Saturday 15 September 2012

ကျူးကျော်အဖြစ် သတ်မှတ်ခံရသူများ ပြောင်းရွှေ့ရန် မန္တလေး မြို့တော်ဝန်ပြောကြား


မန္တလေး မြို့ပြဧရိယာထဲက ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တွေအတွင်းက လ/န ၃၉ စာရင်းပေါက် အိမ်နဲ့ ခြံ ၃၃၄၄ ခုမှာ လက်ရှိ နေထိုင်နေကြသူတွေကို ဒီလအတွင်း
အပြီးပြောင်းရွှေ့ကြဖို့ မန္တလေး မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။

အဲဒီမြေတွေဟာ လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က စည်ပင်ဌာနက သိမ်းထားခဲ့တဲ့ မြေတွေဖြစ်တာကြောင့် ဒီလ (၂၆) ရက်နေ့
နောက်ဆုံးထားပြီး အသာတကြည် မရွှေ့ပြောင်းဘူးဆိုရင် လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ဖယ်ရှားခံရမှာ ဖြစ်တယ်လို့လည်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားလိုက်ပါတယ်။

မနေ့က ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပခဲ့တဲ့ ကျူးကျော် နေထိုင်သူတွေအဖြစ်သတ်မှတ်ခံရသူတွေနဲ့ မြို့တော်ဝန် တွေ့ဆုံပွဲမှာ ဦးအောင်မောင်းက အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လ/န ၃၉ အရ အစိုးရက မြေပြန်သိမ်းပြီး (၄) နှစ်အတွင်း တစ်စုံတစ်ရာ အကောင်အထည်မဖော်ခဲ့ရင် မူလပိုင်ရှင်တွေက ပိုင်ဆိုင်ခွင့်
ပြန်လည်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

နှစ်ပေါင်းများစွာ အကောင်အထည် မဖော်ခဲ့တဲ့ မြေကွက်တွေကို
မြေပွဲစားတွေနဲ့ ဒေသအာဏာပိုင်တချို့က အလွဲသုံးစားလုပ်ခဲ့တာကို အရေးမယူဘဲ ကာလကြာရှည် နေထိုင်ခဲ့သူတွေကို ဖယ်ရှားခိုင်းတာဟာ တရားမမျှတကြောင်း၊ ဖယ်ရှားခံရသူတွေအတွက် နေရာအစားပေး မပေးကိစ္စကိုလည်း မပြောဆိုကြောင်း အစည်းအဝေး တက်ရောက်ခဲ့
သူတွေက RFA ကို ပြောပါတယ်။

သတ်မှတ်ထားတဲ့ရက်မှာ အသာတကြည် မဖယ်ရှားရင် ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မြေထိုးစက်နဲ့ တခြားယာဉ်တွေကို အသုံးပြုပြီး အင်အားသုံး ဖယ်ရှားဖို့ အာဏာပိုင်တွေဘက်က စီစဉ်ထားတယ်လို့ သိရပါတယ်။

By RFA Burmese

No comments:

Post a Comment