Tuesday 2 October 2012

Samsung က Apple ကို ထပ်မံ တရားစွဲ


စက်တင်ဘာ ၂။ ။Samsung မှ Apple ကို တရားဝင် တရားစွဲဆိုမှု စတင်ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။
စွဲဆိုချက်မှာ Apple ထုတ် iPhone 5 ကိုအဓိက Target ထားထားပါတယ်။ 4G/LTE နည်းပညာကို Apple က တောင်ကိုရီးယား
Samsung ကုမ္မဏီမှ ကူးချထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြား ဆွဲချက်ပေါင်း ၅ ခုနဲ့ အထက် ပါဝင်ပြီး iPhone တင်မကပဲ iPad, iPod တို့လည်းပါဝင်ပါတယ်။

Samsung Galaxy Tab 10.1 ကိုတော့ အမေရိကန်မှာ ရောင်းချခွင့် ပြန် လည် ပေးစွမ်းခဲ့ပြီး ဖြစ်ပါတယ်။ 10.1 Tablet ဟာ Apple ရဲ့ နည်းပညာနဲ့ ညှိစွန်းမှု မရှိဘူးလို့ အမေရိကန် တရားရုံးက ဆုံးဖြတ်လို့ ပြန် လည် ရောင်းချ ခွင့် ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန် တရားရုံး မှာ Samsung တို့ တစ်ကြိမ်ရှံးနိမ့်ခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည်ရောင်းချခွင့်ပေးလိုက်ခြင်းနဲ့အတင် စွဲချက်အသစ်ကိုပါ Samsung မှ ထုတ်ပြန်ခဲ့ပါတယ်။ Samsung မှ ပိုင်ဆိုင်သော မိုဘိုင်း broadband standards ၂ ခု သို့မဟုတ် အခြား ၆ခုကို Apple မှ ကူးချထားတယ်လို့ စွဲချက် တင်ထားပါတယ်။

Apple က အကြောင်းမပြန်သေးပေမယ့် Samsung ရဲ့ စွဲချက်ကတော့ နာမည်ကြီး သတင်း ဖြစ်နေပါတယ်။
-----
Ref: zdnet.
Aung Kham (TSJ team)

By TechSpace Journal

No comments:

Post a Comment