Saturday 15 September 2012

ပြည်သူလက်မခံသောစီမံကိန်းများ ဘယ်တော့မှ အောင်မြင်မည်မဟုတ်ဟု ကိုမင်းကိုနိုင်ပြောကြား


ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမ၌ ယနေ့နံနက်မှ စတင်၍ ကျင်းပလျှက်ရှိသော မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်တန့်မှုတစ်နှစ်ပြည့်အဖြစ်ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ
ကိုမင်းကိုနိုင်မှနိုင်ငံတော် အစိုးရအနေဖြင့်ပြည်သူများလက်မခံသော စီမံကိန်းများကို ဆောင်ရွက်ခြင်းမပြုရန် တောင်းဆိုပြောကြားခဲ့ကြောင်းသိရသည်။

ကိုမင်းကိုနိုင်က “ဘာစီမံကိန်း ပဲလုပ်လုပ်။ပြည်သူတွေအတွက် ဘယ်လို အကျိုးရှိတယ်လို့ပဲပြောနေပါစေ။ပြည်သူတွေက လက်မခံတဲ့စီမံကိန်းတွေဆိုရင်တော့ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။ဥပမာ အနေနဲ့ခြံစည်းရိုးကြက်ဆူပင်စိုက်တာတောင် ပြည်သူကလက်မခံတဲ့ အတွက် မအောင်မြင်ဘူးဟု ထိုဟောပြောပွဲသို့တက်ရောက်လာ သူများအားပြောကြားသည်။

ထိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟောပြောပွဲအား နံနက် ၁၀ နာရီမှ ညနေ ၅နာရီထိ စီတာပူရပ်ကွက်တွင်ရှိသော မဂျွယ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။လတ်တလောအားဖြင့် မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းခွင်အနီးရှိကျေးရွာများမှ ဒေသခံလူဦးရေ တစ်ထောင်ကျော်တက်ရောက်ကြောင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ကိုဌေးကြွယ်၊ကိုပြုံးချိုတို့အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များဖြစ်သော ဦးဝင်းမျိုးသူ ( Ecodev )၊ဦးညိုမောင်၊ဒေါက်တာ ခင်နီနီသန်း ( WRTC )၊ဒေါက်တာဦးထွန်းလွင် ၊ဒေါက်တာ ကျော်သူတို့မှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ ဟောပြောပို့ချလျက်ရှိကြောင်းသတင်းရရှိသည်။

မင်းချစ်နိုင်

By Popular Myanmar

No comments:

Post a Comment