Tuesday, 2 October 2012
စစ်မုန်းသူများ လက်ခုပ်သံ
လူဆိုတဲ့သတ္တဝါဟာ လွန်စွာမှ ကြောက် ဖို့ကောင်းပါလားရယ်လို့ ကျွန်တော် ခရီး တစ်ခုအသွားမှာ တွေ့မြင်၊ ကြားသိလိုက် ရပါတယ်။ အဲဒီခရီးစဉ်ကတော့..
“ဟဲလို ကိုကျော်ထူးလား”
“ဟုတ်ပါတယ်ခင်ဗျာ၊ အခုပြောနေတာ ဘယ်သူများပါလဲ”
“ကျွန်တော် တေးရေး နိုင်မြန်မာပါ”
“သြော် ကိုနိုင်..ပြောဗျာ၊ ဘာကိစ္စများ ရှိလို့လဲ”
“ဒီလို ကိုကျော်ထူးရေ..ကျိုက်ထို ဘက်မှာပေါ့နော်၊ ဘုန်းကြီးကျောင်းတစ် ကျောင်းရှိတယ်။ ဆရာတော်လည်း တစ်ပါး တည်း၊ အဲဒီကျောင်းမှာ မိဘမဲ့ကလေး ၇ဝဝ လောက်ရှိတယ်ဗျ”
“ကိုနိုင်..ရပြီ၊ ကျွန်တော် သဘော ပေါက်ပြီ။ ဘာလုပ်ပေးရမလဲသာပြောပါ”
ဒီလိုနဲ့ ကျွန်တော်အပါအဝင် စိတ်တူ၊ ကိုယ်တူ လူရွှင်တော် ၃ ယောက်ဖြစ်တဲ့ နောက်တိုး၊ ဇာနည်၊ သာဇံတို့ကိုခေါ်ပြီး ကျိုက်ထိုဘက်ကို ဖျော်ဖြေရေးခရီးထွက်ခဲ့ပါ တယ်။ မှတ်မှတ်ရရ ၁၂.၉.၂ဝ၁၂ ပေါ့။ ပြည့်ပြည့်စုံစုံမရှိတဲ့ ဆရာတော့်ကျောင်းဝင်း ထဲမှာ တစ်တောင်သာသာလောက်ရှိတဲ့ စတိတ်ခုံအသေးစားလေးပေါ်မှာ တီးဝိုင်းမပါ၊ ဆိုင်းမပါ၊ ဗုံမပါ၊ မင်းသမီးမပါနဲ့ တက်သစ်စ မင်းသားလေး’ဝိုင်းမင်းလူ’ ကို အငြိမ့် မင်း သမီး ပုံစံဝတ်ခိုင်းပြီး အငြိမ့်မကျ၊ မြေဝိုင်း မကျ လက်တန်းအငြိမ့်လေးအဖြစ် ဖန်တီးယူလိုက်ပါတယ်။
“ဒီကလေးက လသားအရွယ်ကတည်း က ဆရာတော့်ဆီရောက်တာဆို”
“ဟုတ်တယ် ဒကာကျော်ထူးရေ၊ သူ့ရဲ့ အဖေက တောထဲမှာ လူမှားပြီး ပစ်သတ်ခံ လိုက်ရတယ်။ အဲ..သူ့အမေကျတော့လည်း ဆေးရုံမှာဒီကလေးကိုမီးမဖွားနိုင်တာနဲ့က လေးအသက်ကို ယူလိုက်ရတယ်။ ဒီတော့ မိမဲ့ ဘမဲ့ဖြစ်သွားပြီး ကျုပ်ဆီရောက်လာတော့ တာပါ ပဲ”
“သြော်ဟုတ်လား၊ဒါနဲ့ဆရာတော့်ကျောင်း မှာ ကလေးတွေက အများကြီးပဲနော်”
“ဟုတ်တယ်ဒကာ၊ ၇ဝဝ လောက်ရှိ တယ်။ မိမဲ့ဘမဲ့တွေပေါ့။ လူမျိုးခြားတွေက မွေးစားဖို့ လာတောင်းကြသေးတယ်။ကျုပ်က မပေးဘူး၊ဘာသာရေးတွေ လွဲမှားကုန်မှာ စိုးလို့”
“သူတို့ရဲ့ စားဝတ်နေရေးကျတော့ကော ဘုရား”
“ဒီလိုပဲ ကြံဖန်ပေးနေရတာပေါ့ ဒကာ ရယ်။အခုဒကာတို့ကိုအကူအညီတောင်းရတာ က သူတို့လေးတွေ တဒင်္ဂစိတ်ချမ်းသာစေ ချင် လို့ ပွဲလေးတစ်ပွဲလောက်ကျင်း ပပေးရတာပါ”
“တင်ပါ့..အရှင်ဘုရား၊ ကရင်ရိုးရာ လက်ချည်ဖြူမင်္ဂလာပွဲတော်ဆိုတဲ့ အဓိပ္ပာယ် က ဘာများလည်းဘုရား”
“ဒီလိုလေ..ရပ်ဝေး၊ ရပ်နီးမှာရှိကြတဲ့ မိသားစု၊ ဆွေမျိုးတွေကို စိုက်ပျိုးလို့ပြီးချိန် ရွာလုံးကျွတ် ခိုင်ထူးပွဲ၊အဲ..ဝါခေါင်လ ရောက်တိုင်း ဆုံတွေ့တဲ့ပွဲ၊ ပိုးကရင်ရိုးရာ လက် ချည်ပွဲ။ အဲဒီအဓိပ္ပာယ် သက်ရောက် မှုပေါ့”
စတုတ္ထအကြိမ်မြောက် ကရင်ရိုးရာ လက်ချည်ဖြူမင်္ဂလာပွဲတော်ကို ဦးစီးကျင်းပတဲ့ ဆိပ်ဖူးတောင်ဆရာတော်က ရှင်းပြပါတယ်။
“တာဝန်ရှိတဲ့သူတွေကပြောတယ်၊ ဆရာတော်..တော်ပါတော့၊ နောက်ထပ် လက်မခံပါနဲ့တော့တဲ့။ ကျုပ်ကျောင်းအတွက် အထောက်အပံ့ရတဲ့ခွဲတမ်းက လူ ၂ဝဝ စာပဲ ရှိတယ်။ ဒါပေမဲ့ ကျုပ်ကျောင်းကိုရောက်လာ တဲ့ ကလေးတွေကိုမြင်ရတော့ ကျုပ်ဘယ်လိုလုပ်ငြင်းရက်ပါ့မလဲ။ ကျုပ်သူတို့လေး တွေကို ဘယ်လိုစိတ်နဲ့ ပြန်လွှတ်ရမလဲ။ ဒီ ကလေး တွေရဲ့အကြည့်တွေကို ကျုပ်မခံနိုင်ဘူး။ ဒီတော့ အခုဆိုရင် ကျောင်းမှာ ကလေး ၇ဝဝ လောက်ရှိနေပြီ”
“ဒီတော့ကာ လူမျိုးတစ်မျိုးကိုထိန်းသိမ်း ရာမှာ စာပေနဲ့ထိန်းမှာလား၊ ယဉ်ကျေးမှုနဲ့ ထိန်းမှာလား။ စာပေက လူမျိုးရဲ့အသက်သွေး ကြောဖြစ်ပြီး ယဉ်ကျေးမှုဟာလည်း လူမျိုးရဲ့ အဆင်တန်ဆာမျှသာဖြစ်တယ်”လို့ဆိပ်ဖူးတောင် ဆရာတော်ကဆက်လက်အမိန့်ရှိပါတယ်။ ဒီလိုနဲ့ ညနေပိုင်းရေမိုးချိုးပြီး ခေတ္တ ခဏအနားယူကြတာပေါ့။ အဲဒီမှာတင် ကျွန်တော့်ခေါင်းထဲကို အတွေးတစ်ခု ဝင် ရောက်လာပါတယ်။ အဲဒါကလည်း ဆရာ တော်ရဲ့စကား၊ ကလေးတွေရဲ့မျက်နှာတွေပါ။ စဉ်းစားကြည့် ဗျာ၊ လူ တစ်ယောက်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး။ မိုးပေါ်ကအပ်တစ်စင်း၊ လူ့ ပြည်ကအပ် တစ်စင်းပစ်ချလို့ အပ်ဖျားချင်းသာ ထိချင်ထိသွားမယ်။ လူတစ်ယောက်ဖြစ်ဖို့က မလွယ် ပါဘူးတဲ့။အဲဒီလောက်အထိ လူတစ်ယောက်ဖြစ် ဖို့ခက်ခဲတာ။ အဲဒါနဲ့များ ဘာဖြစ်လို့ လူတစ် ဦးတစ်ယောက်၊ အစုလိုက်အပြုံလိုက် လွယ် လင့်တကူ ကြက်လေး၊ ငှက်ေ လးပမာ သတ် ဖြတ်နေကြရတာလဲ။ တွက်ကြည့်လေ.. ဘုရားတည်တာ၊ ဘုရားထီးတော်တင်တာဘယ်သူတွေလဲ…လူတွေပဲမဟုတ်လား။ ဟုတ်ပြီ၊ အဲဒီ ဘုရား၊ စေတီ ဌာပနာဖောက် တာ၊ ဘုရားစိန်ဖူးတော်တက်ဖြုတ်တာလည်း လူတွေပဲမဟုတ်လား။ အလှူရေစက်ချ၊ အမျှ အတန်းပေးဝေ၊ သာဓုတွေခေါ် အဲဒါတွေက လည်း လူတွေပဲ မဟုတ်လားဗျာ။
ဟော..ရွာတွေမီးရှို့၊ လူတွေသတ်၊ ကလေး၊လူကြီးတွေ ထွက်ပြေးကြ၊ အမိမဲ့ အဖ မဲ့တွေဖြစ်။အရွယ်လေးရောက်ပြန်တော့ လည်းမတရားကျင့်တာခံရနဲ့။ အဲဒါတွေ အား လုံးဟာ လူတွေပဲလုပ်ဆောင်နေကြတာပါ။
“ကိုကျော်ထူး..ဒီကဗျာလေး ဖတ် ကြည့်ပါဦး”
“ဟုတ်ကဲ့၊ ဘာတဲ့..မြေစာပင်ဆိုပါ လား”
“တစ်ပြည်ထောင်တည်းသား စစ်စစ် တွေဖြစ်ကြပါလျက် တစ်ဖက်နဲ့တစ်ဖက် လက် နက်တွေအားကိုးနဲ့ထိုးစစ်ဆင်နေကြလေရဲ့။
ညီအစ်ကိုနောင်ရင်း အချင်းချင်းတွေ ဖြစ်ပါလျက် ဘယ်သူ့စနက်နဲ့ အခုထိအောင် ညှိမရ၊ ပြုမရ၊ ဘယ်ဘက်ကမှမလျှော့ကြ။ သံသယတွေ၊ အာဃာတတွေနဲ့၊ မာနတွေ နဲ့ ဖောက်ခွဲ၊ စစ်ပွဲတွေတခြိမ်းခြိမ်း။ ဗုံးသံ၊ အမြောက်သံတွေ တဒိန်းဒိန်းနဲ့ ဒီစစ်ပွဲတွေမှာဘယ်သူကနိုင်လို့၊ ဘယ်သူရှုံးသွားလဲ ငါတို့ လည်းမသိရ၊ ကြာပဲကြာလှပါပကော။
ငါတို့မှာသာ ကရင်စစ်သားလာလည်း ကြောက်ရ၊ ဗမာစစ်သားလာလည်း ကြောက် ရ၊ ကချင်စစ်သားလာလည်း ကြောက်ရ။ ပြေးကြ၊လွှားကြ၊ပုန်းကြ ၊ ရှောင်ကြနဲ့ နောက် ဆုံး တော့ ရွာပျက်စစ်တလင်းကုန်းနဲ့မိဘမဲ့ကလေး တွေသာမြေစာပင်အဖြစ်နဲ့စားရမဲ့မဲ့၊ သောက် ရမဲ့မဲ့နဲ့ ကျန်နေရစ်ခဲ့ကြရှာပေါ့” တဲ့။ကိုနိုင်မြန်မာရေးထားတဲ့ ကဗျာလေးကို သံနေသံထားနဲ့ ဖတ်နေရင်းက ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ဝေဒနာတစ်မျိုးကို ခံစားလိုက်ရတယ်။ ရောက်ရောက်ချင်း ကျွန် တော်တို့ကိုလာကြိုနေတဲ့ ကလေးတွေရဲ့ မျက်နှာလေးတွေက လန်းဆန်းတက်ကြွလို့နေပါတယ်။ အဲ..နောက်တစ်နေ့မနက် စောစောထပြန်ချိန်မှာတော့ အမှတ်မထင် ပြန်ကြည့်လိုက်မိပါတယ်။ လုံးဝကို မလန်းတဲ့မျက်နှာ၊ သိမ်ငယ်နေ တဲ့မျက်နှာ၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ မျက်နှာလေးတွေနဲ့၊ ပြီးတော့ သူတို့လေးတွေ ရဲ့ လက်ခုပ်သံတွေ။ သူတို့လေးတွေရဲ့ ရင်ထဲ မှာ ဘယ်လိုဖော်ညွှန်းပြီး တီးနေတယ်ဆိုတာ ကို မသိရပေမယ့်ကျွန်တော့်ရင်ထဲမှာတော့ စစ်ကိုမုန်းတဲ့ လက်ခုပ်သံများသာဖြစ်နေမယ် လို့ ထင်မိပါတယ်။ လူဆိုတာဟာ တရားကို လည်းသိတယ်၊ အမှားကိုလည်းသိတယ်။ ဒါပေမဲ့ တရားသင်ဖို့ခက်သလို အမှားကို ပြင်ဖို့မှာလည်း ရှက်တတ်ကြပါ တယ်။ ကနေ့၊ အခု သင်ပြု လုပ်ဆောင်ရွက်မှုများဟာ နောင်ဘဝအတွက် ‘ကြိုပွိုင့်’သာဖြစ်ပါ တယ်လို့…ကျွန်တော်တို့ခေတ်မှာ မလှခဲ့ရင်တောင် မှကလေးတွေခေတ်မှာတော့ လှစေချင် တယ်။ကျွ န်တော်တို့ခေတ်မှာ ဆုံးရှုံးခဲ့ရတာ တွေအားလုံးကလေးတွေခေတ်မှာ ပြန် ရစေချင်တယ်။
ကျော်ထူး
By Popular Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment