Sunday 14 October 2012

မြန်မာနိုင်ငံတွင် OIC ရုံးများ အခြေစိုက်ခွင့် မပြုရေး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation,OIC) ရုံးများ မြန်မာနိုင်ငံတွင် အခြေစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁၅
ရက်နေ့တွင် တစ်ပြိုင်နက်တည်း ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အဓိကက OIC အလို မရှိရေး ဆန္ဒထုတ်ဖော်ကြမှာပါ။ အမျိုးသားရေးဖြစ်လို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေပါမယ်။ လက်ရှိအချိန်ထိတော့ ကယား၊ ကရင်၊ ချင်း၊ ကချင် ပြည်နယ်တွေကလွဲရင် ကျန်တဲ့တိုင်း နဲ့ ပြည်နယ်တွေမှာ လုပ်သွားဖို့ ချိတ်ဆက်ပြီးပါပြီ။ အမျိုး၊ ဘာသာ၊ သာ သနာကိစ္စဖြစ်တဲ့အတွက် ခွင့်ပြုချက် တောင်းခံသွားဖို့တော့ မရှိပါဘူး”ဟု ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးက ပြောပါသည်။


OIC ရုံး အလိုမရှိကြောင်းကို ရခိုင်ပြည်နယ်၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြသည်ကို တွေ့ရစဉ်
အောက်တိုဘာလ ၁၂ ရက်နေ့ က မန္တလေးတွင် သံဃာတော်အပါး ငါးထောင်ခန့် အပါအ၀င် ပြည်သူများက ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး OIC ရုံးမစိုက်ရေး၊ ဘင်္ဂလားဒေ့ရှ်ရှိ ဘုန်းတော်ကြီးကျောင်းများ မူလအ တိုင်းပြန်ဆောက်ပေးရေး စသည့် အချက်များကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိသေးသောကြောင့် ဆက်လက်ဆန္ဒထုတ် ဖော်ရခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ဆရာတော်တစ်ပါးက မိန့်ကြားပါသည်။

ရခိုင်လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝ လက်မခံနိုင်ပါဘူး။ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်အနေနဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ် . . .
“သက်ဆိုင်ရာက သတင်းစာရှင်းလင်းပွဲ တစ်ရပ်လုပ်ပေးပြီး OIC ရုံးတွေ ဖွင့်ဖို့ကိစ္စကို စာချုပ်ချုပ်ထားတာ မဟုတ်ပါဘူးလို့ ရှင်းလင်းပေး ရင်တော့ ဆန္ဒထုတ်ဖော်မှုမလုပ်တော့ ဘူး။ အဲဒါကိုလည်း စောင့်ကြည့်နေတယ်။ ကြားထဲမှာ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင်တော့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ”ဟု အဆိုပါဆရာတော် က မိန့်ကြားပါသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ တွင် ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်၌ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် အိမ်တော်ရာကျောင်းရှေ့မှ စတင်လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ကြီးများတွင် ၎င်းတို့အစီအစဉ်အတိုင်း လှည့်လည်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံက OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင် ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့် ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန် တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မော တောင်ဖက်သွားဖို့ Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။ အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့ နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။ သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြော ကြားခဲ့သည်။

“အဓိကကတော့ ဘုန်းကြီးတို့ က OIC ကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းလို့ သံသယရှိတဲ့အတွက် ဆန့်ကျင် ကန့်ကွက်ခြင်းဖြစ်ပါတယ်။ ဘုန်းကြီးတို့ ညှိတော့ ညှိနှိုင်းထားတယ်။ ဘာသာရေးကိုထိခိုက်တာ မဟုတ်ဘဲနဲ့ ဘာသာရေး အစွန်းရောက်သမားတွေကိုပဲ ကန့်ကွက်သွားဖို့ပါ”ဟု ယင်းနေ့တွင် ဦးဆောင်လှုပ်ရှားမည့် ဆရာတော်တစ်ပါးက ပြောပါသည်။( သတင်းရေး
သားပေးသော eleven media group ကို အေးချမ်းမွန်မှအထူးကျေးဇူးတင်
ရှိပါသည်)

ရန်ကုန်မြို့နှင့် စစ်တွေမြို့အ ပါအ၀င် ရခိုင်ပြည်နယ်တွင် OIC ရုံး ခွဲများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအ၀င် ထောက်ပံ့ရေးဆိုင်ရာများအတွက် ဖွင့်လှစ်မည်ဖြစ်ပြီး စစ်တွေရုံးကို လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးရာရုံးအဖြစ် ဖွင့်လှစ် မည်ဖြစ်ကြောင်း၊ OIC ကို ကန့်ကွက်ဆန္ဒပြနေခြင်းများမှာ လူထု၏ ထင်မြင်ချက် သက်သက်သာဖြစ်ပြီး အစိုးရသဘောထားမဟုတ်ကြောင်း OIC ၏ မွတ်စလင်လူနည်းစုရပ် ၀န်းဌာနရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ခံမစ္စဒီနာမန်ဒနီက ပြောကြားသည်ဟု အောက်တိုဘာလ ၁၀ ရက် နေ့ ဘီဘီစီ မြန်မာပိုင်းသတင်းတွင် ဖော်ပြခဲ့သည်။(

OIC ရုံးများကို ရန်ကုန်နှင့် စစ်တွေမြို့များတွင် ဖွင့်လှစ်သွားမည် ဆိုသော သတင်းများနှင့်ပတ်သက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးထွေးလှကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက “လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာယာယီရုံးတစ်ရုံးကို အကန့်အသတ်အားဖြင့် နိုင်ငံတကာ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၏ အဆင့် အတန်းများနှင့်အညီ ရန်ကုန်တွင် လိုအပ်ပါက နယ်စပ်ရေးရာဝန်ကြီး ဌာန၏ကြီးကြပ်မှုဖြင့် ဆောင်ရွက် သွားမယ်”ဟု ဖြေကြားခဲ့သည်။

“ စစ်တွေမှာ ဖွင့်မယ်ဆိုတာက တော့ မမှန်ကန်ပါဘူး။ ရန်ကုန်မှာလည်း ဖွင့်ခွင့်ပေးမယ်လို့တော့ မဟုတ် သေးဘူး။ တခြား INGO တွေလို အကန့်အသတ်နဲ့ နောင်ဆိုရင် ရှိကောင်းရှိလာနိုင်တာကို ပြောတာပါ”ဟု ဦးထွေးလှက ဆက်လက်ပြောကြားခဲ့ပါသည်။

အောက်တိုဘာလ ၉ ရက်နေ့ နှင့် အောက်တိုဘာလ ၁၀ ရက်နေ့ များတွင် စစ်တွေမြို့သံဃာတော်များ နှင့် စစ်တွေမြို့ အမျိုးသမီးများအဖွဲ့တို့ က ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီး မြန်မာပြည်တွင်းရေးကို OIC မှ ၀င် ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းကို လုံးဝ ခွင့်မပြု စသည့် အချက်များကို ထည့်သွင်းတောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၅ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ရန် ကုန်မြို့၊ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှုများတွင်လည်း မြန်မာနိုင်ငံ၌ OIC ရုံး ဆောက်လုပ်ခွင့်မပြုရေး ထည့်သွင်း တောင်းဆိုခဲ့ကြောင်း သိရသည်။

အစ္စလာမ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(OIC) ကို ၁၉၆၉ ခုနှစ် စက်တင်ဘာလ၂၅ ရက်နေ့ကစတင် တည်ထောင်ခဲ့ပြီး အဖွဲ့၏အုပ်ချုပ် ရေးရုံးမှာဆော်ဒီအာရေဗျနိုင်ငံ၌ တည်ရှိကာ နိုင်ငံပေါင်း ၅၇ နိုင်ငံက အဖွဲ့ ၀င်အဖြစ်ပါဝင်ထားသည်။ အဖွဲ့ဝင် နိုင်ငံအများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သည့်နိုင်ငံများဖြစ်ကြပြီး အ ဖွဲ့ဝင်နိုင်ငံများရှိ လူဦးရေစုစုပေါင်း မှာ ၁ ဒသမ ၆ ဘီလျံရှိကြောင်း ၂၀၀၁ ခုနှစ် စာရင်းများအရ သိရှိ ရသည်။

By Eleven Media Group

Photo - Aye Chan Mon

No comments:

Post a Comment