Saturday 15 September 2012
မြန်မာ့သတင်းများစုစည်းရာ ဘလော့၏ ပထမဦးဆုံးလှူတန်းမှု
ကျွန်တော်တို့ မြန်မာသတင်းများစုစည်းရာ ဘလော့၏ ပထမဦးဆုံးလှူတန်းမှုကို ၁၄.၉.၂၀၁၂ မနေ့ ကပြုလုပ်ခဲ့ပါတယ်။ သိပ်မကြာခင် ကမြန်မာ့သတင်းများစုစည်းရာ ဘလော့တည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ရှေ့ဆက်လုပ်သွားမည့်အစီအစဉ်များဆိုတဲ့ပို
ရရှိတဲ့ မလေးရှားရင်းဂစ် ၂၀၀ ကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အသင်းကိုလှူဒါန်းခဲ့ပါတယ်။ ဒီအဖွဲ့ ဟာဆိုရင် သွေးလှူဒါန်ဒမှုတစ်ခုထဲသာလုပ်နေသောပရဟိတအသင်းမဟုတ်ပဲ မလေးရှားနိုင်ငံတွင်ရှိသော မြန်မာလူမျိုးများအားလုံး၏ သာရေး၊နာရေး အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါလုပ်ဆောင်နေသောပရဟိတအဖွဲ့ အစည်းတစ်ခုဖြစ်ပါတယ်။
အခုဆိုရင် မြန်မာ့သတင်းများစုစည်းရာဘလော့ဟာ ၀င်ရောက်ကြည့်ရှုသူပေါင်း ၈သောင်းကျော်သွားခဲ့ပါပြီ။ လူတွေသိလာတာနဲ့ အမျှ ဘလော့ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ ဒါပေမယ့် ကျွန်တော့မှာအလုပ်ကရှိနေတော့ သတင်းတွေကိုအချိန်မှီမတင်ပြပေးနိုင်ပါဘူး။ ပြီးတော့ ဘလော့တစ်ခုထဲမဟုတ်ပါဘူး။ Facebook Page ရယ် Group လဲရှိသေးတော့ လုံလောက်တဲ့အချိန်မရှိဘူးဖြစ်နေပါတယ်။ ဒါကြောင့်မို့ လို့ မြန်မာ့သတင်းများစုစည်းရာဘလော့မှာ Admin များလိုအပ်နေပါတယ်။ ဒီပို့ စ်ကိုဖတ်ပြီး Admin တစ်ယောက်အဖြစ် ကူညီလုပ်ကိုင်ပေးလိုပါက myanmarnews4u@gmail.com ကိုမေးလ်ပို့ ပြီးပဲဖြစ်ဖြစ်၊ ကျွန်တော်အွန်လိုင်းရှိနေတဲ့အချိန်ပဲဖြစ်ဖြစ်ဆက်သွယ်လို့ ရပါတယ်။ မြန်မာ့သတင်းများစုစည်းရာဘလော့ကို အစဉ်တစိုက်လာပြီး သတင်းများဖတ်ရှုသောသူများ အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
လိုအပ်နေသော Admin များ
၁။ ဘလော့တွင်သတင်းများတင်မည့် Admin
၂။ Facebook မှသတင်းများကိုအချိန်နှင့်တစ်ပြေးညီတင်ပေးမည့် Admin
၃။ ဖျော်ဖြေရေးနှင့်နည်းပညားများကိုတင်မည့် Admin
Admin of မြန်မာ့သတင်းများစုစည်းရာ
No comments:
Post a Comment