Friday 7 September 2012

စာနယ်ဇင်းလွတ်လပ်ခွင့် ရပြီလား (၂)


စာပေစိစစ်ရေး လုပ်ငန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာပြီးနောက် စာနယ်ဇင်း သမားများအနေဖြင့် မည်သည့် အတိုင်းအတာအထိ လွတ်လပ်စွာ ရေးသား ခွင့်ရှိကြောင်း ဆောင်းပါး
ရေးသားပေးရန် ပေါ်ပြူလာနယူးစ် အယ်ဒီတာချုပ်၏ တောင်းဆိုချက် အရ စာနယ်ဇင်းသမားများ သိသင့် သိထိုက်သည့် တစ်နည်းအားဖြင့် စာနယ်ဇင်း သမားများအား ပြစ်မှု ကြောင်းအရ အရေးယူနိုင်သည့် ဥပေဒေ ပြဋ္ဌာန်းချက်များကို ဆောင်းပါးအဖြစ် ရေးသားပေးခဲ့ ရာ ယခင်အပတ်ထုတ် ပေါ်ပြူလာနယူးစ် တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) အစိုးရ အားအကြည်ညိုပျက်စေမှုနှင့် ပုဒ်မ ၁၃ဝ(ခ) အခြားနိုင်ငံများကိုအသရေ ပျက်စေမှုတို့အကြောင်း ရေးသား ဖော်ပြခဲ့ပြီး   ဖြစ်ပါသည်။ ယခု ဆက်လက်၍ စာနယ်ဇင်းသမားများ သိထားသင့်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို တင်ပြသွားပါမည်။

ပုဒ်မ-၁၅၃(က) လူအမျိုး အစားတစ်ခုနှင့်တစ်ခု ရန်ငြိုးထား မုန်းတီးအောင်ပြုလုပ်မှု
- မည်သူမဆို နှုတ်/စာ/အ မှတ်အသား/ ပုံသဏ္ဌာန်/အခြား နည်းဖြင့်
- မြန်မာနိုင်ငံအတွင်း နေထိုင် သူ အမျိုးအစားတစ်ခုနှင့် တစ်ခု
- ရန်ငြိုးစိတ်ထားအောင်/ မုန်းတီးအောင်
- အားပေး အားမြှောက် ပြုလျှင်/ အားထုတ်လျှင်
- ထောင်ဒဏ်(၂) နှစ်ထိ/ငွေ ဒဏ်(သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ချ မှတ်နိုင်သည်။

(ရှင်းလင်းချက် – ရန်ငြိုးထားစိတ်၊ မုန်းတီးစိတ်ကို ဖြစ်စေသော အကြောင်းအရာများကို ဖယ်ရှားရန် သဘောရိုးဖြင့် ပြောဆိုခြင်း ပြစ်မှု မမြောက်)
အထက်ဖော်ပြပါ ပြဋ္ဌာန်းချက် အရ စာနယ်ဇင်းသမားများအနေဖြင့် မိမိတို့၏ သတင်းစာ၊ ဂျာနယ်များတွင် ရေးသား ဖော်ပြမှုများကြောင့် မြန်မာနိုင်ငံ အတွင်း နေထိုင် သူလူ အမျိုးအစားတစ်ခုနှင့် တစ်ခု၊ ရန်ငြိုးထားစိတ်၊ မုန်းတီးစိတ်များ ဖြစ်ပေါ်လာစေနိုင်ပါက ဤပုဒ်မနှင့် ငြိစွန်းနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ မတူညီသော လူမျိုးစု တစ်စု နှင့် တစ်စု၊ မတူညီသော အသင်း အဖွဲ့ဝင် တစ်ခုနှင့်တစ်ခုအကြား ရန်ငြိုးထားမုန်းတီးစေရန်ရည်ရွယ် ရေးသားခြင်းကို အဓိကဆိုလိုပြီး ဘာသာရေးအရ အမျိုးအစား မတူသူကို ဆိုလိုခြင်းမဟုတ် ကြောင်း သတိပြုရပါမည်။
ပုဒ်မ-၂၂၈ တရားစီရင်မှု ဆောင်ရွက်နေသော ဝန်ထမ်းကို စော်ကားခြင်း၊ နှောင့်ယှက်ခြင်း။
- တရားစီရင်မှု ဆောင်ရွက် နေသော ဝန်ထမ်းကို တရားစီရင်မှု ဆောင်ရွက်နေစဉ်
- မည်သူမဆိုတမင်စော်ကား လျှင်/ ဝင်ရောက်နှောင့်ယှက်လျှင်
- ထောင်ဒဏ် (၆)လ/ဒဏ်ငွေ နှစ်ရပ်လုံး ချမှတ်နိုင်သည်။

အထက်ပါ ပြဋ္ဌာန်းချက်သည် တရားရုံးများတွင် သတင်းလိုက်ယူ သော သတင်းထောက်များနှင့် အဓိ က သက်ဆိုင်ပါသည်။ တရားရုံးတွင် တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းဟု ဆိုရာတွင် တရားသူကြီးတစ်ဦး တည်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ အခြားတရားရုံး ဝန်ထမ်းများအပါ အဝင် တရားရုံးတွင် ရှေ့နေအဖြစ် လိုက်ပါဆောင် ရွက်နေသောရှေ့နေ ကြီးများလည်း ပါဝင်ကြောင်း သိရှိထားရပါမည်။

တရားစီရင်ရာတွင် အများ ပြည်သူရှေ့မှောက် တရားစီရင်ခြင်း (Open Court Tria) နှင့် တံခါးပိတ်  တရားစီရင်ခြင်း (In Camera Trial) ဟူ၍ နှစ်မျိုးရှိရာ သတင်း   ထောက် များအနေဖြင့် တံခါးပိတ် တရားစစ်ဆေး စီရင်နေသည့် တရားခွင်အတွင်း ဝင်ရောက်ခွင့် မရှိပါ။ ဝင်ခွင့်ရရန် အဓမ္မကြိုးစား ပါက ဝင်ခွင့်မရနိုင်သည့် အပြင်   ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၅၃ အရ တားဆီးသူဝန်ထမ်းအား ဝတ္တရားနှောင့်ယှက်မှုဖြင့် အရေးယူ ခံရနိုင်သည်ကို သတိပြုရပါမည်။  အများပြည်သူ ရှေ့မှောက် ကြားနာ စီရင်သည့် တရားခွင်သို့ သတင်းထောက်များ ဝင်ခွင့်ရှိပါ သည်။ ထိုကဲ့သို့ တရားခွင်သို့ သတင်းထောက်အား ဝင်ရောက်ခွင့် မပြုနိုင်ကြောင်း တားမြစ်ပါက တားမြစ်သူ မှားပါသည်။ တည်ဆဲ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ- ၃တွင် တရားစီရင်ရေး ဆိုင်ရာမူများကို ပြဋ္ဌာန်းထားရာ ပုဒ်မ၃(ခ)အရ ဥပဒေအရ ကန့်သတ် ချက်များ မှအပ  အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ရမည် ဖြစ်ရာ တရားခွင်သို့ ဝင်ရောက်နား ထောင်လိုသည့် သတင်းထောက်အား တစ်စုံတစ်ယောက်က တားမြစ်ခွင့် မရှိသည်ကို သိထားပါက အကျိုးအကြောင်းပြောပြ၍ တရား ခွင်အတွင်း ဝင်ရောက်နားထောင် သတင်းရယူနိုင်မည် ဖြစ်ပါသည်။

စာနယ်ဇင်းသမားများအနေ ဖြင့် မိမိဘက်ကရရှိမည့် အခွင့်အရေးနှင့် တစ်ဖက်တွင်ရှိသည့် အခွင့်အရေးတို့ကို ခွဲခြားသိထားနိုင် ရန် ရေးသားဖော်ပြရခြင်း ဖြစ်ပါ သည်။
အထက်ဖော်ပြပါ ပုဒ်မ-၂၂၈ တွင် သတင်းထောက်များ အဓိက သိထားရမည့် အချက်မှာ ”တရား ခွင်အတွင်း ဝင်ရောက်နှောင့်ယှက် ရာရောက်သည့် ပြုလုပ်မှုတစ်ခုခု မပြုမိစေရန်” ဆိုသည့် အချက်ဖြစ် ပါသည်။ တရားခွင် အတွင်းနှင့် အပြင် အနေအထား မတူညီပါ။ တရားခွင်ပြင်ပတွင် အတော်အတန် လွတ်လပ်ခွင့်ရှိသော်လည်း တရား ခွင်အတွင်း၌ အကန့်အသတ်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ ရှိနေသည်ကို သတိပြုရပါမည်။  အမှုများတွင် ရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်နေ ကြသော   ရှေ့နေကြီးများပင်လျှင် တရားခွင် စည်းမျဉ်းစည်းကမ်းများကို လိုက် နာကြရသည်ကို စာနယ်ဇင်းသမား များ သိရှိထားရန် လိုအပ်ပါသည်။

တရားခွင်အတွင်းသို့ ယဉ် ကျေးမှုနှင့် မလျော်ကန်သော ဝတ်စား ဆင်ယင်မှုဖြင့် ဝင်ရောက်ခွင့် မရှိပါ။ တရားစီရင်မှုကို အနှောင့်အ ယှက်ဖြစ်လောက်အောင် ကျယ်   လောင်စွာ စကားပြောခွင့်မရှိပါ။တရားခွင်အတွင်း တယ်လီဖုန်းလုံးဝ ပြောခွင့် မရှိပါ။ တရားစစ်ဆေး စီရင်နေသည့်တရားသူကြီး၊ ရုံးဝန် ထမ်းများ၊ ရှေ့နေများကို မေးမြန်း ခွင့်မရှိပါ။ တရား စစ်ဆေးစီရင်မှုကို ဓာတ်ပုံရိုက်ခွင့် မရှိပါ။ တရား စစ်ဆေးစီရင်မှုကို အနှောင့်အယှက် ပေးနိုင်သည်ဟု စွပ်စွဲလာနိုင်ဖွယ် ရာရှိသည့် အပြုအမူများကို   ရှောင် ရှား သင့်ပါသည်။
ပုဒ်မ- ၂၉၅(က) လူတစားကိုး ကွယ်သည့် ဘာသာ/ သာသနာ/ ယုံကြည်မှုကို စော်ကားခြင်း၊ ဘာသာရေး ယုံကြည်မှု စိတ်ဓာတ် ကို နာကြည်းစေခြင်း
မြန်မာနိုင်ငံအတွင်း နေထိုင် သော လူတစား၏ ဘာသာရေးစိတ် ကို နာကြည်းစေရန် အကြံဖြင့်-
- စကား/စာ/ပုံသဏ—္ဌာန်ဖြင့်
- ဘာသာ/သာသနာ/ယုံ ကြည်မှုကို
- စော်ကားလျှင်/စော်ကားရန် အားထုတ်လျှင်
- ထောင်ဒဏ်(၂)နှစ်/ဒဏ်ငွေ (သို့)ဒဏ်နှစ်ရပ်လုံး ချမှတ်ရမည်။

အထက်ဖော်ပြပါ ပုဒ်မ -၂၉၅(က) သည် ဘာသာရေးကို အကြောင်းပြု၍ လူတစားနှင့် တစားအကြား၊ ပြဿနာဖြစ်ပေါ်စေ နိုင်သည့် အရေးအသားများ၊   ဖော်ပြချက်များကို ပြုလုပ်ခွင့် မရှိ ကြောင်း ကန့်သတ်သည့် ဥပဒေ ပြဋ္ဌာန်းချက် ဖြစ်ပါသည်။
သို့ဖြစ်ရာ စာနယ်ဇင်းသမား များသည် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ဆိုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို နားလည် သဘောပေါက်ပြီး မိမိနှင့် ဘာသာမတူသူများကို စော်ကား နှိမ့်ချရာရောက်သည့် ရေးသားမှု မျိုး၊ ဖော်ပြမှုမျိုး ပြုလုပ်ခွင့် မရှိ ကြောင်း၊ အကယ်Ìပြုလုပ်မိခဲ့ပါက အထက်ဖော်ပြပါ ဥပဒေပြဋ္ဌာန်း ချက်များအရ အရေးယူခံရနိုင်သည် ကို သိရှိထားသင့်ပါကြောင်း တင်ပြ လိုပါသည်။
(ဆက်လက်ဖော်ပြပါမည်။)
မောင်ကိုနီ(တရားရုံးချုပ်ရှေ့နေ)

By Popular Myanmar

No comments:

Post a Comment