Monday 17 September 2012

အရှင်ဝံသာနုရက္ခိတ၏ အိတ်ဖွင့်ပေးစာ

ဆရာတော်များမှ ဆရာ့ထံ အကူအညီတောင်းထားသော စာဖြစ်ပါ၍ ကျေးဇူးပြုပြီး အလေးထား ဆောင်ရွက်ပေးစေချင်ပါသည်။ ဘုန်းဘုန်းတို့ ရမည်းသင်း၏ အထင်အမြင်အလွဲခံနေရခြင်း ပြဿနာကို ကူညီဖြေရှင်းပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်။


ဖြစ်ပုံက ဒီလိုပါ ...

၁၈-၈-၂၀၁၂ နေ့က သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရမည်းသင်းမြို့နယ်က ဘုန်းကြီးတပါး ဒကာမအချို့နှင့် မဖွယ်မရာပြုလုပ် ချဲဂဏန်းပေးသည့်ကိစ္စကို ပုံနှင့်တကွ လွှင့်တင်လိုက်ပါသည်။ ထိုသတင်းပါလာပြီးနောက် အနယ်နယ်အရပ်ရပ်မှ ဘုန်းဘုန်းတို့ဆီ ဖုန်းဆက်ပြီး “အရေးမယူဘူးလား၊ ဒီလောက် ဖြစ်နေတာ၊ အရှင်ဘုရားတို့ မသိကြဘူးလား” စသည်ဖြင့် မေးကြပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အဲ့ဒီဘုန်းကြီးမှာ ရမည်းသင်းမြို့က မဟုတ်သည့်အကြောင်း စသည့် ဖြေရှင်းချက်ကို ထိုဝက်ဘ်ဆိုက်တွင် ပြန်လည်ပေးပို့တင်ပြသော်လည်း ဖော်ပြပေးခြင်း မရှိပါ၍ ဒေါက်တာလွဏ်းဆွေအား အကူအညီတောင်းရခြင်းဖြစ်ပါသည်။

မဖွယ်မရာပြုလုပ်သော ဘုန်းကြီးအို၏ ဘွဲ့အမည်မှာ ဦးပညာဝံသ အမည်ရှိ၍ သွားတချောင်းဆရာတော်ဟု ချဲဂဏန်းပေးခြင်း ... စသည်၌ လူသိများထင်ရှားပါသည်။ ထိုဘုန်းကြီးသည် ရမည်းသင်းမြို့နယ်၌ ဘယ်ကျောင်းမှာမှ နေထိုင်ဖူးခြင်းမရှိသလို ၀ါဆိုသံဃာစာရင်းလည်း မရှိပါ။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပျော်ဘွယ်မြို့အရှေ့ဘက် မယ်ဇလီအိုင့်ရွာ၊ မယ်ဇလီအိုင့်ကျောင်း၌ နေထိုင်စဉ် အပ်ချည်မျှင်နှင့် ထီးတင်ခြင်း ... စသည်ဖြင့် ထင်ရှားလာပါသည်။ ထိုဘုန်းကြီး၌ သွားတချောင်းသာရှိ၍ သွားတချောင်းဆရာတော်ဟု တွင်ခြင်းဖြစ်ပါသည်။ ချဲဂဏန်းပေးခြင်း၌လည်း မှန်သည်ဆို၍ ရမည်းသင်းမြို့တွင် နေထိုင်သော မိတ္ထီလာဇာတိ ဒကာ-ဒကာမအချို့မှ မကြာခဏ ပင့်ဆောင်၍ ထိုအိမ်တွင် အချိန်အတော်ကြာကြာ နေထိုင်ခြင်းသာဖြစ်ပါသည်။ အင်တာနက်၌ ပါသော မဖွယ်မရာကိစ္စတွေသည်လည်း အခုမှဖြစ်သည်မဟုတ် လွန်ခဲ့သော ၈ နှစ်ခန့်က ဖြစ်ခဲ့သော၊ ပျံ့နှံ့ခဲ့သော စီဒီခွေဖြစ်ပါသည်။ ထိုထဲ၌ပါသော အမျိုးသမီးအချို့မှာလည်း ရမည်းသင်းက မဟုတ်ဘဲ မိတ္ထီလာက အမျိုးသမီးများ ဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဘုန်းကြီးအိုမှာ မိတ္ထီလာထောင်၌ ထောင်ကျပြီးသားဖြစ်ပါသည်။ ယခုအခါ ထောင်မှ ထွက်လာပြီး မိတ္ထီလာမြို့နယ် မုန်တိုင်ဆည် အနောက်တောင်အရပ် ကြည်သာအိုင့်ရွာ၌ ရှိနေပါသည်။ ရဟန်းဝတ်နှင့်မဟုတ်ဘဲ ရသေ့ဝတ်နှင့် ဖြစ်ပါသည်။

အရှင်ဝံသာနုရက္ခိတ
ရမည်းသင်းမြို့

By ဒေါက်တာလွဏ်းဆွေ ...

No comments:

Post a Comment