Monday 22 October 2012

မင်းပြားမြို့ မီးရှို့တိုက်ခိုက်မူနှင့် နောက်ဆုံး အခြေအနေ


ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယမန်နေ့ ညနေပိုင်းမှ စတင်ပြီး မတည်ငြိမ်မူ ဖြစ်ပွားရာ အိမ်မီးရှို့မူများ ပေါ်ပေါက်ခဲ့ကြောင်း သတင်း ရရှိသည်။

စုစုပေါင်း ပိုက်သည်ရွာမှ မွတ်ဆလင် အိမ် ၁၈ ဆောင် မီးထဲပါသွားသည်ဟု မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးသာကျော်က ပြောသည်။

“ ပိုက်သည်ရွာက အိမ် ၁၈ ဆောင် မီးထဲပါသွားပါတယ်။ ဖြစ်တာက ညနေ ၉ နာရီခန့်မှာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း အရက်သောက် ရန်ဖြစ်ရာကနေ ရခိုင် တစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်ရာကနေ စဖြစ်တာ ဖြစ်ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

ဂျင်ဂလိဖြင့် အပစ်ခံရသူမှာ ပိုက်သည်ရပ်နှင့် ကပ်ပြီး တည်ရှိသော ကင်းဆိပ်ကျေးရွာမှ ဦးစံသိန်း (၄၇ နှစ်) ဖြစ်ကြောင်း သူက ပြောသည်။

“ ဦးစံသိန်းဂျင်ဂလိနဲ့ အပစ်ခံရတော့ ရခိုင်တွေဘက်က လူတွေစုပြုံလိုက်သွားတော့ အဲဒီမှာ ပြဿနာ စဖြစ်တယ်။ အဲဒီ မွတ်ဆလင်တွေက သူတို့အိမ်တွေကို စမီးရှို့တော့ မီးက ရွာထဲကနေ ထတောက်လောင် ပါတယ်” ဟု ဦးသာကျော်က ပြောသည်။

ဦးသာကျော်မှ ပြဿနာကို ပိုမိုကြီးထွားအောင်နှင့် ဒုက္ခသည် အဖြစ် စာရင်သွင်းကာ အကူအညီ ရယူလိုသဖြင့် ယခုကဲ့သို့ ပြုလုပ်ပုံရသည်ဟု ပြောကြားသည်။

မွတ်ဆလင်များဘက်မှ အမြင်ကို အဆက်အသွယ် မရရှိသဖြင့် မေးမြန်းနိုင်ခြင်း မရှိပါ။ ရဲစခန်းသို့ ဆက်သွယ်သော်လည်း ယခု အချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

အခင်း ဖြစ်ပွားနေစဉ် စစ်တပ် ရောက်ရှိလာပြီး ရခိုင် ၁၅ ဦးခန့်ကို ဖမ်းဆီးပြီး အခြေအနေကို တည် ငြိမ်အောင် ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဖမ်းဆီးခံရသူများကို မင်းပြားလူထုက ၀ိုင်းဝန်း တောင်းဆိုသဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခုအခါ မင်းပြားမြို့ပေါ် အခြေအနေမှာ တည်ငြိမ်နေသော်လည်း နယ်များတွင် အခြေအနေများ အထူး ဆိုးရွားနေသည်ဟု သိရသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အနီးရှိ သရက်အုပ် မွတ်ဆလင်ကျေးရွာလည်း မီးရှို့ခံရပြီး မြောက်ဦးမြို့နယ် ပုရိန်တွင်လည်း ပုရိန် ရခိုင်ရွာနှင့် မွတ်ဆလင်ရွာ အကြား တိုက်ခိုက်မူများ ပေါ်ပေါက်နေသည်ဟု သိရသည်။

တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်နေပြီး အသေးစိတ် အခြေအနေကို သိရှိနိုင်ခြင်း မရှိသေးပါ။ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ငြိမ်သက်အောင် ထိန်းသိမ်းနေကြောင်း သိရသည်။

By နိရဉ္စရာ

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

1 comment:

  1. ပညာ(အရှင်)23 October 2012 at 08:01

    စာ အထားအသို မသေချာမှုကြောင့် မနည်း မရှင်းမလင်း ဖြစ်ကာ မျက်စိ လည်သွားသေးသည်။ ဖြစ်သင့်ပုံမှာ (ပြဿနာကို ပိုမိုကြီးထွားအောင်နှင့် ဒုက္ခသည်အဖြစ် စာရင်းသွင်းကာ အကူအညီ ရယူလိုသဖြင့် ယခုကဲ့သို့ ပြုလုပ်ပုံရသည်ဟု ဦးသာကျော်မှ ပြောကြားသည်။) ဟု ရေးသားလျှင် ချက်ချင်းပင် စာဖတ်သူအား သဘောပေါက် နားလည်မှုရှိစေပါမည်။

    ReplyDelete