှိတာေ ကြာင့် ပါတီဥက္ကဌကိုယ်စား ပါတီဒု-ဥက္ကဌဖြစ်သူ ကျွန်တော်က စကားပြောခွင့်ရခြင်း ဖြစ်ကြောင်း အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

ဦးသူရရွှေမန်းကပါတီညီလာခံအတွင်း ပြောဆြို ပုမူ ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ကြတဲ့ အခါတွင် ဒီမိုကရေစီကျင့်စဉ်များနဲ့ ညီညွှတ်ဖို့နဲ့ ညီလာခံက ထွက်ပေါ်လာမည့် အဖြေ၊ ရလာဒ်နှင့် ဆုံးဖြတ်ချက်များသည် ပြည်သူ့အကျိုးစီးပွား၊ ပြည်ထောင်စုအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စေတနာထား ကြိုးစားဆောင်ရွက်သွားကြပါရန်တိုက်တွန်းရင် နိဂုံးချုပ်ပြောကြားသွားခဲ့သည်။

ပါတီညီလာခံကို အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါရက်အတွင်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပါတီဗဟိုကော်မတီများကိုလည်း ရွေးချယ်တင်မြှောက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

By MyitMakha Media Group

No comments:

Post a Comment