Monday 22 October 2012

မြောက်ဦးတွင် ဘင်္ဂလီများသို.ဆန်တင်ပို.မှု ပြသာနာဖြစ်ပွားရာမှ ရခိုင်တိုင်းရင်းသားတဦးသေဆုံး


မြောက်ဦးမြို.မှာအောက်တိုဘာလ၂၁ရက်နေ.ည၉း၁၀အချိန်မှာဘင်္ဂလီများနေထိုင်ရာ
ဘူးသီတောင်မှတဆင့်ဘင်္ဂလားဒေရှ်ဘက်သို.ဆန်တင်ပို.နေသည့်ရခိုင်တိုင်းရင်းသားပိုင်ဆန်စက်တခုအား

...မြို.သူမြို.သားများဝိုင်းဝန်းလာရာမှ ပဋိပက္ခဖြစ်ပွားပြီး
ဆန်စက်ပိုင်ရှင်ရခိုင်တိုင်းရင်း သားတဦးသေဆုံးခဲ့တယ်လို. သိရှိရပါတယ်…..
သေဆုံးသူမှာ ဇွဲ ဆန်စက်ပိုင်ရှင် ဦးဇော်ထွန်းရွှေ ဆိုသူဖြစ်ပြီး
ဘင်္ဂလီအများစုနေထိုင်ရာ ဘူးသီတောင်မြို.သို. ဆန်တင်ပို.ရောင်းချရန်အတွက်
ဘုတ်ပေါ်သို. ဆန်တင်နေစဉ်
လူထုမှဝိုင်းအုံလာခဲ့ပြီးပဋိပက္ခဖြစ်ပွားမှုမှစတင်ကာ မြို.သူမြို.သား
၁၀၀၀ကျော်ဝိုင်းလာရာမှ ယခုကဲ့သို. သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း
မြောက်ဦးမြို. စစ်ဖက်ဆိုင်ရာလုံခြုံရေးဌါနမှ တာဝန်ရှိသူတဦးက
ပြောကြားခဲ့ပါတယ်..
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် အချိန်များမှ စတင်ပြီး
နောက်ဆက်တွဲပြသာနာများ မဖြစ်ပွားစေရန်အတွက် လူမျိုးခြားများနှင့်
စီးပွားရေးတွဲဖက်မလုပ်ကြရန်အတွက် ရဟန်းတော်များ စည်းကမ်း ထိန်းသိမ်းရေး
နှင့် ကူညီရေးအသင်းမှ ရခိုင်ပြည်သူများသို. အသိပေးကြေငြာချက်များ
ထုတ်ခဲ့ပီးနောက်ပိုင်း ယခုဖြစ်ရပ်သည် ရခိုင်တိုင်းရင်းသားများအတွင်း
သေဆုံးခဲ့ရသည်အထိ ကြီးမားခဲ့သည့် ဖြစ်ရပ်တခုဖြစ်ကြောင်း သိရသည်..
ပဋိပက္ခဖြစ်ပွားချိန်တွင် အနီးအနားတွင် စစ်တပ်မှ တပ်မတော်သားအနည်းငယ်သာ
ရှိသည်.အပြင် ၄င်းတို.၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်
ဝင်ရောက်ထိမ်းသိမ်းနိုင်သည့် အာဏာ မရှိသည့် အတွက် ယခုကဲ့သို.
သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း၊တာဝန်ရှိသူများရောက်ရှိလာမှ
သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့သော်လည်း နောက်ကျခဲ့ကြောင်း နှင့်
ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအနေဖြင့် မည်သို.
စစ်ဆေးအရေးယူမည်ကို မသိရှိရသေးကြောင်း မြောက်ဦးမြို. နယ်မြေခံ
တပ်ရင်းတခု မှ တပ်မတော်သားတဦးမှ ပြောကြားခဲ့ပါတယ်.
အရင်တုန်းကတော့ ဆန်စက်အများစုကတော့ သက်ဆိုင်ရာနဲ့ နားလည်မှုတွေ ယူပြီး
မှောင်ခိုလုပ်နေကြတာတွေရှိနေကြတာဘဲ၊ဒီလိုအချိန်မှာတော့ မလုပ်သင့်ကြဘူးလေ၊
အခုလို အချင်းချင်း ပြသာနာတွေ၊ပဋိပက္ခတွေဖြစ်နိုင်တဲ့အတွက် ကြိုတင်ပြီး
သတိပေးတားမြစ်ချက်တွေ ထုတ်ပြန်ထားခဲ့တယ်၊ စည်းကမ်းမလိုက်နာတဲ့အတွက်
တချို.တွေကို အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ခုလိုထိ ဖြစ်ပွားတာကတော့
ဦးဇင်းတို.အနေနဲ့ သေချာစုံစမ်းမှုတွေပြုလုပ်သွားမှာပါ မြောက်ဦးမြို.မှ
ဒေသခံ ရဟန်းတော်တပါး မှ မိန်.ကြားခဲ့ပါတယ်..

(စစ်တွေမြို့က ဖိုးသီဟ ပေးပို့တဲ့ သတင်းပါ။ ၂၁ ၊ အောက်တိုဘာ၊ ည ၁၁း၄၀ နာရီ)

By အင်တာနတ်

Posted by : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment