Monday 17 September 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၁၇.၉.၁၂) မှ (၂၃.၉.၁၂) ထိ တပတ်စာဟောစာတမ်း

eye_of_science_teresa_majerus_nanoartဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ


အိုးသစ်၊ အိမ်သစ်၊ နေရာသစ်ပြောင်းရွှေ့ရတတ်ခြင်း၊
လုပ်ငန်းသစ်လုပ်ရန်အခြေအနေပေးလာ
တတ်ခြင်းများဖြစ်တတ်သည်။ သို့သော် မလုပ်ပါနှင့်၊ ဆုံးရှုံးမည့်အချိန်ဖြစ်နေသည်။ ငွေဝင်မည်။
ငွေများအကျိုးမရှိကုန်နေမည်။ ဖုန်းထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။
အလုပ်တွင်စိတ်တိုင်းမကျစရာဖြစ်နေမည်။ အလုပ်တွင်စိတ်မပါသလိုလည်းဖြစ်နေမည်။
ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။

ကျန်းမာရေး။ အာရုံကြောနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။  အဝေးမှ ချစ်သူ ဆို ပါ က တိတ်တိတ် ပုန်း အချစ် သစ် ရှိ နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၅ ၀ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

ဖုန်းဝင်ခြင်း၊ မြေ၀င်ခြင်း၊ မျက်မှန်ဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ရွှေ၊ နာရီထွက်တတ်သည်။ စာအုပ်ကောင်း
လက်ဆောင်ရခြင်း၊ စာရွက်စာတမ်းကိစ္စများအဆင်ပြေခြင်းများဖြစ်တတ်သည်။ မိတ်ဆွေသစ်များရခြင်း၊ မိမိမရောက်ဖူးသောဒေသစိမ်းသို့ရောက်
ရတတ်ခြင်း၊ ပြည်တွင်း၊ ပြည်ပခရီးရှိခြင်း၊ အလုပ်တွင်ခိုက်ရန်ဒေါသဖြစ်ရတတ်ခြင်း၊ လူလိမ်ခံရတတ်ခြင်း၊လူလုခံရတတ်ခြင်းများဖြစ်တတ်သည်။
စီးပွားရေးကောင်းနေသည်။ စီးပွားတက်နေမည်။ အရေးကြီးစာတစောင်ရောက်လာတတ်သည်။

ကျန်းမာရေး။ သွားကိုက်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ လိမ်ညာခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၅ ၁ ၅)

အင်္ဂါသားသမီးများ၏ကံကြမ္မာ

လူမျိုးခြားများ၏ကူညီမှုရခြင်း၊ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိနိုင်ငံအလည်အပတ်ပြန်ရခြင်းများဖြစ်တတ်သည်။ ဘ၀အတွက်မိတ်ဆွေကောင်း
တွေ့ရတတ်သည်။ ဖုန်းအဟောင်းမှအသစ်ပြောင်းရခြင်း၊ ကွန်ပြူတာအဟောင်းမှ အသစ်ပြောင်းရခြင်းပြုလုပ်ရတတ်သည်။ အလုပ်တွင်စိတ်တိုင်း
မကျစရာများဆက်တိုက်ဖြစ်နေမည်။ စာရွက်စာတမ်း၊ စာအုပ်ကိစ္စကြောင့်စိတ်ညစ်နေရမည်။ ဆိုင်ခန်းရောင်းရန်ခက်ခဲနေရတတ်သည်။ အစစအရာ
ရာသည်းခံပြီးနေပါ။မကြာခင်အဆင်ပြေသွားပါမည်။

ကျန်းမာရေး။ အမျိုးသားများဆေးထိုးမှားခြင်း၊ အမျိုးသမီများရာသီထိမ်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်စား၏သစ္စာဖောက်ခြင်းခံနေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲလမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၇ ၅ ၅)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလုပ်နေရတတ်သည်။ ကားကိစ္စကြောင့်စကားများရခြင်း၊
စာချုပ်စာတမ်းကြောင့်ဖြေရှင်းရခြင်းများပြုလုပ်ရတတ်သည်။ မအားရအောင်လူမူရေးကိစ္စများ
တော်တော်လုပ်နေရတတ်သည်။ စက်ပစ္စည်းများပျက်နေသောကြောင့်ငွေကုန်ရတတ်သည်။
ရွှေလက်ကောက်ဝင်ခြင်း၊ သားသမီးရခြင်းဖြစ်တတ်သည်။ စီးပွားတိုးချဲ့လုပ်ကိုင်
ရန်ကောင်းသောအချိန်ဖြစ်သည်။ သောကြာနံပစ္စည်းများဝင်တတ် သည်။ ကောင်းသည်။

ကျန်းမာရေး။ မျက်စိနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၆ ၃ ၄ ၄)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

အမိနိုင်ငံအလည်အပတ်ပြန်ရတတ်သည်။ အလုပ်တွင်စိတ်ပင်ပမ်းလူပင်ပမ်းဖြစ်နေတတ်သည်။
စီးပွားတက်ခြင်း၊ ပညာတခုခုသင်ရခြင်း၊သင်တန်းတက်ရခြင်းများပြုလုပ်ရတတ်သည်။
ကွန်ပြူတာဝင်ခြင်း၊ ဖုန်းဝင်ခြင်းဖြစ်မည်။ အလုပ်တွင်မပျော်ပိုက်သောကြောင့် အလုပ်ပြောင်း
လိုစိတ်ဖြစ်နေမည်။ မပြောင်းပါနှင့်။ ပြောင်းကနောက်အလုပ်ကပိုပြီးစိတ်ညစ်ရတတ်သည်။
လက်ရှိအလုပ်တွင်မှေးပြီးနေပါ။ ထီပေါက်တတ်သည်။

ကျန်းမာရေး။ အသဲနှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ ( အရောင်ပါသောအအေး၊ ဆေးဆိုးပါသောအစားအစာများရှောင်ပါ)။
အချစ်ရေး။ စန်းပွင့်နေမည်။ ချစ်ချင်သူများနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဘဲသားမုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၄ ၂ ၂ )

သောကြာသားသမီးများ၏ကံကြမ္မာ

မိမိအလုပ်တွင်တိုးတက်ခြင်း၊ နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ ၀င်ငွေကောင်းခြင်းများဖြစ်နေမည်။
သုံးနေသောလျှပ်စက်ပစ္စည်းပျက်နေ သောကြောင့်စိတ်ညစ်နေရတတ်သည်။ ရစရာငွေများပြန်မရသောကြောင့် မိမိစီမံကိန်းပျက်သွားခြင်းဖြစ်နေသည်။ နိုင်ငံရပ်ခြားကိစ္စရပ်ဆိုင်း
နေတတ်သည်။ မကြာခင်အဆင်ပြေသွားမည်။

ကျန်းမာရေး။ မျက်နှာတွင်ယားနာခြင်း၊ ယောင်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများနှင့်ပျော်ရွှင်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကိတ်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၈ ၄ ၇ ၄)

စနေသားသမီးများ၏ကံကြမ္မာ

လာဘ်ကောင်းနေခြင်း၊ အလုပ်တွင်နေရာကောင်းရခြင်း၊ လစာတိုးခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊ စီးပွားရေးကောင်းနေခြင်းများဖြစ်နေမည်။
လမ်းပြုပြင်ရခြင်း၊ လျှပ်စက်ပစ္စည်းများဝင်ခြင်း၊ ရွှေဝင်ခြင်း၊ ကားအဟောင်းအသစ်လဲရခြင်း၊ ကားဝင်ခြင်းများဖြစ်တတ်သည်။ အပျော်အပါးသတိ
ထားပါ၊ အပျော်အပါးကြောင့် စီးပွားပျက်တတ်ခြင်း၊ မိမိဂုဏ်သိက္ခာကျခြင်းများဖြစ်တတ်သည်။

ကျန်းမာရေး။ အစားမှားပြီးလေထိုးလေအောင့်ဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တိုင်းကျမတွေ့ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၄ ၃ ၂)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း- +6016 6903 513, +6018 2250 510
E-mail.swezinwati@gmail.com

By Freedom News Group

No comments:

Post a Comment