Saturday 13 October 2012

စစ်တွေတွင် ဟိန္ဒူများကို ဘင်္ဂလီမူဆလင်များအကြမ်းဖက်


ယနေ့ညနေ ၈နာရီခန့်တွင် ဟိန္ဒူများကို စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်
(အင်ပါလာ ရပ်ကွက်)မှ ဘင်္ဂလီမူဆလင်များ
က အကြမ်းဖက်ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့ထဲရှိ ဈေးဆိုင်များတွင် ၀င်ရောက်လုပ်ကိုင်နေကြသော ဟိန္ဒူများသည် အလုပ်မှအပြန် အောင်မင်္ဂလာရပ်ကွက်ရှိ အင်ဘာလာလမ်းမှ ဖြတ်သန်းသွားကြရာတွင် ယင်းအောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂလီမူဆလင်များက လမ်းမထဲသို့ထွက်လာကာ ယင်းဟိန္ဒူများအား ဓါးဖြင့်လိုက်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။

"ကျနော်ထင်တာတော့ ဒီကနေ့ အလွှာပေါင်းစုံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဟိန္ဒူတွေ၊ မရာမာတွေ ပါဝင်လာတာကို မကျေနပ်လို့ အခုလို အကြမ်းဖက်တာလို့ထင်ပါတယ်။ ခုတော့ စစ်တပ်နဲ့ လုံထိန်းရဲတွေ ရောက်နေကြပြီး အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ အဲဒီဘင်္ဂလီရပ်ကွက်ထဲကို စစ်တပ်ကားတွေ ၀င်သွားတာလည်း တွေ့ပါတယ်။"ဟု စစ်တွေမြို့မှ မရာမာ လူငယ်တစ်ဦးက ပြောသည်။

ယင်းဘင်္ဂလီများသည် ဟိန္ဒူများအား ဓါးဖြင့် လိုက်ခုတ်ယင်း မောလိပ်ရပ်ကွက် ရေတွင်းလမ်းတစ်လျှောက် ချီတက်လာခဲ့ရာ၊ ယခုအချိန်တွင် နှစ်ဘက်အခြေအနေ တင်းမာလျက်ရှိပြီး စစ်တပ်က နှစ်ဘက်ကြားတွင် နေရာယူထားကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် ဇွန်လမှစ၍ ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းများကြောင့် နိုင်ငံတော်အစိုးရမှ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး၊ ယခုအခါ အခြေအနေများ တည်ငြိမ်နေပြီဆိုသည့်အတွက် ယင်း ပုဒ်မ-၁၄၄ အမိန့်ကို ည ၁၀နာရီမှ မနက် ၄နာရီထိလျှော့ချ ထားလိုက်ပြီ ဖြစ်သော်လည်း ဘင်္ဂလီမူဆလင်များမှာ ပဓိပက္ခများကို ထပ်မံဖန်တီးနေကြောင်း ဒေသခံများက ဆိုသည်။

By Arakan Times

No comments:

Post a Comment