Monday 22 October 2012

အိုကီနာဝါ ကျွန်းအနီး မီးလောင်မှု ဖြစ်ပွားခဲ့သော တရုတ်သင်္ဘောမှ သင်္ဘောသား ၆၄ ဦးကို ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ ကယ်တင်


Monday, 22 October 2012 03:04

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အလွန်ရှိ ပင်လယ် အတွင်း၌ အောက်တိုဘာ ၂ဝ ရက်ညနေ ပိုင်းက တရုတ် ကုန်တင် သင်္ဘော
တစ်စင်းမီးလောင် မှု ဖြစ်ပွားခဲ့ ရာအဆိုပါ သင်္ဘောမှ သင်္ဘောသား ၆၄ ဦးအား ဂျပန် ကမ်း ခြေစောင့် တပ်ဖွဲ့ဝင် များက ကယ်တင် နိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးမှ တာဝန်ရှိသူ တစ် ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြား ခဲ့သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော ကုန်တင် သင်္ဘော ပဲ့ပိုင်းမှ မီးခိုးများအား အောက်တိုဘာ ၂ဝ ရက် ညပိုင်းတွင် လှမ်းမြင်ခဲ့ ရကြောင်း အိုကီနာဝါ စီရင်စုနယ် နာဟာ မြို့ရှိ ကမ်းခြေစောင့် တပ်ဖွဲ့ ဌာနချုပ် အမှတ်(၁၁)၏ ထုတ်ဖော် ပြောကြား ချက် အရ သိရသည်။

ထို့နောက် ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့သည် မီးလောင်မှု သတင်းကို ရလျှင်ရချင်း အခင်းဖြစ်ပွားရာ နေရာသို့ ရဟတ်ယာဉ် တစ်စင်းနှင့် ကင်းလှည့် သင်္ဘော များ စေလွှတ် ခဲ့ပြီး သင်္ဘောသား အားလုံးကို အောက်တို ဘာ ၂၁ ရက် နံနက် ပိုင်းက ကယ်တင် နိုင်ခဲ့သည်။

အဆိုပါ သင်္ဘောသား ၆၄ ဦး အနက် သုံးဦးသည် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ကြောင်း ကျိုဒိုသတင်း ဌာန၏ ဖော်ပြချက် အရသိရသည်။

http://www.taipeitimes.com/News/world/archives/2012/10/22/2003545821

By Myanmar Navy

Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC)

No comments:

Post a Comment