Tuesday 2 October 2012

ရခိုင်လူငယ်များ ပညာရေး အလေးပေးရန် ဦးအေးသာအောင် တိုက်တွန်း


နိုင်ငံတကာတွင်ရောက်ရှိနေသော ရခိုင်တိုင်းရင်းသား လူလတ်ပိုင်း လူငယ်များအနေဖြင့် ပညာရေးကို အလေးပေး သင်ယူကြပြီး တက်ထားသော ပညာများဖြင့် ရခိုင်အသိုင်းအ၀ိုင်းကို
တက်နိုင်သလောက် အကျိုးပြုကြရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က နယူးယောက်မြို့တွင် ရခိုင်မိသားစုများနှင့် တွေ့ဆုံစဉ် ယင်းသို့ တိုက်တွန်း ပြောကြားလိုက်ကြောင်း Arakan times တွင် ဖော်ပြသည်။

ယနေ့မြန်မာနိုင်ငံသည် အလှည့်အပြောင်းကာလတစ်ခုကို ရောက်နေသော်လည်း တိုင်းရင်းသားတို့၏ ရပိုင်ခွင့်နှင့် တန်းတူရေးမရှိသေးကြောင်း ၄င်းက ထပ်မံပြောကြားခဲ့သည်။

ပညာရေး အားဖြင့် ရခိုင်ပြည်နယ်သည် မှုလတန်း အလယ်တန်းအဆင့်သို့ တက်ရောက် ပညာသင်ကြားနိုင်မှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ နှိုင်းယှဉ်ပါက ပညာသင်ကြားနိုင်မှု အနိမ့်ဆုံးဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံ
ငွေ အဖွဲ့ (UNICEF) မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr Ramesh Shresthauက နေပြည်တော်တွင် ပြုလုပ်သော ရခိုင် အရေး ကိစ္စ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားကြောင်း ယနေ့ထုတ် 7 Day News တွင်ဖော်ပြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်သည်။

By Rakhine Citizen Journalist

Photo - The Voice Weekly

No comments:

Post a Comment