Friday 7 September 2012

မြိတ်ရှော့ပင်း စင်တာတွင် ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ


တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ  မြိတ်ရှော့ပင်း စင်တာ အပေါ်ထပ်ရှိ သီးသန့် အခန်းထဲမှာ ကာစီနို လောင်းကစား ၀ိုင်းများဖြင့် စည်ကားနေ ကြောင်းသိရပါတယ်။


အခန်းတံခါးဝမှာ အသက်ဆယ့်ခြောက် နှစ်အောက် မ၀င်ရဟု စာကပ်ထားပေမယ့် အခန်းတွင်းမှာတော့ ကျောင်းသားလူငယ်များ နဲ့ စည်ကားနေပါတယ်။ လောင်းကစားဝိုင်းများ တင်းကြပ်နေချိန်မှာ မြိတ်ရှော့ပင်စင်တာ ပေါ်မှာတော့ ပေါ်ပေါ်ထင်ထင် ဖွင့်ထားဖြစ်ပါတယ်။

နေ့စဉ်နီးပါး လာကစားနေသော အမျိုးသမီးတစ်ဦးအား မေးကြည့်ရာ သူမတွင်စုစုပေါင်း ငွေကျပ်တစ်သိန်းနီးပါး ရှုံးနေပြီဟု Myanmar News Now ကို ပြောပါတယ်။

ကစားရာမှာ ပိုက်ဆံနဲ့  မဟုတ်ပဲ coil ဖြင့်ကစားရပြီး  coil တစ်ပြားကို ငွေကျပ်တစ်ရာဖြင့် ကောင်တာမှာ လဲလှယ်ပေးပါတယ်။ အနိုင်ရရှိသော coil များကိုမူ လုံးဝ လုံးဝ ပြန်မလဲပေးပါဟု အခန်း နံရံတွင် စာကပ်ထားတာလည်း တွေ့ ရပါတယ်။  အကယ်၍ ပြန်လဲချင်လျင် အခန်းတွင်းရှိနေသော ပြင်ပပွဲစားထံတွင် coil တစ်ပြားကို ကိုးဆယ်ကျပ်ဖြင့် ပြန်လဲပေးသည်ဟု သိရပါတယ်။ ငွေလဲပေးတဲ့ ပွဲစားမှာ ပိုက်ဆံလဲရန်အတွက် ကန်ထရိုက်ဆွဲ ထားရသည်ဟု သိရပါတယ်။

လူရှစ်ယောက်ကစားနိုင်သော လောင်းကစားဝိုင်း ခြောက်ဝိုင်းရှိရာ ညနေခြောက်နာရီခွဲ အချိန်တွင် ၀ိုင်းတိုင်းလူပြည့်နေပါတယ်။ ကစားဝိုင်းအပြင် ပန်းသီးဂိမ်းဟု ခေါ်သော ကစားဝိုင်းလည်း လေးဝိုင်းခန့် ရှိပါတယ်။ ပန်းသီးဂိမ်း ၀ိုင်းများမှာလည်း ကစားသူများနဲ့ စည်ကားနေပါတယ်။

အဆိုပါ ကစားဝိုင်းများ၏ ပိုင်ရှင်များမှာ ဟိုင်ဖွိုင်အမြန်ယာဉ် ပိုင်ရှင် ဦးစိုးဝင်း၊ RAINBOW စတိုးပိုင်ရှင် ဦးမျိုးမြင့် နှင့် အခြားတစ်ဦးအပါဝင် သုံးဦးစပ်တူ ဖွင့်ထားသည်ဟု သိရပါတယ်။

အဆိုပါ ကစားဝိုင်းများကြောင့် မြိတ်မြို့ပေါ်ရှိ ကျောင်းသားမိဘများလည်း စိတ်ညစ်နေကြကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။

သစ်ထူးလွင်

No comments:

Post a Comment