Friday 7 September 2012

ရခိုင်ပြည်နယ်ရေး စုံစမ်းရေးကော်မရှင်အဖွဲ့ စစ်တွေကိုရောက်ရှိ


ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့
ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန်ပေးထားတဲ့ စုံစမ်ရေးကော်မရှင် ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေ့လည် ၂ နာရီ လောက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ်
ရောက်ရှိလာခဲ့ပါတယ်။

အဲဒီအဖွဲ့ထဲမှာ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနက ဒေါက်တာမျိုးမြင့်၊ သတင်းစာဆရာ ဆရာမောင်ဝံသ အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ ညနေ ၃ နာရီကျော်အချိန်မှာ လောကနန္ဒာ ဘုရားသိမ်ထဲမှာ စစ်တွေမြို့ပေါ်က မြို့နယ်သံဃာ့နာယကဆရာတော်ကြီးတွေနဲ့ တွေ့ဆုံကာအခုခရီးစဉ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကို လျှောက်ထားခဲ့ပြီး ပြည်နယ်အစိုးရ
အဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်းသိရပါတယ်။

စုံစမ်းရေးကော်မရှင်ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ပထမအကြိမ် ခရီးစဉ်မှာ (၉) ရက်ကြာလေ့လာသွားမှာ လည်းဖြစ်ပါတယ်။

By RFA Burmese

No comments:

Post a Comment