Monday 13 August 2012

မန္တလေး ဗုံးပေါက်ကွဲမှု သုံးနှစ်သား ကလေးတဦးနှင့် လူကြီးတဦး ဒဏ်ရာရ (နောက်ဆုံးရ သတင်း-ဓါတ်ပုံများ)


(၁၃-၈-၂၀၁၂) ရက်နေ့  အချိန်နံနက်(၀၈း၃၀) နာရီအချိန်တွင်
မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊
အကွက်အမှတ်(၆/၇) ရှိ အိမ်ရှင် ဦးထွန်းမင်းလတ်(ဘ) ဦးထွန်း ၏
နေအိမ် နောက်ဖေး ဘက်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါတယ်။


အိမ်ရှင် ဦးထွန်းမင်းလတ်မှ ကောက်ယူ လာသော အမှိုက်များအား စုပုံထားပြီး
ပြန်လည် ရွေးနေစဉ် အမှိုက်ပုံထဲမှ မီးခိုများ အူလာသဖြင့် ထွက်ပြေးရာ
ပေါက်ကွဲသံ တစ်ခုကြားရပြီး ခဲစများ ပွင့်ထွက်လွင့်စင် လာပါတယ်။

လွင့်ထွက်လာတဲ့ ခဲစများကြောင့် အိမ်သွပ်မိုးအား အပေါက်(၁၇) ပေါက်ခန့်
ပေါက်သွားပြီး၊ အိမ်အတွင်း တီဗီကြည့်နေသော မိုးအောင်သူ(ဘ) ဦးဇော်ဝင်းထိုက်
(၃) နှစ်သားအား လည်ပင်းနှင့်ဘယ်ဘက်နားထင် တို့တွင် ဒဏ်ရာပြင်းစွာထန်
ရရှိခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူများ က Myanmar News Now ကို ပြောပါတယ်။

အခုအခါ ဒဏ်ရာရရှိတဲ့ ခလေးကို မျက်စိနားနှာခေါင်း ဆေးရုံသို့ အမြန်တင်ပို့
ထားကြောင်း သိရပါတယ်။

ဒါအပြင် ကိုခိုင်မင်း(ဘ) ဦးသောင်းစိန် အသက် (၂၈) နှစ်၏  ညာဘက် လက်ကောက်
ဝတ်တွင်လည်း ဒဏ်ရာ အနည်းငယ် ရှိခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ အမှုမှန်ပေါ်ပေါက်စေရန်
ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါတယ်။

Myanmar News Now


သစ်ထူးလွင်

No comments:

Post a Comment