Monday 13 August 2012

ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံ၊ ပုဂ္ဂလိကဘဏ်၊ ရှော့ပင်းမောလ်နှင့် လူနေအိမ်ခန်းများ ပါဝင်သော ၁၂ ထပ် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ်မည်

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရုပ်ရှင်ရုံတန်းရှိ ဆုထူးပန်ရုပ်ရှင်ရုံအား ဖျက်သိမ်းနေပြီး ယင်းနေရာတွင် အဆင့်မြင့်ရုပ်ရှင်ရုံ နှစ်ခု၊ ပုဂ္ဂလိကဘဏ်နှစ်ခု၊ ရှော့ပင်းမောလ်နှင့် လူနေအိမ်ခန်း၊ ရုံးခန်းများ ပါဝင်သော ၁၂ ထပ် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ယင်းကဲ့သို့ ၁၂ ထပ် အဆောက်အအုံအဖြစ် Showroom ဆောက်လုပ်ရေးကုမ္ပဏီမှ ပြန်လည် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ယင်းအဆောက်အအုံကို တော်ဝင်ဆုထူးပန်တာဝါဟု အမည်ပေးထားကြောင်း၊ လာမည့် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း စတင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“တော်ဝင်ဆုထူးပန်တာဝါ အဖြစ် ပြန်လည် ဆောက်လုပ်သွားမှာပါ။ အဲဒီအတွက် အခုလက်ရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်းကို ဖျက်မိန့်မကျသေးလို့ စောင့်ဆိုင်းနေပါတယ်။ အသစ်ဆောက်မယ့် တော်ဝင်ဆုထူးပန် တာဝါမှာ အဆင့်မြင့် ရုပ်ရှင်ရုံနှစ်ရုံပါမယ်။ တစ်ရုံက မြန်မာကားပြတဲ့ရုံ၊ နောက်တစ်ရုံက နိုင်ငံခြားကားပြတဲ့ရုံ။ ပြီးတော့ ပုဂ္ဂလိကဘဏ်နှစ်ခု၊ ရှော့ပင်းမောလ်၊ လူနေအိမ်ခန်း၊ ရုံးခန်းတွေအပြင် Father Land  တွေလည်း ပါမယ်။ ကျွန်တော်တို့က အဆောက်အအုံ ဆောက်လုပ်ခွင့် ကန်ထရိုက်ရခဲ့တာဖြစ်ပြီး ဆောက်ပြီးရင် ရုပ်ရှင်ရုံ ပိုင်ရှင်ဆီကို ပြန်လွှဲပေးသွားမှာပါ”ဟု Father Land ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါ သည်။

ဆုထူးပန်ရုပ်ရှင်ရုံမှာ သရုပ်ဆောင် ဒါရိုက်တာအကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ ပိုင်ဆိုင်သော ရုပ်ရှင်ရုံဖြစ်ကြောင်း သိရသည်။

By Eleven Media Group

No comments:

Post a Comment