Friday 7 September 2012

ရွှေဝါရောင် လှုပ်ရှားမှုနှင့် ကွဲပြား သံဃာတော် များလည်း သမ္မတကို ထောက်ခံကြပြီ


(မန္တလေး၊ စက်တင်ဘာ ၄)
ခွင့်ပြုမိန့် ရုပ်သိမ်းလိုက်သော်လည်း ရခိုင် အရေးနှင့် ပတ်သက်၍ သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံသော ဆန္ဒဖော်ထုတ်ပွဲကို မန္တလေး၌ ရဟန်း နှင့်ပြည်သူ ၅ဝဝဝ ခန့်က စက်တင်ဘာ ၄ ရက်နေ့တွင် ဆက်လက် ပြုလုပ်ခဲ့သည်။


သမ္မတကြီး ဦးသိန်းစိန် ကျန်း မာပါစေကြောင်း သံပြိုင် ဆုတောင်း မှုနှင့်အတူ ‘ရခိုင်ပြည်နယ်ကို ကာကွယ်ကြပါ’ ‘မြန်မာပြည်ကို ကာ ကွယ်ကြပါ’ ဟူသည့် ဟစ်ကြွေးမှု များဖြင့် ၃၅ လမ်းပေါ်ရှိ မြတောင် တိုက်မှသည် ဈေးချိုနှင့် အာဇာနည် ကုန်းတို့သို့ စီတန်း လှည့်လည်ကာ ဆန္ဒ ဖော်ထုတ်ခဲ့ကြကြောင်း မန်းမြို့ ခံများက ပြောသည်။

သမ္မတကြီးကို ထောက်ခံရင် လက်ခုပ်တီးပါဟု ကြွေးကြော်လိုက်ချိန်တွင် ဆန္ဒဖော်ထုတ် သူများသာမက နံဘေးမှ အားပေး ကြည့်ရှုနေသည့် ပရိသတ်များပါ တီးခတ် လိုက် သော လက်ခုပ်သံများ ဟိန်းထ သွားသည်ကို တွေ့ရသည်။

စီတန်း လှည့်လည်ရာ လမ်း တစ်လျှောက်တွင် နံဘေးမှ အားပေး နေသည့် ပြည်သူများကပါ ပါဝင်လာသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်ပွဲသည် ပို၍ အင်အားများလာ သည် ဟု သိရသည်။
မန္တလေး အခြေစိုက် စာရေး ဆရာတစ်ဦးက ”သမ္မတကြီး အပေါ် ပြည်သူရဲ့ထောက်ခံမှုက အမှတ်တွေ တိုးပြီးရင်း တိုးရင်းပဲ။ မြစ်ဆုံကစပြီး တော့ ယခု ရခိုင်အရေး အထိပေါ့။ သမိုင်းမှာ သမ္မတကို အုံနဲ့ကျင်းနဲ့ကြွေးကြာ် ထောက်ခံတာ ဒါပထမဆုံး အကြိမ်လို့ ထင်တယ်”ဟု ပြော သည်။
ယခု ဆန္ဒဖော်ထုတ်ပွဲသည် ရခိုင်အရေးနှင့် ပတ်သက်သည့် သမ္မတ၏ ရပ်တည်ချက်ကို ထောက်ခံသည့် ပွဲဖြစ်သလို သမ္မတ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း ကို ထောက်ခံသည့် ပွဲတစ်ပွဲဟုလည်း ဆိုနိုင်ကြောင်း ၄င်းက ယခုလို ဆက်ပြောသည်။

”ကျွန်တော် ဆန္ဒဖော်ထုတ်ပွဲ ကို ရောက်သွားတဲ့ အခါ ထောက်ခံ နေသူတွေရဲ့ မျက်နှာကိုကြည့်ပြီး အဲဒီလိုခံစားမိတယ်”။
သမ္မတက ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း၊ ၄င်း တို့အား ဒုက္ခသည် စခန်းတွင် ထားရှိ ကာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ ကူညီပေးရန် ဇူလိုင်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr.Antonio Guterres နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည့် အပေါ် ထောက် ခံခြင်းနှင့် မစ္စတာ ကင်တားနားကို ကန့်ကွက်သည့် ယခု ဆန္ဒဖော်ထုတ်ပွဲကို စက်တင်ဘာ ၂ ရက်မှစတင်ပြီး သုံးရက်မြောက် အဖြစ် ယနေ့တွင် ထပ်မံ ကျင်းပခြင်း ဖြစ် သည်။

မန္တလေးမြို့ပေါ်ရှိ မြို့နယ်အတွင်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့် ၃ ရက်ကျင်းပရန် သက်ဆိုင်ရာ သို့ ခွင့်ပြုမိန့် တောင်းခံခဲ့ရာ တရားဝင် ရရှိခဲ့သည့် အတွက် စက်တင်ဘာ ၂ ရက်နေ့တွင် ရဟန်းနှင့် ပြည်သူ အင်အား တစ်သောင်းကျော်ဖြင့် စတင်ခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပွဲသည် ငြိမ်းချမ်းအောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း စက်တင်ဘာ ၃ ရက်နေ့ ဆန္ဒဖော် ထုတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းကြောင်း သက်ဆိုင် ရာ မှ ထုတ်ပြန်ခဲ့သည်။

သို့သော် စက်တင်ဘာ ၃ရက် နှင့် ၄ ရက်နေ့များတွင် ဆန္ဒဖော် ထုတ်မှုများ ဆက်လက်ကျင်းပခဲ့သည်။
ဆန္ဒဖော်ထုတ် သူများသည် မြ တောင်တိုက်မှ ဈေးချို၊ ထို့နောက် မီးပိုက်ကျုံးသို့ သွား၍ မြတောင် တိုက်သို့ ပြန်လည် ရောက်ရှိခဲ့သည်။ ယင်းနောက် သံဃာအပါး ၂ဝ ကျော်နှင့် ဆက်လက် ပူးပေါင်း၍ အာဇာနည်ကုန်းဘက်သို့ ဆက်လက် ချီတက်ခဲ့ရာမှ အာဇာနည်ကုန်း သို့ မရောက်မီ ဘုရားကြီးသို့ ပြန်သွားကာ ဘုရားကြီးတွင် ဆန္ဒ ဖော် ထုတ်ပွဲကို အဆုံးသတ်ခဲ့သည်။ ဆန္ဒ ဖော်ထုတ်ပွဲသည် မွန်းလွဲ ၂ နာရီ နှင့် ၃ နာရီကြားတွင် ပြီးဆုံးခဲ့ သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူ သံဃာ တစ်ပါးက မိန့်သည်။
”မနက်ဖြန် ဆက်မလုပ်တော့ ဘူး။ ပြီးသွားပြီ”ဟု အဆိုပါ သံဃာ က မိန့်သည်။

By Popular Myanmar

No comments:

Post a Comment