Monday 17 September 2012

ကချင်ပြည်နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၁၆

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် သစ်တော သယံဇာတ များနှင့် တောရိုင်း တိရစ္ဆာန် များအား
စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး အတွက် အလေးထား ဆောင်ရွက် နေသကဲ့သို့ တရားမဝင် သစ်ထုတ်လုပ် နေခြင်းများအား ကာကွယ် တားဆီးခြင်း လုပ်ငန်းများကိုလည်း ပြည်သူလူထု အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသည်။ ကချင်ပြည်နယ် သစ်တောဦးစီး ဌာနသည် တရားမဝင် သစ်များ ဖမ်းဆီးရေး ဆောင်ရွက်လျက် ရှိရာ စက်တင်ဘာ ၁ဝ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဗန်းမော်မြို့နယ် သစ်တောဝန်ထမ်း ၅ ဦး၊ ဗန်းမော် ခရိုင်နှင့် ဗန်းမော်မြို့နယ် တို့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး၊ မလူလာ ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ် မြို့မြောက်ဘိနယ် မလူလာ ကျေးရွာအနီး ဝါးရုံတော အတွင်း နေရာ နှစ်နေရာ၌ စုစုပေါင်း ကျွန်းခွဲသား ဆိုက်စုံ အချောင်း ၅၆ဝ (၂၁ ဒသမ ၆၈၃ဝ) တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်။

news from..မြ၀တီ

By Aye Chan Mon

No comments:

Post a Comment