Saturday 15 September 2012

လက်ပန်တောင်းတောင်ကိစ္စကို ဆက်လက်လုပ်ဆောင်သွားမည့် မအေးနက်


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းရပ်
ဆိုင်းရေးနှင့်ပတ်သက်၍ဒေသခံများနှင့်
ဆွေးနွေးပြီးဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဒေသခံများနှင့်သက်ဆိုင်

သူအားလုံးကလည်း ထပ်တူထပ်မျှဆောင်
ရွက်ပေးစေလိုကြောင်း မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာသူ ၀က်မှေးကျေးရွာသူ
 မအေးနက်က ဆိုသည်။

လွတ်မြောက်လာသော ၀က်မှေးရွာသူသုံးဦးအား နိုင်ငံရေးကျောင်းသားများနှင့် မုံရွာမြို့နယ်ရဲတပ်ဖွဲ့များက ကျေးရွာအရောက် အိမ်တိုင်ယာရောက် လိုက်
လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

(၈၈)မျိုးဆက်သစ်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့
(မုံရွာ)နှင့် သက်ဆိုင်ရာ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက ၀က်မှေးကျေးရွာရှိ ၄င်းတို့၏ အိမ်များအရောက်လိုက်လံပိုဆောင်ခဲ့ခြင်းဖြစ်သည်။

မုံရွာထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသော မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ဝက်မှေး
 ကျေးရွာမှ မသွယ့်သွယ့်ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ (၃)ဦးမှာ စက်တင်ဘာလ
(၁၄)ရက်နေ့ ညနေ(၄း၃၀)ခန့်တွင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော သြဂုတ်လ(၃၁)ရက်နေ့ကပုဒ်မ၂၉၅၊၂၉၅(က)၁၁၇နှင့် ဖမ်းဆီးထားသော
ရန်ကုန်   ပြည်သူ့အကျိုးဆောင် ကွန်ယက်မှကိုဝေဠုကိုလည်း ချောင်းဦး မြို့နယ်ရဲစခန်းမှ တစ်နေ့တည်းမှာပင် လွတ်မြောက်လာခဲ့ကြောင်းကိုလည်း သိရှိရသည်။

 “ကျွန်တော့်ကို မြင်းမူရဲစခန်းမှာ ပထမဆုံးစချုပ်ထားတယ်။ ကျွန်တော့်ကို ဖမ်းတုန်းက
ဘယ်ညွန်ကြားချက်နဲ့ ဖမ်းတာလဲ၊ ဘာဥပဒေနဲ့ဖမ်းတာလဲလို့ ကျွန်တော် မေးတဲ့အခါ
 ခေတ္တခေါ်ယူ တားဆီးခိုင်းလို့ပါ ဆိုပြီးတော့ မြင်းမူမြို့နယ်ရဲတပ်ဖွဲ့မှုးနဲ့ ရဲအင်အားတ်ေတော်များများက ခေါ်သွားတယ်။

 ကျွန်တော်ကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီးရှေ့နေနဲ့   တွေ့
ခွင့်တောင်းတော့ သူတို့ကအထက်ကို တင်ပြပါအုံးမယ်ဆိုပြီးတော့
အခုချိန်ထိပဲပေါ့။ (၃၁)ရက်နေ့ည(၉း၃၀)လောက်မှာ ကျွန်တော့်ကို မြင်းမူ ရဲစခန်းကနေထုတ်လာပြီးတော့ ချောင်းဦးရဲစခန်းမှာ ထားပါတယ်။

ကန့်သက်ချက်တွေ အများကြီးမထားပါဘူး၊ ဒီမှာရှိတဲ့တာဝန်မှူးတွေရော၊ စခန်းမှူးတွေရော မြို့နယ်မှူးတွေကအစ ညီလိုအကိုလို ဆက်ဆံပါတယ်။ တစ်ခုပါပဲ၊ ကျွန်တော့်ကို အထက်အမိန့်မရလို့ဆိုပြီး ရေမချိုးရတာ(၇)ရက်ရှိပါပဲ” ဟု ကိုဝေဠုက
 ရယ်လျှက် ပြောသည်။

လွတ်မြောက်လာသော ကိုဝေဠုအားသက်ဆိုင်ရာမှ တာဝန်ရှိသူများကမိခင်နှင့်အတူ
ရန်ကုန်အထိ လိုက်ပါပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးရဲစခန်းမှလွတ်မြှောက်လာသောရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ
ကိုဝေဠုအားစစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သို့ ခြေချခွင့်မရှိကြောင်း ၀န်ခံဂတိလက်မှက်ရေးထိုးလာခဲ့ကြောင်း ရန်ကုန်ပြည်သူ့ အကျိုး ဆောင်ကွန်ယက်မှ
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ပန်တောင်းတောင်ကြေးနီင်္စိမံကိန်းရပ်ဆိုင်းရေးကို အကောင်းဆုံးအဖြေတစ်ခု
ရအောင်ကျွန်တော်တို့ ၀က်မှေးရွာသူရွာသားတွေနဲ့ပူးပေါင်းပြီးအဖြေထုတ်
ဖို့စဉ်းစားထားပါတယ်။


ကျွန်တော်တို့လုပ်နည်းလုပ်ဟန်ပိုင်း   တွေမှာတော့(၈၈)မျိုးဆက်ကျောင်းသားတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအတိုင်းပဲ လိုက်နာပေးဖို့ ရွာသူရွာသား တွေကို
 တောင်းဆိုချင်တယ်။

 အင်မတန်မှခက်ခဲနက်နဲပြီး ရှုပ်ထွေးတာကြီးကိုကျွန်တော်တို့ ပူးပေါင်းဖြေရှင်း ကြမယ်။”ဟု(၈၈)မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီမှဝက်မှေးရွာတွင် အားပေးစကားပြောကြားခဲ့ သည်။

မြစ်မခမီဒီယာ

ရွှေမြန်မာ

No comments:

Post a Comment