Friday 7 September 2012

နေပြည်တော်တွင် ခိုးကူးခွေများ ဖျက်ဆီး


နေပြည်တော်ဒေသအတွင်း ဖမ်းဆီးရမိ
ထားတဲ့ ခိုးကူးခွေတွကို  သက်ဆိုင်ရာက
 နေပြည်တော် ပျဉ်းမနား၊ စည်ပင်ရုံးအနီး
ရှိ စည်ပင်ရုံးလမ်း ရှမ်းကန်တောင်ဘက်


လမ်းပေါ်မှာ ဒီနေ့ မနက် ၁၁ နာရီက  ဖျက်ဆီးလိုက်ပါတယ်။
ဖမ်းဆီးရမိထားသော ခိုးကူးခွေဖမ်းဆီးမှု ၇ ခုမှ  နိုင်ငံခြား/ မြန်မာ ဗီစီဒီ/ ဒီဗီဒီ ခိုးကူးခွေ၊
ညစ်ညမ်းခွေ  ၆၂၀၄ ချပ် တို့ကို ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ခရိုင် ဗွီဒီယိုအစည်းအရုံးက
တာဝန်ရှိသူတွေ ဦးဆောင်ပြီး  ဖျက်ဆီးတာဖြစ်ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေ လာရောက်ကြည့်ရှုပါတယ်။
တရားရုံးရဲ့ ဖျက်ဆီးမိန့် မကျလာသေးလို့ ဖမ်းမိထားတဲ့ ခိုးကူးခွေ/ ညစ်ညမ်းခွေ
၁ သောင်းကျော် ကျန်သေးတယ်လို့ ခရိုင်ဗွီဒီယို အစည်းအရုံးဥက္ကဋ္ဌဌ ဦးမောင်သောင်းက
 ပြောပါတယ်။

နေပြည်တော်မှာ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ ခိုးကူးခွေနဲ့ ညစ်ညမ်းခွေ အများစုဟာ ကိုယ်တိုင် အေခွကူးသူများနှင့် ဆိုင်ကြီးများတွင် တင်ရောင်းချသူများ  မဟုတ်ဘဲ ဈေးကြိုဈေးကြား/
လမ်းကြို လမ်းကြားတွင်သာ လှည့်လည်ရောင်းချေသာ ခေါင်းရွက်ဗျက်ထိုး အေခွသည်များ
 ဖြစ်တယ်လို့ နေပြည်တော်က ခိုးကူးခွေရာင်းချသူတဦးက ပြောပါတယ်။



“ဒီလောက် ပမာဏေလးလောက်ကေတာ့ သူတို့သိထားတဲ့ ခိုးကူးလက်ကြီးသမားတွေ
ဒါမှမဟုတ် ဆိုင်ကြီးတွေနဲ့ ရောင်းချသူတွေကို သွားဖမ်းရင်တောင် ဒီလောက်မက
ဖမ်းမိနိုင်ပါတယ်။

ခိုးကူးလက်ကြီးသမားတွေ ဆိုရင် ကွန်ပျူတာ ၅ လုံးလောက် ဒါမှမဟုတ် ဂျူ့စ်( အေခွကူးစက်) ၅ လုံးလောက်နဲ့ တြပိုက်နက် ခိုးကူးနေကြတာတွေ မမိတာတော့အံသြစရာပါပဲ” လို့ ပြောပါတယ်။
ခိုးကူးခွေတွ ကျယ်ပြန့်နေတဲ့ ဂယက်ကြောင့် ထုတ်လုပ်သူနဲ့ အနုပညာရှင်တွေဘက်ကလည်း နစ်နာနေတာ ဖြစ်ပါတယ်။


DVB (မြန်မာပိုင်း)

ရွှေမြန်မာ

No comments:

Post a Comment