Saturday 13 October 2012

KNU ခေါင်းဆောင်တဦး ရန်ကုန်မှာ ကွယ်လွန်


ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထော ဒီနေ့ မွန်းလွဲပိုင်း မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၇၀ ၀န်းကျင် ရှိပါပြီ။

ပဒိုဒေးဗစ်ထောဟာ KNU ဗဟိုတရားရေးဌာန တာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါတယ်။

သူနဲ့ တခြား ခေါင်းဆောင် နှစ်ဦးကို ရာထူးက ရပ်စဲကြောင်း KNU ရဲ့ ကြေညာချက် မကြာသေးခင်က ပေါ်ထွက်လာပါသေးတယ်။ ဘားအံမြို့ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်ပြီး KNU မှာ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်အပြီး အဲဒီ ကြေညာချက် ထွက်ပေါ်ခဲ့တာပါ။ ဒီသဘောထားကွဲပြားမှုတွေကို ပြေလည်အောင် တိုင်ပင်ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် ကို လက်လွှတ်ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။ ပြီးခဲ့သည့် နှစ်များအတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ် စောဘိုမြကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်းတို့နှင့်အတူ KNU၏ ထိန်းချုပ် နယ်မြေ အများအပြား ဆုံးရှုံးခြင်း၊ အောက်ခြေတပ်တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ KNU သည် ပြည်ပရောက် အတိုက်အခံများနှင့် ရင်းနှီးမှုအရှိဆုံးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ ဖြစ်သည်။ ဖဒိုဒေးဗစ်ထောသည် ယခင်က KNU၏ နိုင်ငံခြားရေး တာဝန်ခံ အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူဖြစ်သည်။

By Irrawaddy

No comments:

Post a Comment