မြန်မာနိုင်ငံ သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်းလိုက်ပါပြီ။ ဒီအကြောင်း အသိပေး ရှင်းလင်းပွဲကို သောကြာနေ့က ရန်ကုန်မြို့ Parkroyal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
သဘင်သမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီ
ချစ်ဦးညို (စာရေးဆရာ) - ဥက္ကဋ္ဌ
ဦးနန်းဝင်း (ဇာတ်မင်းသား) - ဒုဥက္ကဋ္ဌ
ဒါရိုက်တာ မောင်သီ - ဒုဥက္ကဋ္ဌ
ဦးသိန်းဇော် (ဇာတ်မင်းသား) - အတွင်းရေးမှူး
ဇာတ်မင်းသားဖိုးချစ် - တွဲဖက်အတွင်းရေးမှူး
ဒေါ်မမနိုင် (ရုပ်သေးပညာရှင်) - တွဲဖက်အတွင်းရေးမှူး
မြန်မာ့သဘင်သမဂ္ဂမှာ ပါဝင်မယ့် အလွှာများ
မင်းသား၊ မင်းသမီး
လူရွှင်တော်
မြန်မာ့ရိုးရာဆိုင်း
ရုပ်သေးရုပ်စုံ
ဆပ်ကပ်၊ မျက်လှည့်ပညာရှင်များ
စာရေးဆရာ
ဒါရိုက်တာ
ဇာတ်ပို့
ခေတ်ပေါ်ဂီတ
မင်္ဂလာဘိသေက
ဒေ၀ါဗလိ
အခြေခံသဘင်လုပ်သား (မီး၊အသံ၊ဆက်တင်၊ပန်းချီ)
တည်ထောင်သူ
မန်နေဂျာ
စီမံအုပ်ချုပ်သူများ
သမဂ္ဂဟာ မြန်မာသဘင်အစည်းအရုံးထဲမှာ ပါဝင်ခွင့် မရရှိတဲ့ သူတွေ စုစည်းပါဝင်မယ့် အဖွဲ့ ဖြစ်လာပါမယ် တဲ့။
ဒီအခမ်းအနားကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးလည်း တက်ရောက်ခဲ့ပါတယ်။
By Irrawaddy

No comments:
Post a Comment