Monday 13 August 2012

ချဲလ်ဆီးကို အနိုင်ယူပြီး ရာသီကြို ကွန်မြူနတီဒိုင်း မန်စီးတီးသိမ်းပိုက်


အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးနှင့် အက်ဖ်အေချန်ပီယံ ချဲလ်ဆီးအသင်းတို့၏ ကွန်မြူနတီဒိုင်းပွဲစဉ်ကို ဗီလာပတ်ခ်ကွင်းတွင် ယနေ့ ယှဉ်ြ့ပိုင်ကစားခဲ့ရာ မန်ချက်စတာစီးတီးက ၂-၃ ဂိုးဖြင့် အနိုင်ရရှိပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီအကြို ကွန်မြူနတီဒိုင်းကို သိမ်းပိုက်သွားခဲ့သည်။ 

ကစားချိန် မိနစ် ၄၀ တွင် ချဲလ်ဆီးက တောရက်စ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့သည်။ 

ပွဲကစားချိန် ၄၂ မိနစ်တွင် ချဲလ်ဆီးနောက်ခံကစားသမား အိုင်ဗန်နိုဗစ် ကစားပုံကြမ်းတမ်းသဖြင့် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။

community shield 2012

ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာ တစ်ယောက်လျှော့ ချဲလ်ဆီးအသင်းအား မန်ချက်စတာစီးတီးက ၁၂ မိနစ်အတွင်း ၃ ဂိုးပြန်သွင်းကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ 


မန်ချက်စတာစီးတီးအတွက် ချေပဂိုးကို ပွဲကစားချိန် ၅၃ မိနစ်တွင် ယာယာတိုရေးက သွင်းယူခဲ့သည်။ ဆက်လက်၍ ၅၉ မိနစ်တွင် တီဗက်ဇ်က အနိုင်ဂိုးကို သွင်းယူခဲ့ပြီး ၂-၁ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

 ပွဲကစားချိန် ၆၅ မိနစ်တွင် မန်ချက်စတာစီးတီးအတွက် ဒုတိယဦးဆောင်ဂိုးကို နာဆရီက ထပ်မံသွင်းယူခဲ့သည်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ပွဲကစားချိန် မိနစ် ၈၀ တွင် လူစားဝင်ကစားသမား ဘာထရန်က သွင်းယူခဲ့ခြင်း ဖြစ်သည်။

community shield 2012

ကစားသမားစာရင်း

ချဲလ်ဆီး

ပွဲထွက် - ပီတာဆက်ခ်ျ၊ အိုင်ဗန်နိုဗစ်၊ လူးဝစ်၊ တယ်ရီ၊ အက်ရှ်လေကိုး၊ မီခေးလ်၊ လမ်းပတ်၊ ရာမီးရက်စ်၊ မာတာ၊ ဟာဇက်၊ တောရက်စ်

လူစားဝင် - စတားရစ်ဂ်ျ၊ ဘာထရန်

အရန် - တန်ဘူးလ်၊ ကာဟေးလ်၊ အက်ဆီယန်၊ မီရာလက်စ်၊ ပီယာဇွန်

အဝါကတ် - ရာမီးရက်စ်၊ မီခေးလ်၊ လမ်းပတ်၊ အက်ရှ်လေကိုး၊ ဘာထရန်

အနီကတ် - အိုင်ဗန်နိုဗစ်

community shield 2012

မန်ချက်စတာစီးတီး

ပွဲထွက် -  ပန်တီမွန်၊ ဇာဘလက်တာ၊ ကွန်ပနီ၊ ဆဗစ်၊ ကိုလာရော့ဗ်၊ ဒီဂျောင်၊ ယာယာတိုရေး၊ မီလ်နာ၊ အဂွေရို၊ နာဆရီ၊ တီဗက်ဇ်

လူစားဝင် - ကလစ်ချီ၊ ဆေးလ်ဗား၊ ဒီဇီကို

အရန် - ဂျိုဟန်ဆန်၊ ကိုလိုတိုရေး၊ ရာဇက်ခ်၊ ဂျွန်ဆင်

အဝါကတ် - ဆဗစ်၊ ကွန်ပနီ၊ ပန်တီမွန်

No comments:

Post a Comment